ခုရက်ပိုင်း စိတ်ပျော်မနေဘူး.....။ ဝမ်းနည်းသလိုလို ဘာလိုလိုတွေဖြစ် တခါတလေ မျက်ရည်တွေ ပိုးပိုပေါက်ပေါက်ကျတဲ့အထိငိုသေး ကျန်းမာရေးကြောင့်လည်းပါတယ်..။ ခြေလက်တွေ အိပ်ရာထလာရင် ထုံကျင်လာတယ် လက်ချောင်းတွေကို သွေးပူလေ့ကျင့်ခန်းလုပ်ပေးရတယ် ညမအိပ်ခင် အကြောဆန့်တဲ့လေ့ကျင့်ခန်းလုပ်ရတယ်...။ မနက်စောစောထပြီး တရားထိုင်တာမျိုးလုပ်ဖို့ စဉ်းစားထားတာ ခုထိ အိပ်ရာမထနိုင်သေးဘူး ညအိပ်တာ နောက်ကျတော့ လူကမလန်းဘူး...။ အရွယ်က Menopause ထဲရောက်နေတာဆိုတော့ နောက်ထပ် ဘယ်နှစ်နှစ်ထိ ခံစားရဦးမယ်မသိ...။ စိတ်ပျော်ဖို့ ထူးထူးဆန်းဆန်း မနေ့က တစ်ရက် သီချင်းနားမထောင်ဖြစ်ဘူး ပုံမှန်ဆို ကျနော် နေ့တိုင်းလိုလို သီချင်းနားထောင်ဖြစ်တယ်...။ တခါတခါကျ နားထောင်ရင်း ငြီးငွေ့လာသလိုခံစားရတယ် အသံတွေ နားငြီးလာတယ်....။ ညနေပိုင်းလမ်းလျှောက်တော့လည်း အာရုံမရဘူး နားထဲနားကျပ်ထည့် သီချင်းနားထောင်တော့လည်း ကြာတော့ ငြီးငွေ့ လမ်းလျှောက်နေရင်းနဲ့ကို စိတ်က ဂနာမငြိမ်နေတာ..။ Doodle ဆွဲတဲ့ဖက်လည်း အာရုံကောင်းကောင်းမရဘူး ဆွဲဖို့ စာအုပ်လေးဖွင့်လိုက်ရင် ဒီပုံလေးငါမရေးချင်ဘူး ငါဘာပုံရေးရင်ကောင်းမလဲစဉ်းစားရင်း စာအုပ်ကိုပြန်ပိတ် ဖုန်းဆီကိုရောက်သွားရော...။ ဖုန်းရှိခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများမှန်း သိသိလျက်နဲ့လည်း လက်ရှိကာလမှာ လူအများစု ကြီးကြီးငယ်ငယ် ဖုန်းကိုစွဲလန်းနေကြတယ်...။ ညညဆို အိပ်ရေးပျက်လာတယ် မျက်လုံးက ကျိန်းစပ်နေအောင် အိပ်ချင်နေပေမယ့် ဦးနှောက်က မအိပ်ခိုင်းသေးဘူး...။
ကိုယ့်ကိုယ်ကို ပျော်သလိုနေပါစေလို့ အလိုလိုက်တာလည်းမကောင်းပြန်ဘူး...။ အဓိကက စိတ်ဖိအားမများအောင် ကျနော်နေနေရင်းနဲ့ ဖိအားဖြစ်နေတာရယ်...။ ကျနော်တော်တော်လေးစည်းကမ်းပျက်နေတာကြာပြီ...။
အခုဆို ကျနော့်ကို ....
"ကိုယ့်အိပ်ချိန်ကိုဘယ်သူ့မှမပေးနဲ့" "စောစောအိပ်နော်"လို့ ပြောမယ့်သူမရှိဘူး
"အိပ်ခါနီး ဖုန်းပိတ်အိပ်နော်"
"Airplane mote ဖွင့်အိပ်နော်"
"Silent လုပ်နော်" လို့ ပြောပေးမယ့်သူမရှိဘူး...
"ရေသောက်ဖို့မမေ့နဲ့ အသက်ရှည်ရှည်ရှူဖို့မမေ့နဲ့နော်"လို့ သတိပေးမယ့်သူမရှိဘူး...။
🦋လိပ်ပြာလေးတွေ အနားမှာရောက်မလာတော့တဲ့အခါ......
ကျနော်တစ်ယောက်ထဲ ထင်တိုင်းကျဲ .....
မိုးငွေ့

1 comment:
အိပ်ခါနီးနာရီဝက် ဖုန်းမကြည့်နဲ့၊ ဖုန်းကိုခေါင်းနဲ့ဝေးဝေးထားအိပ်
Post a Comment