ကိုမျိုးကျော့ရဲ့ "အဝေးကြီးပဲ" သီချင်းက Rap & Roll (Virus-3) အခွေထဲကတစ်ပုဒ်...။ 1994 အဲခေတ်က တိတ်ခွေခေတ်ပဲရှိသေးတော့ အခွေလို့ပဲသုံးလိုက်တယ် အယ်လ်ဘမ်တွေဘာတွေပြောလို့မရသေးဘူး...။ အဲတုန်းက အဲသီချင်းလေးနားထောင်ပြီး စိတ်ကူးယဉ်လို့ကောင်းတဲ့အရွယ်ပေါ့....။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ စောင့်နေတဲ့အချိန် သင်တန်းတွေ လျှောက်တက်နေရတဲ့အချိန် အပူအပင်ကင်းမဲ့နေတဲ့အချိန်တွေပေါ့...။
ကြိုက်တယ် အဲသီချင်းလဲ ကျနော်က ကိုယ်ကြိုက်တဲ့သီချင်းဆို မျက်စိမှိတ်နားထောင်ရင်း စိတ်ကူးထဲ အဲသီင်းနဲ့ လိုက်ဖက်မယ့် MV လေးကို အမြဲစိတ်ကူးမြင်ယောင်လေ့ရှိတယ်...။ တကယ်တမ်း ဒီသီချင်းကို MV အတွက် အဲဖက်ခေတ်က ဘာမှမရိုက်ထားကြပေမယ့် နောက်ပိုင်းပရိတ်သတ်တွေပဲ သူတို့ဘာသာ စာသားထည့် အရုပ်ထည့်ပြီးတင်ကြတာရယ် ကိုမျိုးကျော့ live show တွေမှာဆိုတာတွေရယ်ပဲတင်ထားကြတာ မူရင်းကတော့ Audio only ပဲတွေ့တယ်...။
No comments:
Post a Comment