
တကယ်ဆို အဲဒီညက... ကိုယ့်အနားမှာ အိန်ဂျယ်ရှိနေရမှာ...............။ဟောလိုဝင်းညကဘယ်သွားသေးလဲတဲ့...အိန်ဂျယ်ကကိုယ့်ကိုမေးတယ်.... ပြီးတော့ပျောက်သွားတယ်.....။ အဲဒီညက ကိုယ်မင်းကိုပြောခဲ့သလို အနက်ရောင်ဝတ်ရုံနဲ့ ငွေမှင်ရောင်ဆံပင်ရှည်ရှည် မျက်လုံးစိမ်းဖန့်ဖန့်နဲ့ သေမင်းရဲ့တမန်တော်လဲ မလုပ်ဖြစ်ခဲ့ပါဘူး.....။
မင်းသိပ်ကြိုက်တဲ့ အဖြူဆွတ်ဆွတ်တီရှပ်နဲ့ ဂျင်းဘောင်းဘီလေးပဲ ရိုးစင်းစွာဝတ်သွားခဲ့ပါတယ်.....။ သွားမယ့်သာသွားလိုက်တယ်....ကိုယ်အဲလို လူများပြီး ရှုပ်တဲ့နေရာတွေကိုမသွားချင်ဘူး အသက်ရှူကျပ်လို့...။ မှောင်ထဲမှာ သူများတွေ ကခုံပျော်မြူးနေတာကိုကြည့်ပြီး ကိုယ်တော့မပျော်နိုင်ခဲ့ပါဘူး....။ အိန်ဂျယ့်ကိုပဲ အချိန်တိုင်းသတိရနေတာကိုးး...။အထူးသဖြင့် ဒီလို ဟောလိုဝင်းညမှာပေါ့...။ တခါက မင်းကို ကိုယ်ပြောခဲ့ဖူးတယ်လေ ဟော ဒီနေရာလေးမှာ...။
တကယ်ဆို အိန်ဂျယ်ကလဲ City of Angel ကားထဲက နီကိုးလပ်ကေ့ခ်ျလို ၀တ်ရုံနဲ့ နောက်ကျောမှာ အတောင်ပံတစ်စုံနဲ့ ကိုယ်ကလဲ အိန်ဂျယ်နဲ့လိုက်ဖက်အောင် ဂါဝန်အဖြူရောင်လှလှလေးနဲ့ အတောင်ပံလေးတပ်ထားလို့ အဲဒီပွဲကို အတူသွားလိုက်ရမှာ....။ ခုတော့ကွယ်.........။
ဒါနဲ့ မင်းကရော အဲညက ဘာလုပ်နေလဲ....ဘယ်တွေရောက်နေလဲ......။ မင်းသူငယ်ချင်းတစ်ယောက်ဆီကကြားတယ် မင်းအလုပ်မှာ ရာထူးတိုးသွားတယ် လစာလဲတိုးတယ်တဲ့...။ ၀မ်းသာပါတယ် အိန်ဂျယ်....။ အဲဒီအတွက်နဲ့ အထိမ်းအမှတ်လေးတစ်ခုလောက်တောင် မင်းအတွက် ကိုယ်မလုပ်ပေးနိုင်ဘူး... လုပ်ပေးခွင့်မရှိဘူးတဲ့......။ အိန်ဂျယ်ရယ်..... မင်းအဆင်ပြေတယ်ဆိုပြီးတာပါပဲ...။
မင်းအပေါ်ထားတဲ့ ကိုယ့်အချစ်တွေက မင်းကြိုက်နှစ်သက်တဲ့ အရောင်လိုပဲ အဖြူထည်သက်သက်လေ....။ ဒါကို မင်းအသိဆုံးပါ အိန်ဂျယ်....။ ဒါကြောင့် အိန်ဂျယ်ဆိုတာ ကိုယ့်ဘ၀ကနေ ဘယ်တော့ပျောက်ကွယ်သွားမှာမဟုတ်ဘူး....။
မိုးငွေ့
9 comments:
ဟောလိုးအင်း အက်ဆေးလေးကို ခံစားသွားပါတယ် ခင်ဗျာ ...
ဘယ်လိုလဲအိန်ဂျယ်..?
{http://i41.tinypic.com/v8q5x4.jpg}
အဆင်ပြေနေတယ်ဆို ပြိးတာပါပဲ အိန်ဂျယ် ...:)
အဲဒီစိတ်သဘောထားလေး သဘောကျတယ် ...မမရေ..
ရယူလိုခြင်းကင်းတဲ့ အိန်ဂျယ့်အပေါ်ထားတဲ့ ချစ်ခြင်းပေါ့...
အိန်ဂျယ်သိရင်လဲ ကျေနပ်မှာပါ။
မိုးငွေ့ဆိုတာ ကိုယ့်ဘ၀ကနေ ဘယ်တော့ပျောက်ကွယ်သွားမှာမဟုတ်ဘူး
ခံစားဖတ်ခဲ့ပါတယ်မိုးငွေ့ရေ...
ချစ်တဲ့ jasmine
ဟောလိုဝင်းမှာ မိုးငွေ့တို့က ၀တ်စုံလိုသေးတယ်...အိန်ဂျယ်ဖြစ်ချင်သကိုး...ဦးဟန်ကြည်တို့တော့ ၀တ်စုံမလိုပေါင်...လောင်းကုတ်တစ်ထည်ကောက်စွတ်လိုက်ရင် ဒရက်ဂူလာမြို့စားကြီးပုံနဲ့ ကွက်တိကိုကျလို့...
ဟင်းဟင်းဟင်း
အဲဒီအိန်ဂျယ်ကိုတော့ အရမ်းသိချင်နေပြီနော်
အိန်ဂျယ်သာအဆင်ပြေနေမယ်ဆိုရင်
အရာအားလုံးဟာ ငြိမ်းချမ်းနေပြီပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ရင်ထဲကမေတ္တာတွေက အိန်ဂျယ်အပေါ်ကြီးမားလှပါတယ်။ အိန်ဂျယ်သိနိုင်ပါစေခင်ဗျာ။
Post a Comment