ဒီနေ့ နေ့လည်အိမ်ပြန်ထမင်းစားနေတုန်း အမေက တီဗီကလာတဲ့ ဇာတ်ကားထဲက သူ့အမေပေါင်ပေါ်ထိုင်ပြီး ခေါင်းငုံ့ရှက်နေတဲ့ သုံးနှစ်အရွယ်ကလေးမလေးကိုကြည့်ပြီး အမေက သမီးငယ်ငယ်ကနဲ့တူလိုက်တာလို့ပြောတယ်...။ ကျနော်ငယ်ငယ်က လူကြောက်တတ်တာ သူစိမ်းကြောက်တတ်တာတော့ မှတ်မိတယ်...။ ပြီးတော့ အမေကဆက်ပြောတယ်...။ အဲတုန်းကလေ သမီးအဒေါ်တွေကို လူပျိုလာလည်တဲ့ဗိုလ်ကြီးတွေက သမီးကိုချစ်လို့ဆိုပြီး သူတို့ပေါင်ပေါ်ချီတင်ထားတော့ အဲလိုပဲ ခေါင်းလေးငုံ့နေတာလို့ပြောတော့ ကျနော် စိတ်တိုသွားတာ ကိုယ့်သမီးကို သူစိမ်းယောကျာ်းတစ်ယောက်ကိုပေးချီကောင်းလားဆိုပြီးတော့လေ...။ ကျနော်သာ သမီးလေးတစ်ယောက်မွေးထားခဲ့ရင် သူ့အဖေအရင်းကလွဲပြီး ဘယ်သူစိမ်းယောက်ျားကိုမှပေးပွေ့ချီမှာမဟုတ်ဘူး တဏှာကောင်(တချို့)တွေက ကလေးဆိုပေမယ့် ကြီးကြီးငယ်ငယ် အလွတ်ပေးမှာမဟုတ်ဘူး...။ အဲလိုတွေးမိရင်း အော် ငါ အိမ်ထောင်မကျတာလည်းမဆန်းဘူးလို့ ကျနော် အားလုံးကိုချစ်ပါတယ် ဒါပေမယ့် အားလုံးကို ကျနော် နဲနဲကလေးမှ အယုံအကြည်မရှိတာကိုတော့ ခွင့်လွတ်ကြပါလို့... ပုရိသယောက်ျားများကိုပြောပါတယ်....။ ကမ္ဘာကြီး တဖြေးဖြေးလူဦးရေလျော့ကျ မျိုးသုဉ်းတော့မှာလို့ ခန့်မှန်းကြတာ ဟုတ်ပါတယ်.....။ ဗြဟ္မာဏပြည်ကလာတဲ့သူတွေက မာနကြီးတယ်တဲ့ သူတို့ဘုန်းကံနဲ့မယှဉ်နိုင်သမျှ ဘယ်သူမှာ အနားမှာနေလို့မရဆိုတာ ဟုတ်မယ်.....:)
ကျနော် ခုနှစ်တန်း ဆယ့်သုံးနှစ်သမီးအရွယ် ရန်ကုန်ကိုလေယဉ်စီးလာတုန်းကလည်းအဲလိုပဲ လူကြုံကို ယောက်ျားလူကြုံနဲ့ထည့်ပေးလိုက်ကြတာ အမေတို့အဖွားတို့က တကယ်ပဲ သူတို့ခေတ် Generation တွေကို မတွေးတတ်မခေါ်တတ် တုံးအ စာမတတ်ပေမတတ်ဖြစ်အောင် လုပ်ထားကြတာလေ အေဘီစီ အင်္ဂလိပ်စာတောင် ငါးတန်းမှစသင်ရတာ အဲလို...။ အဲဒါ ဒုတိယကမ္ဘာစစ်နောက်ပိုင်း နှစ်တွေမှာမွေးကြတဲ့သူတွေအားလုံးပဲ...။ ကျနော်တို့ Gen Y တွေကျမှ ကိုယ်ခံရသမျှ ကိုယ့်သားသမီးမခံရအောင်လို့ သင်ခန်းစာတွေတသီကြီးယူထားပြီး ကိုယ့်ထက်သာအောင် သားသမီးတွေကို ရသလောက် ကြိုးစားအားထုတ်ပံ့ပိုးကြတာ အကျယ်ချဲ့ပြီးမပြောတော့ဘူး ကျနော်တို့ပတ်ဝန်းကျင်မှာ မြင်နေရတာမလား...။ ကိုယ်တိုင် ပိတ်လှောင်ခံရ မလွတ်မြှောက်ခဲ့သမျှ ကိုယ့်ရဲ့မျိုးဆက်တွေမခံရအောင်လုပ်ပေးကြတာ မြင်ရတာ အားရစရာပါပဲ...။ မလုပ်တဲ့လူလည်းမလုပ်ကြပါဘူး....။ အဲဒါကတော့ ကြောက်စိတ်တွေ ကြီးစိုးခဲ့တဲ့ မိဘဘိုးဘေးတွေရဲ့ လက်ကျန်မှိုင်းမိနေတုန်းသူတွေဆိုပါတော့...။

No comments:
Post a Comment