ချစ်သူ
ချစ်သူဆိုတာ ငါ့အဘိဓာန်ထဲမှာ
အရာအားလုံးနဲ့ကင်းလွတ်တဲ့ ဝေါဟာရပါ...။
ပုံပြင်ထဲက မင်းသားလိုလဲ တင့်တယ်အပြစ်ကင်းတယ်
သံစဉ်ဖေါ့ဖေါ့လေးတွေနဲ့ငါ့ရဲ့နေ့သစ်တွေကို
အရောင်တင်ပေးတတ်သူလည်းဖြစ်တယ်....။
မှောင်မိုက်အတိပြီးတဲ့ ညတွေကို အခန်းဆက်စကားလုံးတွေနဲ့
လင်းချင်းစေနိုင်သူလည်းဖြစ်တယ်...။
ငါ့အပေါ်နူးနူးညံ့ညံ့ဖြာကျနေမယ့်
အဖြူရောင်လရောင်ခြည်လေးလည်းဖြစ်သေးတယ်...
ငါ့ရဲ့အနာဂတ်တွေကို ဖွဲ့နွဲ့ပေးသူလည်းဖြစ်တယ်
ပြီးတော့....အဲဒီအရာအားလုံးကို
ဖျက်ခြွေနိုင်သူလည်းဖြစ်သေးတယ်လေ...။ ။ မနော်ဟရီ
စာကြွင်း။ ။ ဆရာမ မနော်ဟရီရဲ့သိပ်လှတဲ့ ကဗျာတစ်ပုဒ်ပါ။ သူငယ်ချင်းအားလုံးကိုဝေမျှပေးလိုက်ပါတယ်
2 comments:
ဒီကဗျာလေးလာပြန်ယူပြီးဘလော့ခ်မှာတင်လိုက်သေး
တယ်..ကျေးဇူးတင်စကားမပြောခဲ့ရဘူး
ဆရာမ မနော်ဟရီ ကဗျာတွေက တော်တော်လေးကောင်းတယ်...
ကျွန်တော်ကလည်း သူရဲ့ စာဖတ်ပရိသတ်ပါ...
Post a Comment