ဒီသီချင်းကို ကျတော်တို့ ငယ်ငယ် ချာတိတ်ကတည်းက နားထောင်ခဲ့ဖူးတဲ့ တာရာရဲ့ "ပုလဲသီတစ်ကွဲစီ"အခွေထဲကလို့မှတ်မိတယ်....။ ပြောမယ်ဆို ကျနော်တကယ့်ကလေးဘဝထဲက ဂီတကိုနှစ်သက်မြတ်နိုးခဲ့ဖူးတာပဲ..ခုအချိန်ခုအရွယ်အထိ ကျနော် သီချင်းတွေကို ခေတ်နဲ့အညီ လိုက်နိုင်သလောက်နားထောင်ဖြစ်နေတယ် ကျနော်မသိ နားမထောင်ဖူးတဲ့ အသစ်တွေလည်း အများကြီးရှိမှာပါ....။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ကိုယ့်ခေတ် ကိုယ့်အခါက သီချင်းကိုတော့ ဒီနေ့ထိမေ့မရ နားထောင်နေတာ စွဲလန်းနေတာကလည်း သီချင်းတွေကို ရူးသွပ်လွန်းလို့လည်းပါတယ်...။ တစ်ခါက ကျနော့် မိတ်ဆွေတစ်ယောက် ကျနော့်ကို " သီချင်းရယ် ကော်ဖီရယ် ဖုန်းရယ် အဲသုံးမျိုးထဲကဆို ခင်ဗျားဘာရွေးမလဲ"လို့ မေးဖူးတယ်လေ...။ အဲတုန်းက ကျနော်က သီချင်းကိုရွေးလိုက်တော့ သူအံ့အားသင့်သွားတယ်....။
သူက " အင်း ကောင်းသားပဲ ကော်ဖီမသောက်ရလဲ နွားနို့သောက်လို့ရတာပဲ သီချင်းနားမထောင်ဘဲဘာမှလုပ်လို့မရဘူး ခင်ဗျားရွေးတာမိုက်သားပဲ"တဲ့ ...."ဖုန်းကိုမရွေးတာတော့ လေးစားစရာပဲ"လို့ ကျနော့်ကိုမှတ်ချက်ချဖူးတယ်...။ ပြီးတော့ပြောသေးတယ် "ခင်ဗျားက နှစ်ဆယ်ရာစုကို ပိုစွဲလန်းတယ်လို့ ပြောလို့ရလား? "တဲ့....။ တကယ်တော့ ဖုန်းတို့ အင်တာနက်တို့မရှိတဲ့ခေတ်ကလည်း သူ့ဘာသာသူ ကောင်းကျိုးဆိုးကျိုးရှိသလို အခု ခေတ်နည်းပညာထွန်းကားလာတော့လည်း ဆိုးကျိုးကောင်းကျိုးရှိတာခြင်းတူတူပါပဲ...။
တာရာရဲ့ ပုလဲသီတစ်ကွဲဆီ သီချင်းနားထောင်ဖူးတုန်းက ကျနော်ကဆယ်တန်းအောင်ခါစ မြီးကောင်ပေါက်အရွယ်ပဲရှိသေး....စွဲစွဲလန်းလန်းကိုနားထောင်ခဲ့ဖူးတာပေါ့...။ ဒီသီချင်းက "R ဇာနည်"ကို အဆိုရှင်တစ်ယောက်အဖြစ် ပရိတ်သတ်တွေ မှတ်မှတ်ထင်ထင်ရှိခဲ့တဲ့ သီချင်းလည်းဟုတ်တယ်....။ အခုက ကျနော် ကိုမျိုးကျော့ပြန်ဆိုတာလေး သဘောကျလို့ လာတင်ထားတာ.... မူရင်းသီချင်းရဲ့ music instrument အတီးနဲ့ ဒီဖက်ခေတ် music arrangement ကဘာမှမဆိုင်တော့ဘူးလေ...။ အဲတော့ အရသာခြင်းတော့ နားထောင်ရတာကွာတယ်....။ တခြား တာရာဆိုထားတဲ့ "တမ်းတခွင့်ပြုပါ(ပုလဲသီတစ်ကွဲစီ)" "အသည်းကွဲညနေခင်းများ" "အစဉ်အမြဲ" "ဂန္ဓဝင်ဆည်းဆာ" သူတို့ခေတ်တုန်းက တာရာနဲ့ ကိုငှက်ကြီးတို့က အသံ color တော်တော်ဆင်တူကြတယ်...။ ဒါပေမယ့် စတိုင်လ်တော့ကွာပါတယ်...။
တေးရေး ကလိုမှုးရေးထားပြီး တာရာဆိုထားတဲ့ ရင်ခွင်သစ်
No comments:
Post a Comment