အစရဲ့အဆုံး
ငါသွားမယ်. အဝေးဆုံးခရီး
ငါ့နောက်ကြောမှာပဲ
ဆုံးနေလေရဲ့...။
ငါသိချင်တဲ့ အနက်အဓိပ္ပါယ်
ငါ့ခန္ဓာကိုယ်ထဲမှာပဲ
ဆုံးလေရဲ့....။
ငါလိုချင်တဲ့ ချမ်းသာကြွယ်ဝမှု
ငါ့နှလုံးသားထဲမှာပဲ
ဆုံးလေရ့....။
အသွားခင်ကတဲက
အဝေးဆုံးကိုရောက်နှင့်နေခဲ့
ဘာမှမသိခင်ကတဲက
အားလုံးကိုသိနှင့်နေခဲ့
ဆင်းရဲမွဲတေစွာနဲ့ချမ်းသာကြွယ်ဝနေခဲ့ပါပေါ့...။ ။ သာဂဒိုး (တောင်ကြီး)
No comments:
Post a Comment