Friday, 9 September 2011

စားကြပါဦး.....



အဘိုးကြီးသုပ်
ညဘက် တီဗီကြည့်ရင် စားဖြစ်တာလေးပါ...


အခါးရည်
ဒါက လက်ဖက်နဲ့တွဲသောက်ဖို့


ထောပတ်ကုလားပဲမုန့်
လက်ဖက်စားတော့ ငရုတ်သီးကိုက် စပ်တော့ ဟောဒီ အချိုပွဲလေးစား...
အိမ်မှာ မေမေကိုယ်တိုင်လုပ်တဲ့ မုန့်လေးပါ... ကုလားပဲ ထောပတ်နဲ့ သကြားညိုနဲ့ ထိုးထားတာ...

ဇီးဖြူသီးထောင်း
တစ်ခါမှမထောင်းဖူးဘူး ဇီးဖြူသီးကို ပြုတ်ပြီး အစေ့ထုတ် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ပုဇွန်ခြောက်ကိုလှော်ပြီး ရောထောင်းလိုက်တယ်... ။ အဲဒီနေ့က ရုံးမှာလုစားလိုက်ကြတာ ပြောင်ရော...


လက်ဖက်သုပ်
အဲဒီနေ့က ဖဘမှာ ကန်ဇွန်းဥသာကူ တင်ပြီး နောက်ဖေးမှာ သုပ်နေတဲ့
လက်ဖက်လေးပါတင်ပေးပါဦးမယ်ဆိုတဲ့ လက်ဖက်ပွဲလေး

ကန်ဇွန်းဥသာကူ
ဒီအချိုပွဲလေးက ဖဘမှာ ကြောင်ဂိုဏ်းအဖွဲ့ဝင်တွေလာစားပြီးသား



16 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

လုပ်ပြန်ပြီ
နှိပ်စက်ပြန်ပြီ
သာဂူလေး စားချင်တာ
လုပ်စားဖို့တောင် စဉ်းစားသွားမိပြီ

Baby taster said...

ဇီးဖြူသီးထောင်း အရမ်းကြိုက်တယ်
ငယ်ငယ်ကဆို နေ့တိုင်းနီးပါးထောင်းတယ်
ကစွန်းဥသာကူ လုပ်ကျွေးအုံးမှး)

ညီလင်းသစ် said...

ဇီးဖြူသီးထောင်းကို မှတ်မှတ်ရရ တခါလားပဲ စားဖူးပါတယ်၊ အင်း... သွားရည်တွေ သိမ်းပြီး ပြန်ရမယ့် ဘလော့ဂ်တစ်ခုလည်း ထပ်တိုးလာပြန်ပြီ ထင်ပါရဲ့....။း)

Angelhlaing(May everybody be happy and healthy! said...

စားချင်နေပါတယ်ဆိုမှ...ရက်စက်လယ်...ဟင့်..ဟင့်..:P

လင်းခေတ်ဒီနို said...

မမီးးးးးးးးးးးး . . ဟီး ငိုချင်တယ် ။ ။ မမီးဘလော့လာရင် ကျနော်လေ . . . ဗိုက်ဆာလာရော အလိုလိုနေရင်း)

မေသိမ့်သိမ့် ကျော် said...

ဗိုက်ဆာလာပြီ... ဟောကြားလား ဂြီဂြီတဲ့...။

ခင္တဲ့
မေသိမ့်

ညီရဲသစ် said...

အဖိုးကြီး သုပ်လေး တော်တော် စားကောင်းမဲ့ပုံ...
ပြီးရင် သာဂူလေးနဲ့ အချိုတည်း လိုက်လို့ ရတော့...
ဟင်းးးး ဟင်းးးး

Mon Petit Avatar said...

တို့လဲ သာကူသိပ်သောက်ချင်တယ် မကျိုတတ်လို့။ Babyရေ သာကူစားဖြစ်ရင် post တင်ပေးနော်။

စံပယ်ချို said...

ဇီးဖြူသီးထောင်းလေးတော့ယူသွားတယ်နော်
တောင်ကြီးမှာ ခဏခဏ စားရတယ်
အင်းသားတွေလဲကြိုက်တယ်လေ။။။
ချစ်ခင်တဲ့ jas

SHWE ZIN U said...

မိုးငွေ့ ရေ

မရိုးနိုင်အောင်ပါဘဲလား စားချင်စရာတွေ

ညိမ်းနိုင် said...

အဖွားကြီးသုပ်ပဲစားချင်တယ်....:)))

Anonymous said...

ဖဘမှာ ဘယ်တုန်းကတင်လိုက်တာလဲ
အခုတခါတည်းစားသွားတယ်

မဒမ်ကိုး said...

အင်းနောက်ဆို ထမင်းဟင်း မုန့် ခေါင်းစဉ်မြင်တာနဲ့
ဘယ်မှမလည်တော့ဘူး ပုန်းနေတော့မယ်
သွားရေတွေကျပြီး နောက်ကလိုက်လုပ်ရတာ ကုန်လိုက်တာနော်း)

ခင်တဲ့
မဒိုးကန်

မောင်သီဟ said...

ဟုတ်တယ် မကျေနပ်ဖူး ဂလုဂလု
ညနေခင်း ဗိုက်ဆာတယ်ဗျာ့
ပုံတွေကြည့်ပြီး တံတွေးမျိုးနေရပီ


မောင်ဘကြိုင်

သက်ဝေ said...

ညီမလည်း မအိပ်သေးဘူးကိုး...
စားစရာတွေ လိုက်ကြည့်ရင်း ပိုပိုဆာလာတယ်... တခုခုတော့ ရှာစားမှ ဖြစ်တော့မယ်...း))

ကိုတူး said...

စားချင်ဒယ်ဗျာ