အွန်လိုင်းမှာ ကလေးတွေ ခေတ်စားနေကြတာ အရုပ်ကလေးတွေ blind box ဖောက်တယ်ခေါ်ကြတာလား ကိုယ်ဝယ်လာတဲ့ ဗူးထဲက ဘာအရုပ်ဖြစ်မလဲ ဘာအရောင်ကြမလဲဆိုတာ ဖောက်ကြည့်ရတာ ဈေးကလည်း အသေကြီးတာရော အဲအရုပ်တွေက သူတို့ကလေးတွေ ဂိမ်းဆော့တဲ့ထဲက ဇာတ်ကောင်လေးတွေဖြစ်မယ်ထင်တယ် ဒီအရုပ်လေးက ကျနော် ပစ္စည်းတစ်ခုဝယ်လို့ လက်ဆောင်ထည့်ပေးလို့ရတဲ့အရုပ် သော့ချိတ်ကလေး တကယ်က ကျနော်အဝါရောင်မကြိုက်ဘူး ဒါမယ့်အရုပ်လေးရဲ့မျက်လုံးလေးကလှလိုက်တာလို့ သနားကမားရုပ်ကလေး ငိုနေတာထင်တယ် မျက်ရည်လုံးကလေးပါတာ...။ ခုနောက်ဆုံးထွက်တာက skull panda series ထဲက You found me series အရုပ်လေးတွေအကုန်လှတယ် အဲထဲက မျက်နှာမဲမဲနဲ့ အဖြူရောင်လေးကိုကြိုက်လို့ မှာထားသေးတယ် ...။ ကျနော်က blind box မဖောက်ချင်လို့ အရောင်ရွေးယူလို့ 210000/- ကျပါတယ်...။ ပုံမှာ အရုပ်မရွေး ကျတာယူဆို တစ်ရုပ်ကို 190000/- ကျတယ်...။ အမလေး အခုသာ ကျနော် ကလေးဘဝပြန်ရောက်ရင် ကုန်လိုက်မယ့် ပိုက်ဆံတွေ....။ သဌေးအိမ်မှာလူသွားဖြစ်မှ တော်ခါကျတော့မယ်....။ ကျနော်အခုဝယ်တဲ့ စီးရီးထဲမှာ အရုပ်ဆယ်ရုပ်ပါတယ် တကယ်တမ်းမကြိုက်တဲ့အရုပ်က မြေပဲမတစ်ရုပ်ပဲရှိတာ... မှာထားတာရမှာ ပြန်လာပြမယ် အဲခါကျမှ ဆယ်ရုပ်စလုံးရဲ့ပုံနဲ့ နာမည်လေးတွေပါတင်ပေးမယ်...။
ကျနော်တို့ ရန်ကင်းမှာ ကော်ဖီဆိုင်ကောင်းကောင်းတွေ အတော်များတာကိုး....။ ဒီဆိုင်လေးက ချောင်ထဲမှာ အတွင်းဒီဇိုင်က အဟောင်းပုံလေးလုပ်ထားတယ် ကော်ဖီစေ့ကောင်းတယ် မုန့်လည်းမဆိုးဘူး ထိုင်လို့ကောင်းတယ် ချောင်းကလေးဘေးနားမှာ Golden City ရှေ့က တံတားဘေးကနေဝင်သွားရတာ Hidden gem လေးတစ်နေရာပေါ့....။
What's Up Cafe ဆိုင်လေးရဲ့ မျက်နှာကျက်ဒီဇိုင်း တံပြက်စည်းကြမ်း မီးအုပ်ဆောင်းတွေ....
ဒါက အိမ်မှာလုပ်ရောင်းတဲ့ မီနီဘာဂါ အော်ဒါလေးတစ်ခု အရမ်းစားကောင်းသောလေး
မီနီဘာဂါနဲ့ အုန်းသီးကိတ်လေး set menu လေးလုပ်ရောင်းတဲ့နေ့က
Kudos မုန့်ဆိုင်က လာတေးအပူလေးတစ်ခွက်လောက်သောက်မယ်
အွန်လိုင်းမှာ trend ဖြစ်နေတဲ့ ဆိုင်လေး "ကာကာဆိုင်" တဲ့ old school ပုံလေးပေါ့ 1980 ဝန်းကျင်က လက်ဖက်ရည်ဆိုင် vibe မျိုးလေး ဖန်တီးထားတာ ဒီနေရာက ပုလဲကွန်ဒိုဆိုင်
နောက်တစ်ဆိုင်က ပြည်လမ်းပေါ်မှာရှိတယ် လှည်းတန်းစင်တာနားက
လက်ဖက်ရည်ခွက်လေးက သေးတော့ သောက်မဝဘူး အရသာကတော့ သိပ်မထူးခြား
အပြင်အဆင်အသုံးအဆောင်သူများနဲ့မတူတာပဲရှိတာပါ

ထမင်းဖြူတတ်နိုင်သလောက်ရှောင် ဆန်လုံးညိုချက်စားဖြစ်နေတယ် စေးစေးလေးနဲ့ ပြောင်းဖူးစေ့နဲ့တူတယ်
ပုံမှာက လက်ပံပြားကြက်ကြော်နဲ့ ရှမ်းငရုတ်သီးထောင်း
အဲမှာ အမေဇုံကော်ဖီဆိုင်မှာသောက်လိုက်ရသေ junction city ဆိုင်က
ကျနော့်ရဲ့ တစ်မနက်သော မနက်စာ ကောက်ညှင်ပေါင်းငချိပ်ပဲပေါင်းကို အုန်းဆီချက်နဲ့နယ်ထားပြီး
စားတော်ပဲပြုတ်လေးဖြူး ကာဖီတစ်ခွက်နဲ့
စကော့ဈေးခုံးတံတားအောက်က အကျိကြာဇံကြော် ခေါက်ဆွဲကြော် ဝက်သားတုတ်ထိုးဆိုင်လေး
အဲဈေးသွားတိုင်း မရိုးအောင်စားဖြစ်သော
6မိုင်ခွဲ Market Place က The District Cafe က Macha latte
ဒါနဲ့ အခု သွင်းကုန်တွေအကုန်ပိတ်ခံထိတော့ အဲဒီ green tea macha အမှုန့်လေးတောင်မရတော့ဘူး
အဲမှာ အမေဇုံကော်ဖီဆိုင်မှာသောက်လိုက်ရသေ junction city ဆိုင်က
အိမ်မှာ မုန့်ဟင်းခါးချက်စားတဲ့နေ့က အဒေါ်အငယ်လုပ်ကျွေးသော ရွှေဖရုံသီးနဲ့ထန်းလျက်အချိုပွဲ
စားကြပါဦး ငါးခူမရလို့ ငါးကြင်းနဲ့ပဲချက်စားဖြစ်တဲ့ အိမ်လုပ် မုန့်ဟင်းခါးလေးပါ
အပျိုကြီးပဲတဲ့ ရန်ကုန်အခေါ် အညာမှာတော့ ပဲကျားဆိုလား ပဲစေ့လေးက အစင်းကျားလေးပါတာဗျာ
အဲဒါ နှစ်ရေလောက်နူးအောင်ပြုတ်ပြီး ကြက်သွန်ဖြူ ဂျင်းဆီသတ်
ဆား နနွင်းလေး ဘာလေးထည့်နှပ်ပြီး စားရတာ ထမင်းကိုမြိန်ရောပဲ
မနက်ခင်း မုန့်ဟင်းခါးချက်ရင်း ဗိုက်ဆာလာလို့ ငပိရည်လေးနဲ့ ငရုတ်သီးမှုန့်နဲ့နယ်ဖတ်စားတာ
အမလေးကောင်းချက် ဘာဟင်းမှမလို
ဘား...မှ မဟုတ် အာဂျီးမား တက်တူးလာပြတာ
အဲမှာ ကြည့် ခေါင်းဖြူနေပီ ဂေါ်ချင်တုန်း
အုန်းပင်လေးတွေနဲ့ ကောင်းကင်အရာင်လှလို့ ကန်သာယာမှာ
No comments:
Post a Comment