အပေါ်က ဖက်ရှင်ပုံတွေကတော့ တော်ဝင်စင်တာအောက်ထပ်က Brand ဖက်ရှင်ဝတ်စုံတွေ အိတ်တွေပါ...။ ဘာဝယ်ခဲ့လဲ ဆိုတော့ အပေါ်ဆုံးပုံက မီးခိုးရောင် ရှပ်ကော်လံနဲ့ iora ကအကျီင်္လေး.. ။လာမယ့်စနေ ရုံးမှာ ကထိန်လုပ်မှာလေ..။ အဲဒါ မြန်မာအကျီင်္တွေဘာတွေ မ၀တ်နိုင်တော့ဘူး ဒီမှာ ရာသီဥတုက တအားပူတယ်...လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး အ၀တ်တွေပဲကောင်းတယ်...။ လုံချည်က ပိုးမဟုတ်ဘူး ချည်လည်းမဟုတ်ဘူး စီလွန်ထင်တာပဲ နဲနဲ မာခေါက်ခေါက်ဖြစ်တယ် ၀တ်ရလွယ်အောင် ချိပ်နဲ့ချုပ်လိုက်တယ်...။ လက်ဆောင်ရထားတာလေးပါ...။ ရုံးနေ့တစ်ဝက်ဆိုတော့ ကျန်တစ်ဝက်ကို ခုလို လျှောက်သွားလိုက်တယ်...။
တော်ဝင်ပြီးတော့ မော်တင်ဆက်သွားတယ် ..။ ထုံးစံအတိုင်းမော်တင်Junction မှာလူရှင်းတော့ Neo Cafe မှာစားဖြစ်တာတွေ....။ ဒါက ကျမရဲ့ စနေညနေခင်းစာ...။ ထမင်းမစားတော့ဘူး အဲဒီအသုပ်တစ်ပွဲနဲ့ အိုကေသွားတယ်...။ ((ဟမ်)) ဘာကြောင့်အအေးနှစ်ခွက်ဖြစ်နေရတာလဲ...တဲ့?? ဒါတော့ လုံးဝမဖြေရှင်းဘူး အသက်သာ အသေခံလိုက်မယ်....။
13 comments:
“ ယိုးဒယား ပင်လယ်ကြာဇံသုပ် ” တော်ပြီ...ယိုးဒယားစာချည်းစားနေရလို့ စိတ်ညစ်နေတာ...သူရို့အစားအစာက မြန်မာ့လျှာနဲ့ ဘယ်လိုမှကို ခံတွင်းမလိုက်တာ...ချိုစပ် ချိုစပ်နဲ့...
အအေးနှစ်ခွက်ဖြစ်နေတာ နှစ်ခွက်မှာထားလို့ပေါ့ကွယ်...
ဦးဟန်ကြည်တို့က အတွေးမခေါင်ပါဘူးဗျား...အသက်လည်း အသေမခံပါနဲ့...မိုးငွေ့တစ်ယောက် အအေးတစ်ခွက်နဲ့ မတင်းတိမ်လို့ နှစ်ခွက်သောက်တယ်လို့ မှတ်ပါတယ်...းးး)))
အေးလေ.. အေးလေ..
ဦးဟန်ကြည်ပြောသလိုဘဲ တစ်ယောက်တည်း ၂ခွက်သောက်ဖို့ မှာထားတာပေါ့.. မေးပါဘူး ဘာလို့မေးရမလဲ.. ဟဲဟဲ..
ကိုယ့်ဖာသာ ထင်ချင်သလို ထင်ပစ်လိုက်တယ်လေ.. ကောင်းဘူးလား..
အရုပ်တွေဘဲ ရိုက်လာတယ်.. ဆိုင်က ကောင်မလေး လှတပတလေးတွေလည်း ရိုက်လာတာ ဟုတ်ဘူး...
အပေါ်ဆုံးက မယ်မင်းကြီးမ နှယ်....အနေအထိုင်တတ်
လိုက်တာ.....:))) အအေးနှစ်ခွက်ဖြစ်မှာပေါ့...တစ်ခွက်က
မနှင်းဆီအတွက်.......:)))
ဟင့်အင်း စင်္ကာပူဈေးနဲ့ ဖြတ်တာတွေ ဘာတွေ မသိဘူး...ပဲကြာဇံ သုတ်ပဲ စိတ်ဝင်စားတယ်..
မကြည့်မိအကောင်းသား အခုတော့ ဗိုက်ဆာဘီ.... ပို့ပေးလိုက်ပါလားဟင်...လေးငါးပွဲလောက်။
ပိုက်တွေ ကုန်တော့မှာဘဲ.
ရွှေချောလိုပဲ ဘာ့ကြောင့် အအေး၂ခွက်ဖြစ်နေလဲလို့ တို့လည်း မေးမသွားဘူး၊ အသေသတ်လိုက်....:P
ယိုးဒယား ပင်လယ်ကြာဇံသုပ် ကတော့ဟုတ်ပါပြီ
တစ်ယောက်သွားတာလား နှစ်ယောက်လား(သူငယ်ချင်း)
နှစ်ယောက်ထင်တယ် အစားတူတူစားတယ်
တစ်တယာက်တစ်ခွက်သောက်တယ်
ဟုတ်တယ်ဟုတ် ။
သေချာတာ တစ်ခွက်က ဂျက် အတွက်မဟုတ်ဘူးဆိုတာပါ ။
ချစ်တဲ့ ဂျက်
တော်သေးတာပေါ့.. မနှင်းဆီမပါလို့.... :P
အအေးနှစ်ခွက်ဖြစ်နေတာကို မမေးမိပါဘူး.. ကိုယ့်ဟာကိုယ်ပဲ သဘောပေါက်လိုက်တယ်.. ဟဟဟ :P :P
ရှော့ပင်းနိုင်သူတွေကိုအားကျသဗျို့း)
း)
ဘာလို့အအေးနှစ်ခွက်ဖြစ်နေရလဲဆိုတာ
လုံးဝမမေးဘူး..
သေရင်သေပလိမ့်စေ...ဟီးးဟီးး
ယိုးဒယားပဲကြာဇံသုတ်ကို
ကိုယ်ထိလက်ေ၇ာက်ပြစ်မှားလို့မရလို့
စိတ်နဲ့ဘဲ အကြိမ်ကြိမ်ပြစ်မှားပလိုက်တယ်
ရှလွတ်
ပို့စ်ပဲ ဖတ်သွားတယ်မမ ... အအေးနှစ်ခွက်အကြောင်း မမေးဘူးနော်မမ :):)
မိုးငွေ့လေး စားပုတ်တယ်တော့ ... အအေးနှစ်ခွက်တောင်သောက်တယ်..။ :)
အအေး၂ခွက် ဆိုင်ကမှားချသွားတာနဲ့ တူတယ်။း)
Post a Comment