Tuesday, 1 November 2011

သီးရွက်စုံပဲကြာဇံသုပ်နှင့် အကြော်များ....

သီးရွက်စုံပဲကြာဇံသုပ်

ပဲကြာဇံပြုတ်၊ သခွားသီး၊ ဥနီ၊ ခရမ်းချဉ်သီး၊ ငရုတ်နီ၊ ပင်စိမ်းရွက်နဲ့ ဟင်းနုနွယ်ရေနွေးဖျော


အဲဒီဇလုံထဲက သီးရွက်စုံနဲ့ပဲကြာဇံထဲကို ကြက်သွန်ဖြူဆီချက် ငံပြာရည် နှမ်းဆီနည်းနည်းနဲ့ သံပုရာသီးညှစ်ပြီး နယ်လိုက်ရုံပါပဲ....။ တော်တော်လွယ်တဲ့ အသုပ်နော်....။ မွှေးပြီး ချဉ်စပ်လေးနဲ့ စားကောင်းတယ်...။

ငါးသလဲထိုး အီတလီကြော်


ငါးသလဲထိုး ကြက်ဥနှစ်ရည်နဲ့ ဂျုံမှုန့်


ဒါက mini cook book အီတာလျံစာချက်နည်းထဲကဖတ်ထားတဲ့ ငါးကြော်နည်းလေးပါ....။ ပူပူးလေးစားမှပိုကောင်းတယ်...။ ကြက်ဥပါတော့ မွမွလေးနဲ့စားကောင်းတယ်....။ အေးသွားရင်တော့ မကြွပ်တော့ဘူး... ဒါကြောင့်ပူတုန်းလေးစားပါ...။ ငါးသလဲထိုးကို ကြက်သားမှုန့်နဲနဲနဲ့ နယ်ထားပြီး ဂျုံမှုန့်လူး ကြက်ဥခေါက်ထားတဲ့ထဲထည့်နှစ် ဆီပူပူမှာကြော်ပါ...။


တန်ပူရာကြော်စုံ


မုန့်နှစ်စပ်တာ ရေနည်းသွားလို့ ကျမရဲ့ တန်ပူရာကြော်က ဗူးသီးကြော်ရုပ်ပေါက်သွားပါတယ်....။ ရေခပ်ကျဲကျဲလေးစပ်မှသာ ကြွပ်ရွပြီး ပုံမှာပါတဲ့ ဂျပန် တန်ပူရာဆော့စ်လေးနဲ့ တို့စားပါ...ဂွတ်ရှယ်ပဲ...။ သူလည်းပဲ အိုးထဲက ထုတ်တာနဲ့သုံးဆောင်ရင် ပိုအရသာရှိပါတယ်...။


ကန်ဇွန်းဥ၊ အာလူး၊ မုန်လာဥနီ


တန်ပူရာကြော်ဖို့ ဘာတာ


ဘာတာမှုန့်ထဲကို ကြက်ဥနှစ်ထည့်






ရေထည့်ပြီး မွှေထားတဲ့ မုန့်နှစ်


ငြုတ်သီးအစာသွပ်ကြော်


ငရုတ်သီးအစာသွပ်က ငရုတ်သီးကြွပ်နေလို့ အစာထည့်ရင်းကွဲကုန်တာနဲ့မထူးဘူး ဓါးနဲ့ထက်ခြမ်းခွဲ ချလိုက်တယ် ..။ အသားလဲထည့်လို့လွယ်သွားတယ်....။ အောက်ပုံမှာပြထားတဲ့ ကြက်သားကို အစာပလာတွေနဲ့နယ်ပြီင်္း မိနစ်နှစ်ဆယ်နှပ်ထားမယ်...။ အဲဒီချိန်မှာ ငရုတ်သီးတွေကို အစေ့ထုတ်ပြီး ခွဲခြမ်းထား...။ မီးမြေ့မြေ့နဲ့ကြော်ပါမယ် မဟုတ်ရင် အသားမကျက်ဘဲ တူးကုန်မယ်လေ...။


ငရုတ်သီးအစာသွပ်အတွက် ကြိတ်ပြီးသားကြက်သား၊
ကြက်သွန်နီ၊ ကြက်သွန်မှိတ်၊ ငရုတ်ကောင်းမှုန့်၊ ပြောင်းမှုန့်




စားမြိန်ကြပါစေ....း)



မိုးငွေ့



13 comments:

စံပယ်ချို said...

ဗိုက်ပြည့်သွားပြီမိုးငွေ့ရေ
အသုပ်လေးကတော့လွယ်မယ့်ပုံလေးပါ
ကျန်တာတွေခက်မယ်ထင်တယ်
စားချင်စရာလေးတွေနော်လှတပတ
လုပ်တတ်တယ်...
တူတူနေရတဲ့သူတော့ကံကောင်းမယ်
ချစ်တဲ့ မိဂျက်

မီးမီးငယ် said...

အားလုံးစားချင်စရာတွေဘဲ၊
နေ့ လယ်အဆာပြေရေနွေးကြမ်းနဲ့ ဆို၊
အရမ်းမိုက်မှာ..။

rose said...

ပဲကြာဇံသုပ်နဲ့ ငါးသလဲထိုးကြော်လေး စားသွားပြီ... မမိုးငွေ့ရေ။ ဒီပို့စ်ကို နှိပ်နေတာ မရတာနဲ့ အခုမှပဲ ရတော့တယ်း)

mstint said...

စောစောစီးစီး ဝင်လည်မိတော့ ဗိုက်အတော်ဆာသွားပြီ မိုးငွေ့ရေ။ မြန်မာပြည်ပြန်ရောက်တော့ ကွန်နက်ရှင်ကောင်းမယ့်အချိန်လေးတွေမှာ အားထည့်နေရတယ်လေး))။
စားချင်စဖွယ်အားလုံး အားပေးသွားတယ်နော် ကျေးဇူး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Iora said...

တီတင့်လိုဘဲ ဗိုက်ဆာသွားပြီ။
အိုင်အိုရာ

မဒမ်ကိုး said...

အောင်မလေး ငရုတ်သီးက စပ်လိုက်မယ့်ဖြစ်ချင်း

ဒါနဲ့ မိုးရေ ဟိုဟာတွေက ဘာဓားနဲ့လှီးတုန်း
အဲဒါလေးတင်ပေး ပုံလေးကိုလေ..
အိမ်ကဓားအတွန့်က မရဘူး

ခင်တဲ့

အမ်တီအန် said...

အားလားလား...ဗိုက်ဆာနေတုန်း လာဖတ်မိတာ ဒုက္ခတွေ့သွားပြီ...။ ပုံတွေက ပြတ်သားလှပလွန်းတော့ စားချင်စိတ်တွေ ထိမ်းမရတော့ဘူး။ ငါးသလဲထိုး အိမ်မှာ ကြော်စားဦးမယ်။

Angelhlaing(May everybody be happy and healthy! said...

မနာလိုဘူးမမရေ....ဗိုက်ဆာလို့.....ပါ :):)

ချော(အစိမ်းရောင်လွင်ပြင်) said...

ထမင်းစားပြီးတာမှ မကြာသေးဘူး
ဟင်းတွေမြင်တော့ ဗိုက်က ပြန်ဆာလာပြီ.
ဒီပုံနဲ့ဆို ညဆိုရင် အစားအသောက်ရေးတဲ့ ဘလော့တွေ သွားမဖတ်မှဖြစ်တော့မယ်..း)
ခုတော့ မုန့်ထစားရတော့မယ်

...အလင်းစက်များ said...

အောင်မငေး ငြုတ်တီး အစာသွပ်။ ကြားရတာနဲ့  တင်စပ်လာဘီ။ :P

မြည်းကြည့်ချင်သေးသဗျာ။

blackroze said...

သစ်သီးစုံပဲကြာဇံသုတ်လေးကြည့်ပြီး
စားချင်လိုက်တာအမရာ..
ပစ်ပစ်က ပဲကြာဇံအရမ်းကြိုက်တယ်..

အဖြူရောင်နတ်သမီး said...

ဟိုတတို့..ဒီတတို့.. အစုံစားသွား၏..း)

ညီရဲသစ် said...

ငါးသလဲထိုး အီတလီကြော်လေးတော့ စားချင်တယ်... အစ်မ...