Thursday, 6 December 2012

ရင်မှာအရင်တိုင်း.....



 


ဒီသီချင်းက...လူတိုင်းနားထောင်ဖြစ်ပြီး ကြိုက်မယ့်သီချင်းလေးတစ်ပုဒ်ပါ...။ ဘယ်ခါနားထောင်နားထောင် ရိုးအီမသွားမယ့် သီချင်းလေးလို့ထင်ပါတယ်...။ ခုလိုအချိန်မျိုးမှာ ပြန်နားထောင်ရတာပိုပြီး ခံစားသက်ဝင်လို့ကောင်းနေတယ်...ဒါကြောင့် အားလုံးကိုပြန်မျှဝေတာပါ...။ ပြီးတော့ အစ္စဏီရဲ့ ခပ်အီအီချွဲချွဲဆိုတဲ့ အသံလေးက တကယ်ဟတ်ထိတယ် ပြန်နားထောင်ကြည့်ကြည့်........။




 


တေးဆို-အစ္စဏီ

Melody ***** ငါ့ရင်မှာအရင်တိုင်းမင်းကရှင်သန်နေမှာပဲ….တကယ်လို့အိပ်မက်ဖြစ်နေလည်း မနိုးထလိုက်ပါနဲ့ တို့ဝေးနေစဉ်ခဏပဲ ဒီအလွမ်းတော့ရှိမှာပဲ….သံသယစကားတို့နဲ့ နင်လာပြီးးးး

Raping *****  မင်းနဲ့ငါ တစ်ယောက်နဲ့တစ်ယောက်အထင်တွေလွဲမှားထားခဲ့ကြ လမ်းမခွဲကြေး ကတိစကားပြတ်ပြယ်စပြုချိန်မှာ ရင်ခွင်မှာမီးတောက်နေလို့…အဓိကပြသနာက သံသယမျက်လုံးတွေကြောင့်မို့  သေချာတဲ့ စွပ်စွဲချက်ကြောင့်မင်းငါ့ကိုလမ်းခွဲဖို့ မကြိုးစားနဲ့ ငါချစ်တာမင်းတစ်ယောက်တည်း ဝေးနေရတဲ့ချိန်မှာ ငါတို့ကနီးဖို့ပဲ မင်းထင်သလိုမတွေးပါနဲ့ မင်းနဲ့ငါတို့ဝေးအောင်လို့ သံသယတွေဖျောက်ဖျက်ပြီး ငါ့ရင်ထဲကိုပြန်လာခဲ့ဦး…..Baby….

Chorus …… မင်းသိသလိုမထင်ပါနဲ့ မင်းတွေးသလိုမမြင်ပါနဲ့ ယိုင်နဲ့သွားမယ့်အချစ်မဟုတ်ဘူး.. ငါမင်းရဲ့အချစ်နဲ့အသက်ဆက်ရှင်မယ်….။မထင်ပါနဲ့ မင်းတွေးသလိုမမြင်ပါနဲ့… ယိုင်နဲ့သွားမယ့် အချစ်မဟုတ်ဘူး ငါ့မင်းရဲ့အချစ်နဲ့အသက်ဆက်ရှင်မယ့်သူ…။

Rapping ***** အရာရာကိုဆုံးဖြတ်ဖို့အတွက် အသိတရားတွေလိုအပ်တယ်…သေချာစဉ်းစားကြည့် နှလုံးသားနှစ်ခုပေါင်းစပ်ဖို့လည်း နားလည်မှုတွေလိုသေးတယ် ဒီတော့ မင်းးစိတ်ထင်ရာတွေလျှောက်လုပ်မိရင် အမှားကြီးမှားမယ်…ခဏနေဦး ငါ့ရင်ကိုခွဲသွားပြီးတော့ ရင်ခွင်သစ်ကိုသွားချင်လည်း…မင်းသိထားဖို့က ငါ့ရင်ထဲမှာ မင်းတစ်ယောက်တည်းရှိတယ် ပြန်လာခဲ့ပါ ဒီရင်ဟာ မင်းအတွက် နွေးထွေးစွာကြိုဆိုဆဲပါ….။

Melody ***** ငါ့ရင်မှာအရင်တိုင်းမင်းကရှင်သန်နေမှာပဲ….တကယ်လို့အိပ်မက်ဖြစ်ခဲ့လည်း မနိုးထလိုက်ပါနဲ့….တို့ဝေးနေစဉ်ခဏပဲ ဒီအလွမ်းတော့ရှိမှာပဲ….သံသယစကားတို့နဲ့ နင်လာပြီးးးး

Chorus……. မင်းသိသလိုမထင်ပါနဲ့ မင်းတွေးသလိုမမြင်ပါနဲ့ ယိုင်နဲ့သွားမယ့်အချစ်မဟုတ်ဘူး..ငါမင်းရဲ့အချစ်နဲ့အသက်ဆက်ရှင်မယ်…. မထင်ပါနဲ့ မင်းတွေးသလိုမမြင်ပါနဲ့…ယိုင်နဲ့သွားမယ့်အချစ်မဟုတ်ဘူး ငါ့မင်းရဲ့အချစ်နဲ့အသက်ဆက်ရှင်မယ့်သူ…။

Rapping ***** ချစ်နေတုန်းပဲလို့ ရင်ထဲကပြောချင်ပေမယ့် ငါ့စိတ်တုန်လှုပ်ခဲ့လို့ ခေါင်းငုံ့ကာဆောက်တည်ရာမဲ့…ဟိုဒီဒီရောက်လေရာလည်း မင်းပုံရိပ်ကိုမြင်နေရဆဲ တခါတရံအလွမ်းနေ့များမှာ မင်းမရှိလည်း မင်းရဲ့အနားမှာ အတိတ်တွေတွေးရင်းအလွမ်းဖြေခဲ့တာ ငါ့အချစ်ကအရင်လိုပါပဲ…ပိုင်ဆိုင်ခွင့်မရတော့ရင်လည်း မင်းရှေ့မှာငါပြုံးနေမြဲ စိတ်ဓါတ်တွေအောက်ဆုံးထိကိုကျဆုံးနေခဲ့ မင်းမြင်တဲ့ငါ့ရင်ထဲ မင်းတွေ့သလို မင်းတွေ့သလိုမထင်ပါနဲ့


Chorus ….မင်းတွေးသလိုမထင်ပါနဲ့ မင်းတွေးသလိုမမြင်ပါနဲ့ ယိုင်နဲ့သွားမယ့်အချစ်မဟုတ်ဘူး..ငါမင်းရဲ့အချစ်နဲ့အသက်ဆက်ရှင်မယ်….မထင်ပါနဲ့ မင်းတွေးသလိုမမြင်ပါနဲ့…ယိုင်နဲ့သွားမယ့်အချစ်မဟုတ်ဘူး ငါ့မင်းရဲ့အချစ်နဲ့အသက်ဆက်ရှင်မယ့်သူ…

Repeat Chorus……

မိုးငွေ့


8 comments:

ပျိုးယုဝသုန် (Pyo Yu Wathone) said...

အဲ့ဒီ သီချင်းလေး သိပ်ကြိုက်တာပဲ ..ကျေးဇူးပါပဲ မိုးငွေ့လေး

စံပယ်ချို said...

မိုးငွေ့ရေ
ရောက်တယ်စာတွေဖတ်ရင်း...သတိရတာလဲပါတာပေါ့နော်

ညိမ်းနိုင် said...

ခုမှနားထောင်ဖူးတယ်....ကောင်းသားပဲနော်.....

Anonymous said...

ဒီ သီချင်းလေး သိပ်ကြိုက် :)

လွင်ပြင်လှိုင်းငယ် said...

သီချင်းလေးခံစားသွားတယ်နော် ။

Maung Myo said...

သွားဟဲအုံးမယ် ဟဲလေးလိုး)

mstint said...

မောင်မျိုး ဟဲ မဲ့နေ့သိရင် တီတင့်ကို ကြိုပြီး ပြောပါအုံး မိုးငွေ့ရေ စတေးရှောင်မလို့ :P
အစားအသောက်တစ်မျိုး တေးသီချင်းတစ်ဖုံ အစုံစုံပါလား အားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Yoemyaykya said...

ခံစားချက်နဲ့တိုက်ဆိုင်တော့ အဲဒီသီချင်းကြိုက်တယ်။