Wednesday, 24 September 2025

My Health Check-up.....







နှစ်စဉ်ဆေးစစ်နေကျ အချိန်ရောက်လာလို့တော့မဟုတ်ဘူး....။ မနှစ်ကတုန်းက ဇူလိုင်လလောက်မှာဆေးစစ်ခဲ့ဖူးတယ် အဲတုန်းကလည်း ညာလက်မောင်းရင်းကိုက်လို့ သွေးစစ်ကြည့်တာ သွေးတွင်းအဆီတက်တယ်...။ အမှန်တော့ ကျန်းမာရေးစစ်ဆေးမှုက နှစ်စဉ်ပုံမှန်လုပ်သင့်တဲ့အရာတစ်ခုပါ ကျနော်တို့လို အသက်အရွယ်မျိုးရောက်ခဲ့ရင်...။ ဒီနှစ်က ညာဖက်လက်ညှိုးနဲ့လက်မနားက လက်ဖမိုးကျင်လို့ စစ်ဆေးကြည့်ချင်တာ ပြီးတော့ သွေးဆုံးချိန်နီးလို့ သားအိမ်ပါ Ultra Sound ရိုက်လိုက်တယ်...။ မနှစ်ကတည်းက ညာလက်အဲလိုဖြစ်လို့ သွေအဆီကျဆေးဘာညာသောက်လိုက်ရသေးတယ် အဲတုန်းက ပြနေကျ GPဆရာကလည်း ကျီးပေါင်းလို့ပြောလိုက်သေးပေမယ့် အဲဒါနဲ့ပတ်သက်ပြီး ကျနော့်ကိုအဓိကဆေးမပေးဘဲ အသည်းအဆီကျဆေးတွေ သွေးအဆီကျဆေးတွေ အသည်းအားဆေးတွေလျှောက်ပေးတာ သူက ဆေးကုမ္ပဏီကလာစပ်တဲ့ဆေးတွေကို အဓိကရောင်းတဲ့ဆရာဝန်ဖြစ်နေတာ ဆေးကုတာလည်း တော်ပါတယ်...။ အဲဒါခုဒီနှစ်လည်း သူပဲဆေးထပ်စစ်ခိုင်းတာ သူ့ဆီကျနော်ပြန်မပြတော့ဘူး ဆေးတစ်ခါတစ်ခါဝယ်ရတာ လေးငါးသိန်းဖိုး အဲလောက်ကျတော့လည်း လွန်လွန်အားကြီးသွားပြီ....။

ဒီတစ်ခေါက် ပြင်ဦးလွင်သွားပြီး အဒေါ်ရဲ့ယောက်ျားကလည်း ခွဲစိပ်အထူးကုပါမေက္ခဆရာဝန်ဆိုတော့ သူကိုပဲ ဆေးစာရေးပေးပြီး စစ်လိုက်တယ်...။ သူက လက်ကျင်တာဆိုတော့ ဆီးချိုရှိမရှိကိုအဓိကစစ်ခိုင်ပါတယ်...။ ကျနော်က ဆီချိုမျိုးရိုးအဖေ့ဖက်ကရှိထားတော့ သတိထားရတယ်...။ တလောက ထမင်းစားပြီး ဆီချိုစစ်လိုက်တာ 145 ရလို့  ငါတော့ဆီချိုအစပျိုးပြီလို့ မှတ်လိုက်တာပဲ...။ အခု HbA1c, စစ်ချက်ထွက်လာတော့ Non Diabetic လို့ထွက်တယ်... သူက လွန်ခဲ့တဲ့သုံးလအတွင်း ဆီးချိုရှိမရှိကို အမှန်ဆုံးစစ်ပေးနိုင်တာလို့ပြောတယ်..။ နောက် HDL LDL ကောင်းတဲ့အဆီနဲ့ မကောင်းတဲ့အဆီစစ်တော့ မကောင်းတဲ့အဆီ cholesterol များနေတယ် 70-100 ကြားမှာပဲရှိရမယ်ဟာ ကျနော်က 158 ဖြစ်နေတယ် ...။ တစ်သက်လုံး ဆီကြော်စာတွေစားထားတာ အဲလောက်တက်တာပဲကျေးဇူးတင်ရမလို...။ ထမင်းလျှော့စားဆိုလို့ အခု ဆန်လုံးညိုစားနေတယ် အချိုတွေ အဆီအဆိမ့်တွေလျှော့နေပါတယ် ဟုတ်....။








လက်ကျင်တဲ့ကိစ္စကိုကျတော့ ကျနော့်သူငယ်ချင်းရဲ့ အဒေါ် family ဆရာဝန်ဖြစ်တဲ့ ကန်သာယာက နှလုံးခွဲစိပ်အထူးကုဆရာနဲ့ အတိုင်ပင်ခံယူလိုက်တယ် လက်ကျင်တာ ဇက်ကျီးပေါင်းအကြောညှပ်တာဖြစ်နိုင်ချေများလို့ ဇက်ကို ဓါတ်မှန်ရိုက်ခိုင်းပါတယ်...။ တဆက်ထဲ ဆေးစစ်ထားတာပါပြလိုက်တော့ အဆီကျဆေး သုံးလစာသောက်ဖို့ ညွှန်ကြားပါတယ်....။ အဲတော့ နောက်ဆုံး ကျနော့်အဖြေက လက်ကျင်ရခြင်းရဲ့အကြောင်းအရင်းက ဇက်ကျီးပေါင်းအကြောညှပ်တာ လေ့ကျင့်ခန်းလုပ်ရမယ် အဲဒါ ဆရာဝန်နောက်တစ်ယောက်နဲ့ လေ့ကျင့်ခန်းလုပ်ဖို့ booking ထပ်ယူထားပါတယ်...။

အော် ပြောဖို့မေ့ Ultra sound ရိုက်တာ အသဲ ပန်ခရိယ သရက်ရွက် ကျောက်ကပ်အကုန်ကောင်းတယ် သည်းခြေမှာ ကျောက်သေးသေးလေးတွေ့တယ် သားအိမ်မှာ အသားလုံးတစ်ခုတွေ့တယ်...။ ဆရာဝန်က အဓိက သားအိမ်ကိုအသားပေးရိုက်ခိုင်းတာ အဲဆရာမက အစုံကြည့်ပေးလိုက်တယ် စေတနာကောင်းပါတယ်  အသားလုံးက သွေးဆုံးခါနီးဖြစ်တတ်တဲ့အလုံး အချိန်တန်ရင်ကျုံ့သွားလိမ့်မယ်တဲ့...။ ကျနော်ထပ်ပြီး OG တော့မပြတော့ဘူး ရှည်ကုန်လိမ့်မယ်...။







 
ဆိုတော့ နောက်ဆုံး ရှာတွေ့သွားတဲ့အကြောင်းအရင်းက အကြောညှပ်နေလို့ လက်ကျင်တာ...။ ကျန်တာ သွေးအဆီများလို့ ဆေးသောက်ပြီးချရမယ် နောက်သုံးလ ထပ်ချိန်းတယ် ....။ လက်ကျင်တဲ့ကိစ္စကို ကျီးပေါင်းဆရာဝန်ဆီ လွှဲစာရေးပေးလို့ ရက်ချိန်းယူပြီးထပ်သွားရတယ် ဆရာဝန်က သူမေးရမယ့်အချက်အလက်တွေအကုန်မေးတယ် ဘယ်ချိန်က စဖြစ်သလဲ ဘယ်လိုခံစားရလဲစသဖြင့်ပေါ့...။ ပြီးတော့လေ့ကျင့်ခန်းလုပ်နည်းတွေပြပေးတယ် ဆေးကတော့ နာရင်သောက်ဖို့ အကိုက်အခဲဆေးငါးရက်စာပဲပေးပြီး နောက်တစ်လထပ်ချိန်းတယ် အခြေအနေအခုထက်ပိုဆိုးတယ်လို့ ယူဆရင် MRI ရိုက်ကြည့်ဖို့ အကြံပေးပါတယ် လက်ကျင်ရတဲ့အကြောင်းအရင်းနောက်တစ်ခု ဓါတ်မှန်နဲ့မမြင်ရတဲ့ ခန္ဓာကိုယ်ထဲက အလုံးအကျိတ်ရှိရင်လည်း ဖြစ်တတ်တယ်လို့ပြောတယ်...။ အဲအကြောင်းအရာတွေအားလုံးက ကျနော် စာလျှောက်ဖတ်ထားလို့ကြိုသိထားပြီးသား အဲဆရာဝန်က လူနာကို တမန်ကာရှန်ကာမကုဘဲ စေ့စပ်သေချာတဲ့ဆရာတစ်ယောက်လို့မြင်တယ်...။ ကျနော့်ဆေးမှတ်တမ်းမှာ ဘာတွေမှန်းမသိ နှစ်မျက်နှာလောက် အင်္ဂလိပ်လိုရေးပြီး သူတို့ဆေးရုံမှာပဲသိမ်းတာ ကျနော့်ကိုပေးလိုက်တာက လေ့ကျင့်ခန်းလုပ်ရမယ့်အမျိုးအစားနဲ့ သောက်ဆေးလေးပဲ...။ တကယ်က သူပြောတ ဆေးသောက်စရာမလိုသေးဘူး ကျနော်က တခါတလေ လက်ပျဉ်နာပြီး လက်မောင်းအောင့်တယ် ကိုက်တယ်ပြောလို့ ပေးလိုက်တာဖြစ်မယ်...။ အော်ပြီးတော့ လည်စွပ်ဝယ်စွပ်ရမှာ...။ သဘောကျတာတစ်ခုက အဲဆေးရုံးက အင်တာနေရှင်နယ်ဆိုပေမယ့် ဆေးခန်းပြခအရမ်းသက်သာတယ် ဝန်ဆောင်မှုအရမ်းကောင်းတယ်...။ ဆေးလည်းလိုသလောက်ပဲပေးတယ် ဆေးကအပြင်ကနဲ့ဈေးတူတူပဲ မကွာဘူး....။ သူဆီကရတဲ့ ဝန်ဆောင်မှုနဲ့ ကိုယ်ပြန်ပေးရတာ ထိုက်တန်တယ်...။ တချို့ ပုဂ္ဂလိကဆေးရုံတွေက ပိုက်ဆံတာယူတာ အပေါက်ဆိုးတွေချည်းပဲ ဝန်ထမ်းကအစ ဆရာဝန်အဆုံး....။ ကန်သာယာကဆရာဝန်တွေကတော့ စကားပြောတာနဲ့တင် ရောဂါတစ်ဝက်သက်သာ.....။ စစ်ဆေးကျောင်းဆင်းတွေနော် ဘပုသားလေးတွေ...။

ဒါပါပဲ လောလောဆယ်ကျနော့်ရဲ့ ကျန်းမာရေး update ကတော့....။ နောက်ထပ်ပြခဲ့ရင် ထူးခြားမှုလာပြောပေးမယ်...။ ဘာရောဂါပဲဖြစ်ဖြစ် အကျိုးကိုပဲမကုဘဲ အကြောင်းကိုအရင်ရှာ ကုတာ ပိုထိရောက်ပါတယ်...ဒါက တရားသဘောနဲ့ယှဉ်ယှဉ်ပြီး အကျိုးနဲ့အကြောင်း ပြောပြတတ်တဲ့ ဆရာမကြီးဒေါက်တာခင်နွယ်ဝင်း စကားကို နားထောင်လို့...။ 



No comments: