“Mariah Carey” သူ့ကို ကိုယ်စသိတာ Hero ဆိုတဲ့သီချင်းကပါ….။
သူ့အသံကစူးရှတယ် ဆွဲပြီးအော်နိုင်တဲ့အသံ…။ သူတို့ဆီမှာလုပ်တဲ့ Divas Live ဆိုတဲ့
တကယ့်အသံဘုရင်မတွေချည်း စုစည်းထားတဲ့ ဂီတပွဲတော်မှာ မာရိုင်ယာလည်းပါဝင်ဆင်နွှဲရတဲ့
အဆိုဘုရင်မတစ်ယောက်ပေါ့….။ သူ့ရဲ့ E=Mc2 (အမ်စီစကွဲ)ဆိုတဲ့ အမ်ဘမ်ထဲက
သီချင်းတွေကိုအကုန်ကြိုက်တယ်…။ ပြီးတော့ ဆုံးပါးသွားတဲ့ သူ့အဖိုးကို ရည်ညွှန်းပြီး
ဆိုထားခဲ့တဲ့ Bye Bye ကိုလည်းအရမ်းကြိုက်တယ်….။ အဲဒီရှေ့ပိုင်း
အမ်တီဗီမှာအမြဲလွှင့်လေ့ရှိတဲ့ ပြန်ဆိုတေးတွေထဲက “I’ll Be There” တို့ “Without You” တို့ “Endless Love”တို့လိုစုံတွဲသီဆိုတဲ့သီချင်း… မကြာသေးခင်က
မူးယစ်ဆေးဝါးသုံးစွဲလွန်လို့သေဆုံးသွားခဲ့တဲ့ အသံဘုရင်မတစ်ယောက်ဖြစ်တဲ့ Witney
Huston နဲ့အတူ Duet ဆိုထားတဲ့ “When You Believe” စတာတွေဟာ… တကယ့်သီချင်းကောင်းတွေပါ…
ဘယ်အခါနားထောင်နားထောင် မရိုးစေတဲ့ သီချင်းတွေ…။ သီချင်းလေးတွေကို လင့်ချိတ်ပေးထားပါတယ် ကြိုက်တဲ့တစ်ပုဒ်ကို နားထောင်သွားလို့ရပါတယ်..။
ကိုယ်နောက်ဆုံးနားထောင်ဖြစ်တဲ့ မာရိုင်ယာရဲ့
Obsessed အမ်လ်ဘမ်ထဲက အဲဒီTitle သီချင်းကိုလည်းကြိုက်တယ်…။
သူ့သီချင်းအကုန်လုံးနားထောင်ကောင်းတယ်…။ စီဒီဆိုင်တွေရောက်ရင် သူ့သီချင်းတွေ
အစအဆုံးစုထားတဲ့ ခွေတွေ့ရင်ဝယ်ဖြစ်တယ်…။ World Tour လို ကမ္ဘာလှည့်ဆိုတဲ့ Live Show
တွေဆိုလည်း ၀ယ်ကြည့်ဖြစ်တယ်..။ သီချင်းတွေသာထပ်ပေမယ့် သူ့ အမ်တီဗီတွေဆို
ဝယ်ဖြစ်နေရော..ကြိုက်လို့..။ အဲဒီထဲက
Ne-Yo featuring ပါဝင်သီဆိုထားတဲ့ Angels Cry ကိုတင်ပေးထားပါတယ်…။
အိန်ဂျယ်…မင်းလည်းကိုယ့်ဆီကို မျက်စိလည်လမ်းမှားလို့
အလည်တစ်ခေါက်ရောက်လာဖြစ်ခဲ့မယ်ဆိုရင် ဒီသီချင်းလေးကို နားထောင်သွားပါနော်…..
Pleaseeeee….
baby….:)
မိုးငွေ့
9 comments:
မမရဲ့ အိန်ဂျယ် မျက်စိလည်လမ်းမှားတာမဟုတ်ဘဲ မမဘလော့လေးကို တကူးတကလာလည်ပါစေမမ။
တမင်လာလည်ရင်း နားထောင်သွားတယ်မမ ညီမလေးလည်း သူ့ကို သဘောကျတယ် ..:)
တိပါဘူး....အိန်ဂျယ်တစ်ယောက် ငိုနေပီလားလို့..... :)
မျှော်လင့်တောင့်တမှုလေးတွေကြောင့် မဖိတ်ခေါ်ပဲ အိန်ဂျယ်ရောက်လာမှာပါ မိုးငွေ့ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Mariah Carey ကို သူ့အသံစူးရှရှလေးကို ကြိုက်တယ်
အိန်ဂျယ်(White Angel) လာဖတ်သွားတယ်နော်....း)
M.Carey က.. ခုထိ ကမ္ဘာမှာ ဈေးအကြီးဆုံး အဆိုတော်ပဲအစ်မရဲ့.. ဆွဲတဲ့အသံတွေအရမ်းမိုက်တာ.
Westlife နဲ့ပြန်ဆိုထားသေးတဲ့ Aganst all odds.. ဆို အရမ်းကြိုက်တာ.
Mariah ရဲ့အသံက မှန်တွေတောင်အက်ကွဲစေတဲ့ အစွမ်းရှိတယ်ဆိုပဲ အစ်မရေ..။ ဒီသီချင်းကိုလဲကြိုက်တယ်။ အိန်ဂျယ်ကြိုက်မကြိုက်တော့ သိဘူးး))
နိုင်ငံခြားသီချင်းတွေတော်တော်နားထောင်ထားတာပဲ။အခုပို့စ်ကိုဖတ်ရင်းနိုင်ငံခြားသီချင်းတွေအကြောင်းရေးတာလို့ကောက်ချက်ချမလို့ရှိသေးတယ်နောက်ဆုံးကျတော့အိန်ဂျယ်ကပါလာပြန်ရော။အိန်ဂျယ်နဲ့လွတ်တဲ့ပို့စ်မရှိလောက်ဘူးထင်တယ်နော်။ :)။ မှတ်ချက်တွေထဲမှာ အဖြူရောင်နတ်သမီးရေးသွားတာကိုအကြိုက်ဆုံးပဲ။သဘောကျမိတယ်။
Post a Comment