
နှုတ်ကသာ “မလွမ်းလောက်ပါဘူး….”လို့
စိုင်းစိုင်းသီချင်းကိုလိုက်ရွတ်နေမိပေမယ့်…. မင်းကို ကိုယ်ဘယ်လောက်ထိတောင်
သေမလောက်လွမ်းနေသလဲ မင်းသိလား……။ ပြောပြန်ရင်လဲ ခံစားမှုကို မချဲ့ကားပါနဲ့လို့
အပြစ်ဆိုကြဦးမယ်….။ ကိုယ့်ခံစားချက်ကိုသာ ချဲ့ကားရေးရမယ်ဆိုရင်
ရေးစရာနေရာတောင်မလောက်ပါဘူး…။
အဝေးတစ်နေရာကနေ
မင်းမဲ့ပြုံးပြုံးပါ……။ ဘယ်လိုပဲပြုံးပြုံး မင်းအပြုံးတွေက အမြဲတမ်းကိုယ့်အတွက်
အဖြူရောင်ပဲ…အိန်ဂျယ်…..။ ခုချိန်မှာ
နှင်းတွေဘယ်လောက်ဝေေ၀….ပန်းတွေဘယ်လောက်ပွင့်ပွင့် ကိုယ့်အတွက်
ဘာမှအဓိပ္ပါယ်မရှိတော့ဘူး….။
သီချင်းတွေလိုက်နားထောင်ကြည့်တယ်….တစ်ပုဒ်ပြီးတစ်ပုဒ်…. တစ်ပုဒ်ပြီးတော့
တစ်ပုဒ်….. ။ ကိုယ်နားထောင်ဖြစ်နေတဲ့ သီချင်းတွေက ဘာကြောင့်အလွမ်းသီချင်းတွေ
အသည်းကွဲသီချင်းတွေချည်းဖြစ်နေရတာလဲ……။ အလွမ်းတွေကို
ခုံမင်မက်မောလှချည်ရဲ့ဆို….ခုတော့ လွမ်းရမှာ သိပ်ကြောက်နေမိတယ်တဲ့…..။
သိပ်ကြောက်နေလဲ…အတွေးတွေကတော့ အလွမ်းတွေဆီ….အတောင်ပံဖြန့်ကျက်လို့ရယ်…..။
ဒီဇင်ဘာ...
ဒီဇင်ဘာ…..တဲ့....
ဆောင်းငွေ့ပါးပါးတွေက
ငါ့အလွမ်းထူထူတွေကို
နွေးထွေးအောင်
မလွှမ်းခြုံပေးနိုင်ကြဘူး......
“ဟို…အရင်ချိန်တွေ တမ်းတမက်မော….”
လို့ ဒွေးဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ကို သတိရသွားတယ်…..။ ဟုတ်တယ် အရင်တုန်းကဆို
ဒီလိုညဖက် ကိုယ်စာတွေရေးနေတတ်တဲ့အချိန်တွေမှာ မင်းကိုယ်နဲ့စကားလာပြောတတ်တယ်…။
ကိုယ်တို့ ကော်ဖီအတူသောက်ကြတယ်….။ ဟိုအကြောင်းဒီအကြောင်းတွေပြောရင်း…
တခါတခါစကားကြောတွေမတည့်ကြဘဲ… သုံးလေးရက်တစ်ပတ်လောက်စကားမပြောဖြစ်ကြပြန်ဘူး…တိတ်တိတ်ကလေးစိတ်ကောက်ကြတယ်…။
အဲလိုအချိန်မျိုးကို… ကိုယ်ဘယ်တော့မှ…ပြန်မရနိုင်တော့ဘူးတဲ့…..။
မိုးငွေ့
6 comments:
တစ်နေ့တော့ အိန်ဂျယ်ပြန်လာမှာပါ....နောင်တတွေတစ်
ပွေ့တစ်ပိုက်နဲ့....၊အဲ့အချိန်ကျ လုံးဝအလျော့မပေးနဲ့
နော်.....မမီး.........။
အလွမ်းတွေ လွှမ်းထားတဲ့
ဒီနှစ် ဒီဇင်ဘာဆောင်းက
ကိုယ့်အတွက်
နှလုံးသားထဲမှာ
ရေခဲနန်းတော်အလား
ချမ်းအေးလွန်တယ် အိန်ဂျယ်ရယ် ။
ဟိ လွမ်းနေသူကို ထပ်လွမ်းအောင်လုပ်တယ်လို့တော့မထင်ပါနဲ့နော် ။
အိန်ဂျယ်နဲ့လည်း ကောက်ကြတယ်ပေါ့ :P xD
ပြီးဆုံးသွားတဲ့အချိန်တွေ ပြန်မရနိုင်တော့တာမို့
လက်ရှိအချိန်တွေကို တန်ဘိုးထားနိုင်ပါစေမိုးငွေ့ရေး)
တမ်းတလွမ်းဆွတ်မှုတွေကို အိန်ဂျယ်လေးသိနေမှာပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပျောက်ဆုံးသွားတဲ့ နူးညံ့တဲ့ ငြင်းခုန်မှုကို သူလည်း တမ်းတနေမှာပါ မီးမီးရာ
တစ်နေ့ပြန်ရလာမှာလို့ပဲ ယုံကြည်ထားပါမမ။
Post a Comment