Hello everyone !!!!
ဘလော့ရေးတဲ့ သက်တမ်းတစ်လျှောက်မှာ နိဒါန်းကို ကျနော်ဒီလိုမျိုး နှုတ်ဆက်ပြီး စရေးတဲ့ပို့စ်ဆိုတာ ဆယ်ပုဒ်တောင်မရှိဘူးထင်တယ်...။ လေသံက နည်းနည်းပျော်တဲ့ mood လေးလို့ ဖတ်ရင် ခံစားမိကြတယ်မလား...။
ကျနော် ဟိုတစ်ခေါက်ကျန်းမာရေးစစ်ပြီး အရိုးအကျောဆရာဝန်က ကျနော့်ကို ဂုတ်ကျီးပေါင်းနဲနဲဖြစ်လို့ တစ်နေ့ကို သုံးနာရီ ကော်လာတပ်ပြီးနေခိုင်းတယ် သူတို့သင်ပေးတဲ့လေ့ကျင့်ခန်းကို သုံးကြိမ်မှန်မှန်လုပ်တာ တစ်လပြည့်တော့ ညာဘက်လက်ကျင်တာတော်တော်သက်သာသွားတယ်...။ အဓိကက ကျနော်အာရုံစိုက်ရတဲ့အလုပ်တွေလုပ်တာများသွားလို့ ရှေ့ပိုင်းမှာ ကျနော် doodles ဆွဲတာဆက်တိုက်လုပ်တာလည်းပါတယ်... ဖုန်းအကြည့်များသွားတာလည်းပါတယ်...။ အဲတစ်လုံးကျနော် ဆရာဝန်ပြောတဲ့စည်းကမ်းအတိုင်းလိုက်လုပ်တော့ လက်ကျင်တာလုံးဝနည်းပါးကိုပျောက်သွားတာ အကြောအားဆေးလည်းတစ်နေ့တစ်ကြိမ်သောက်ရတာပေါ့ ပြီးတော့ သွေးတွင်းအဆီများလို့အဆီကျဆေးလည်းသုံးလသောက်ရတယ် အရိုးအကြောဆရာနဲ့က တစ်လပြည့်ပြီးပြန်ပြတော့ ကော်လာဆက်မတပ်ခိုင်းတော့ဘူး ဆေးတော့ သုံးလဆက်သောက်ခိုင်းတယ်...။ လေ့ကျင့်ခန်းလုပ်ပေါ့ ဒီလောက်ပဲ...။
အဆီကျဆေးသောက်တာ သုံးလပြည့်တော့ သွေးထပ်စစ်ရတယ် အဲဒါစစ်ခါနီးမှာ ထုံးစံအတိုင်း ဘယ်ဖက်လက်ဖမိုးရောင်လို့ ဆရာ့ဆီ ဗိုက်ဘာနဲ့အကျိုးအကြောင်းပြောပြတော့ သူက သွေးစစ်လက်စနဲ့ ENA ပါထည့်စစ်ပေးဆိုလို့....။ ENA ဆိုတာ ကိုယ်ခံအားစနစ်မမှန်တာ(Autoimmune diseases) မြန်မာလိုလေးဖက်နာရောဂါကိုစစ်ဆေးတာ...။ ENA ကိုစစ်တာက လေးဖက်နာရောဂါ ဆယ်မျိုးလောက်ကို အကုန်စစ်ပစ်လိုက်တာပဲ...။ တော်သေးတယ် စစ်ထားတဲ့ဆယ်မျိုးလုံးက Negative တွေပဲပြလို့...။ သွေးထဲက အဆီကလည်း ပြန်ကျသွားပြီ ကျနော် ဒီသုံးလလုံး ဆန်လုံးညိုတစ်နေ့တစ်နှပ်စားဖြစ်တယ် အကြော်စာတွေရှောင်တယ် အဆီအဆိမ့်တွေရှောင်တယ်...။ မကောင်းတဲ့အဆီတက်ရင် နှလုံးသွေးကြောပိတ်တာ ဘာညာထပ်လိုက်လာမယ် မလွယ်ဘူး...။ အထူးသဖြင့် ကျနော်တို့နိုင်ငံမှာ နာမကျန်းဖြစ်ရင် ငွေအားတတ်နိုင်ရင်တောင် ဆေးဝါးတွေလိုသလိုမရတော့ဘူး ငွေမတတ်နိုင်ရင်လည်း သေဖို့ရက်သာထိုင်စောင့်ပေတော့ပဲ....။ အဲဒါလာပြောပြတာ ကျန်းမာရေး update လေး....။
ကျန်းမာခြင်းသည် လာဘ်တစ်ပါး ကိုယ့်ကျန်းမာရေးကို ကိုယ့်ဘာသာဂရုစိုက်ရတာပဲ ...။ blog လာဖတ်သူအားလုံးလည်း စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ... အားလုံးဂရုစိုက်ပါနော် :)
မိုးငွေ့

No comments:
Post a Comment