Monday, 14 November 2011

သံစဉ်များနဲ့မှောင်မိုက်ည.....




ဟင့်အင်း ကိုယ်မအိပ်ချင်သေးပါဘူး.....။ ခုနေသွားအိပ်လဲ အိပ်ပျော်မှာမှမဟုတ်ဘဲ.....။ မင်းဆိုပြခဲ့ဖူးတဲ့ သီချင်းလေးကို နားကျပ်လေးနဲ့ နားမှာတပ်ပြီး မိုးလင်းပေါက် လည်နေအောင် ကိုယ်နားထောင်ရမလား......။

အနှောက်အယှက်တွေကများလိုက်တာ.......။ စကားလဲ ကောင်းကောင်းမပြောရပါဘူး.....။ မတွေ့တာတော်တော်ကြာတဲ့အထဲမှာ စကားတော်တော်လေးပြောဖြစ်တဲ့ညလေးပါ...။ ထုံးစံအတိုင်းပေါ့ လိုင်းကချာတော့.....။ ခုချိန်ထိ ကိုယ်တို့အေးအေးဆေးဆေး မတွေ့ရသေးဘူးနော်...။ တစ်ခါလောက် သီချင်းအတူသွားနားထောင်ရအောင်လေ....နော် ...အိန်ဂျယ်.... ကိုယ်နဲ့ လိုက်ခဲ့မယ်မဟုတ်လား..။

ကိုယ်က မင်းလိုသီချင်းမဆိုတတ်ပါဘူး...ဒါပေမယ့် သီချင်းတွေကိုချစ်တယ်...မင်းလိုပဲလေ....။ ဂီတရဲ့ ပျံ့လွင့်ဆွဲဆောင်မှုနဲ့အတူ ကိုယ်တို့ချစ်ခြင်းတွေလည်း ပျော်ဝင်နေတာပါ......။ အိန်ဂျယ်နဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ ချစ်ခြင်းတွေကို သံစဉ်တွေကြားထဲမှာ ကိုယ့်ရဲ့ အက်ဆေးလှလှတွေထဲမှာ အဖြူရောင်တိမ်အုပ်တွေထဲမှာ.... လေပြေနုနုမှာ မဆုံးတန်းတွေ့မြင်ကြရမှာပါ........။

လွမ်းတယ် အိန်ဂျယ်......။

မင်းကိုလွမ်းတိုင်း မင်းဆိုပြခဲ့ဖူးတဲ့ သီချင်းကို အထပ်ထပ်နားထောင်တယ်....။ မင်းအမြဲဇာတ်လိုက်နေရာကပါတဲ့ အက်ဆေးတွေကို ပြန်ပြန်ဖတ်တယ်..........။ ကိုယ့်အက်ဆေးထဲမှာ မင်းနေသားကျလောက်ရောပေါ့ နော်......။ အပြင်ဘက်မှာမပြောနဲ့ ကိုယ်တို့မှာ အက်ဆေးထဲမှာတောင် တွေ့ဆုံနိုင်ခွင့်မရှိပါလား.... အလွမ်းတွေချည်းပြည့်ကျပ်သိပ်နေတယ်........။

မင်းကရော...အိန်ဂျယ်... တခါတလေလေးများ ကိုယ့်ကို သတိရလွမ်းဆွတ်တတ်ပါသလား.........။ ကိုယ့်မှာ မင်းအဲလိုလေးခံစားမှုဖြစ်လာစေလောက်တဲ့ စွမ်းအားမရှိလောက်ဘူးလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့နေခဲ့ဖူးတယ် အကြိမ်ကြိမ်ပါပဲ.......။


မိုးငွေ့


10 comments:

ဖြိုးမောင်မောင်(CTM) said...

နားမလည်ဘူး အိန်ဂျယ်ကသီချင်းလဲလာဆိုပြတယ်ပေါ့လေ ပြီတော့အွန်လိုင်းလဲသုံးတာပဲလား ကရာအိုကေလဲသွားဆိုအုံးမယ်ပေါ့လေ တကယ်ကိုနားမလည်ဘူး ပါးစပ်လေးဟပြီး ပြန်ခဲ့တယ်။

Anonymous said...

အိန်ဂျယ်ရေ... အိန်ဂျယ်ရေ... ဂစ်တာတီးပြီး သီချင်းဆိုပြပါဦးဟေ့...း)

ခင်တဲ့
မေသိမ့်

Anonymous said...

အိန်ဂျယ်လို့မခေါ်လို့မရဘူးလား ဟင်
ခိုင်သင်းကြည်ပြောသလို နင်ငါ့ကို အဒေါ်ကြီးလို့မခေါ်နဲ့ပြောထားတာမမှတ်မိဘူးလား
နင့်ဖုန်းပြန်မပေးနိုင်ဘူး ဒါဘဲ

blackroze said...

ကြာလေ..သိချင်လေဘဲ ဟီးးဟီးး
who is အိန်ဂျယ် ?

မဒမ်ကိုး said...

အိန်ဂျယ်လေးရေ

ခုမှလာနိုင်ခဲ့တာခွင့်လွှတ်ပါကွယ်
နှုတ်မဆက်ပဲထွက်ခွာသွားတဲ့ သူကလေးကြောင့် နားနေရလို့ပါ

အိန်ဂျယ်ပျော်ရွှင်ပါစေနော်း)

ဒိုးကန်

Cameron said...

ဖြိုး>>အိန်ဂျယ့်ပို့စ်ကိုခုမှလာဖတ်ပြီး နားမလည်ဘူးပြောသွားတယ်...အစအဆုံးဖတ်တဲ့သူတွေက သဘောပေါက်တယ်...။ သဘောမပေါက်တဲ့ဖြိုးအတွက် နောက်တစ်ပို့စ်ကျရင် အိန်ဂျယ်ကိုယ်တိုင် သူ့ကိုသူမိတ်ဆက်မယ့်ပို့စ်လေးတင်ပေးမယ်...။

ညိမ်းနိုင် said...

ယုံကြည်မှုတွေ ထားပါအစ်မရ...အိန်ဂျယ်လည်း သတိရ
လွမ်းဆွတ်နေမှာပါ....၊ကျွန်တော်တွေ့ရင်လည်းပြောပြ
လိုက်မယ်လေ.....:)

Han Kyi said...

ကိုင်း...
အိန်ဂျယ်ရေ
နေကွယ်ကာ လမင်းထွက်ရင်ဖြင့်
ချစ်ခြင်းတွေ ရင်ဝယ်ပိုက်လို့
တိမ်တိုက်တွေ လျှပ်တိုက်စီး
( မိုးငွေ့ရှိရာကို )
ချက်ချင်းကြီး လာခဲ့စေဗျား...


ဘာမှမပူနဲ့ ဦးဟန်ကြည်တို့လည်း အနှီအိန်ဂျယ်ဆိုတဲ့အမောင်ကြားအောင် ၀ိုင်းဝန်းကာ အော်ဟစ်ပေးကြမှာပ...

ချော(အစိမ်းရောင်လွင်ပြင်) said...

အိန်ဂျယ်လေးကလည်း သတိရနေမှာပါ...
တွေ့ရင်တော့ သီချင်းဆိုပြမယ်လို့လည်း တိုးတိုးလေး ပြောနေသေးတယ်..
အားမငယ်ပါနဲ့ အားတင်းထားပါတဲ့.. မှာလေရဲ့

Cameron said...

ဆရာဦးဟန်ကြည်ရဲ့ ကော်မန့်ကို အကြိုက်ဆုံးပဲး)