
နေသာပေမယ့်....ကောင်းကင်မှာတော့ ခဲသားရောင်နဲ့ အပြာနုရောင်စပ်ထားပုံများ ပန်းချီတကားနှယ်.....။ တိမ်စိုင်ထွေးတွေ.... နေခြည်နုနုတွေ ...ရေလှိုင်းဖွေးဖွေးတွေက သူမအလှမှာ ဝတ်ဆင်းခတွားကြတယ်....။ နတ်သမီးအလား ...လို့ခိုင်းနှိုင်းဖို့မလို...သူမသည် အဖြူရောင်နတ်သမီးတစ်ပါးပဲလေ...။
ကိုယ်အနှစ်သက်ဆုံးကတော့ မင်းရဲ့ နက်မှောင်ကျော့ရှင်းတဲ့ ဆံနွယ်ရှည်ရှည်တွေကိုပါပဲ....။ မိန်းမတို့ဘုန်းဆံထုံး ဆိုသလိုပေ့ါ....။ ကောင်းခြင်းအဖြာဖြာထဲက အဲဒီကောင်းခြင်းနဲ့ပြည့်စုံတာဟာ... နတ်သမီးရဲ့ ဘဝအကျိုးပေး ကုသိုလ်ကံကောင်းခဲ့လို့ပဲဖြစ်မှာပါ.......။
ကဗျာဆရာတစ်ယောက်လို ကိုယ်ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောပြတတ်ပါဘူး.....။ စိတ်ကူးယဉ်စာရေးဆရာတွေမှာ လှပတဲ့ စိတ်ကူးတွေရှိသတဲ့.....။ လှတဲ့စိတ်ကူးကတဆင့် စကားလုံးတွေကို ထင်ဟပ်စေမှာပါ....။ ဒါပေမယ့် အဖြူရောင်နတ်သမီးအတွက် တင်စားစရာ စကားလုံးနဲပါးလိမ့်မယ်ထင်တယ်......။
လှလိုက်တာဟယ်.... အိုက်တင်ကလဲကောင်း ပို့စ်ကလဲပေးတတ် မင်းသမီးလုပ်ပါလား....။ မပြောပါနဲ့ တချိန်က သူမအလွန်ရူးသွပ်ခဲ့ဖူးတဲ့ အနုပညာ...။ ဒါပေမယ့်လည်း ပျော်ရာမှာမနေရ တော်ရာမှာနေဆိုသလို ကိုယ်လုပ်ချင် ဖြစ်ချင်တာကတစ်မျိုး လုပ်နေရတာ ဖြစ်နေရတာကတစ်မျိုးလေ....။ ကိုယ်ကိုယ်တိုင်က အဲလိုဖြစ်နေလို့ ခံစားနားလည်ပေးနိုင်တယ်....။
ဘယ်လိုပဲဖြစ်ဖြစ်ကွယ်...လူဆိုတာ ကိုယ်ကျရာနေရာမှာ တာဝန်ကျေ ကိုယ့်လုပ်ရမယ့်အလုပ်မှာကြိုးစားရင် တစ်ချိန်ချိန်မှာတော့ အဲဒီကိုယ်ဝါသနာမပါဘူးဆိုတဲ့အလုပ်က ကိုယ်တကယ်လုပ်ရမယ့်အလုပ်အတွက် အတွေ့အကြုံ အခြေခံအုတ်မြစ်တစ်ခုဖြစ်သွားစမြဲပါ......။ အဲလိုပဲ နတ်သမီးဖြစ်ချင်တာတွေ တစ်နေ့နေ့ကျရင် အကောင်အထည်လိုက်မြင်ရမှာပါ......။ ကိုယ်ဖြစ်ချင်တာတွေဟာ ဖြစ်ချင်စိတ်အားထက်သန်ရင် တိတ်တိတ်ကလေး ဆုတောင်းနေလဲ.... ဖြစ်ကိုဖြစ်လာတတ်တယ်....။ အချိန်ပဲလိုတာပါ အချိန်ကိုစောင့်ဆိုင်းဖို့ပဲလိုတာပါ...။ ကိုယ့်ကိုယ်ကို ယုံကြည်မှုခိုင်မာသရွေ့ ဆုတောင်းတွေက အမြဲပြည့်နေမှာပါ။
နိုဝင်ဘာ ၁၉ မှာကျရောက်မယ့် သူမမွေးနေ့အတွက် ... ကိုယ့်ရဲ့ အက်ဆေးလက်ဆောင်လေးဟာ... ဆောင်းဦးရဲ့ နှင်းမှုန်လွလွလေးတွေလိုပဲ သူမအသည်းကို အေးချမ်းလို့ ဘဝင်ခိုက်စေမှာ ကိုယ်ယုံကြည်ပါတယ် နတ်သမီးရေ။ ဘာလို့လဲဆိုတော့ ကိုယ့်ရင်ထဲက အစစ်အမှန် ဖွင့်အန်ကျလာတဲ့ စကားလုံးတွေနဲ့ ဖွဲ့ထားတဲ့ အက်ဆေးမို့ပါ....။
အဖြူရောင်နတ်သမီးလေး သည်မွေးနေ့မှစပြီး အမြဲလှပ အမြဲပျော်ရွှင် အခက်အခဲအားလုံးကျော်လွှားနိုင်လို့ လိုတိုင်းတ ဆန္ဒတွေပြည့်ဝပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...။
OK.... See U......... နောက်နှစ်ပြန်ဆုံမယ် မင်္ဂလာခမ်းမကြီးတစ်ခုထဲမှာပေါ့......:)
ps : နတ်သမီးရဲ့ ပုံထဲမှာ အဲဒီပုံလေးကိုအကြိုက်ဆုံးပဲ...။
ချစ်တဲ့....
မိုးငွေ့

4 comments:
ဒို့ လည်း ဆုတောင်းပေးရဥိးမယ်။ မဟုတ်ရင် ထကောက်မှာ ဟီး။
ဘိုင်သဝေး။ ရွာက ဗီယက်နမ်ကြီးတို့  တိုက်အိမ် အကြောင်း ဖတ်သွားပါတယ်။ ကျနော်တို့  နဲ့  နည်းနည်း လေး ဆင်နေလို့  သဘောကျသွားတယ်။ အရာအားလုံး မြဲတယ် မရှိကြပါဘူး လို့ ပဲ သဘောထားလိုက်ပေါ့ဗျာ။
ယခုကျရောက်သောမွေးနေ့မှ
နောင်နှစ်ပေါင်းများစွာ စိတ်ချမ်းသာခြင်း
ကိုယ်ကျန်းမာခြင်း
စိတ်တူ ကိုယ်တူ သူတွေနဲ့ဆုံစည်းရခြင်း
အရာအားလုံးပြည့်စုံပါစေလို့
ဆုတောင်းခဲ့ပါတယ်ရှင်
မိုးငွေ့လိုတော့ရေးတတ်ဘူးကွယ်
ချစ်ချစ်ခင်ခင် jasmine
အက်ဆေး..ဆိုရင် မမိုးကို ဘယ်သူမှလိုက်မမှီဘူး..။
ရေးထားတာလေးက အရမ်းလှတယ်..။
မွေးနေ့လက်ဆောင် အက်ဆေးလေးအတွက် မမိုးကို အရမ်းကျေးဇူးတင်တာပဲ...
မမိုးပြောသလို နောက်နှစ်မှာ ပြန်ဆုံမယ်နော်..။
အာဘွားအကြီးကြီးပေးလိုက်တယ်..ချစ်လို့..ဟိ
မွေးနေ့ရှင် နတ်သမီးကလည်း ချောသလို မမိုးရဲ့ အက်ဆေးကလည်း ဖတ်လို့ကောင်းလိုက်လေ..
ပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်ပါစေ.. ဆန္ဒအားလုံးပြည့်ပါစေ..
မမိုးနဲ့အတူ နတ်သမီးရဲ့ မင်္ဂလာပွဲကို တက်ရောက်ချင်ပါတယ်.။ အမြန်ဆုံး ဖြစ်လာပါစေလို့..
Post a Comment