မနက်ခပ်စောစောဖက်က မြင်လိုက်ရတဲ့ မြူငွေ့တွေလိုပဲ ကိုယ့်မျက်ဝန်းတွေမှာ ငွေ့ရည်ဖွဲ့နေတယ်........။ နောက်ဆုံးတော့ ဟိုးးးး တောင်ထိပ်ဆီက လွမ်းမိုးရိပ်တွေက မိုးတိမ်ညိုညိုဖွဲ့ပြီး မိုးသားအဖြစ်ရွာချလိုက်တော့တယ်......။
တခါတခါကျတော့ ကိုယ့်ခံစားမှုကို လျစ်လျူရှုခံရတယ်လို့ ထင်ပြီး ဝမ်းနည်းမိတာပါ......။
အမှန်တော့ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုအတွက် ကိုယ့်ကိုစိတ်ပျက်သွားစေတော့လို့ တမင်လုပ်တာ... ပြောတာလဲဖြစ်နိုင်တာပဲ...(ကိုယ့်ဘက်ကအတွေးတွေပါ) ။ မဖြစ်နိုင်တဲ့ အရာတစ်ခုကို ဖြစ်အောင်ကိုယ်ကြိုးစားနေတာမှမဟုတ်ဘဲ...။ ကိုယ်နားလည်ပါတယ်.....။
စက်ဝိုင်းသီအိုရီကို ကိုယ်တို့လိုက်နာစရာမလိုပါဘူး....။ မင်းလဲ ဆက်လျှောက် ကိုယ်လဲဆက်လျှောက်မယ်......။ ဆုံဆည်းမှုဆိုတာ လုပ်ယူဖန်တီးလို့ရမယ့်အရာမျိုးမှမဟုတ်ဘဲ.....။ ကံကြမ္မာက မမြင်နိုင်အောင် black spot မိအောင်လုပ်ထားရင် ကိုယ်တို့လဲ ဘာမှမတတ်နိုင်ပါဘူး....။ အဲလိုပဲဖြေသိမ့်တာပေါ့...။
ခံစားမှုတစ်ခုဖြစ်တိုင်းဖြစ်တိုင်း ရင်ထဲကစကားလုံးတွေက ပိတ်ကားပေါ်မှာ စာတန်းထိုးသလို တစ်မျိုးပြီးတစ်မျိုးပြောင်းပြောင်းသွားတယ်........။ ကိုယ့်ရုပ်ရှင်ကို မင်းစိတ်မဝင်စားပါဘူး အိန်ဂျယ်.....။ ဒါပေမယ့် မင်းကြောက်တတ်တဲ့သရဲကားကိုတော့ ကိုယ်ကမမြင်ရဘဲ တစ်ဘက်ကနေကူကြည့်ပေးပါတယ်.......။ မင်းအကြောက်ပြေအောင် စကားပြောပေးမယ်......။
ညဉ့်နက်ပါစေ......ကိုယ်စောင့်နေဦးမယ်.... မင်းရုပ်ရှင်ကြည့်ပြီးတဲ့အချိန်ထိပေါ့....။ မင်းအိပ်ယာမဝင်ခင် အိပ်မက်ထဲမပါသွားအောင် ကိုယ်စကားတွေပြောပေးမယ်.......။ ဘာအိန်ဂျယ်လဲကွယ်....သရဲလဲကြောက်တတ်သတဲ့........။
အိန်ဂျယ်က သရဲကားကြည့်ရင်း ကြောက်စရာအခန်းရောက်ရင်စကားလာလာပြောရင်းနဲ့ပေါ့........။ လိုင်းကလဲကျလိုက်သေး....။ ကိုယ်ခဏကလေးပျောက်သွားတာကို မင်းကသိလိုက်သားပဲ...ကိုယ်မအိပ်သေးပါဘူး လိုင်းကျသွားလို့ပါ...မင်းရုပ်ရှင်ကြည့်ပြီးတဲ့အထိစောင့်ပေးမယ်..။
မင်းဇာတ်ကားကြည့်ပြီးသွားတော့မှ မင်းနဲ့စကားနဲနဲပြောပြီး နှုတ်ဆက် အိပ်ယာဝင်တော့တယ်......။ အိပ်မက်လှလှမက်ပါစေ အိန်ဂျယ်....။
မိုးငွေ့

6 comments:
သရဲကြောက်တတ်တဲ့ အိန်ဂျယ် ဆိုတာ ခုတော့ကြားဖူးပြီး))) မမိုးလည်း အိပ်မက်လှလှမက်ပါစေ..။
တော်တော်ဆိုးတဲ့ အိန်ဂျယ်ဘဲ
ကြောက်လည်းကြောက်တတ်သေး
သရဲကားလည်းကြည့်သေး..
နတ်သမီးလည်း သရဲကားကြိုက်တယ်..း)
ဒါပေမယ့် သရဲတော့ ကြောက်တတ်ဘူး..
ဘာလို့ငိုနေရတာတုန်း
ကြောက်တတ်ရင် ကြည့်နဲ့
ဒိုးကန်ကတော့ သတ္တိအပြည့်
လုံးဝကိုမကြည့်တာ ဟိဟိ
ဒိုးကန်လဲသရဲကြောက်တတ်ပါတယ်း)
တို့ကတော့ လူပဲကြောက်တယ် အိန်ဂျယ်ရေ... :)
ခံစားမှုတွေက ရုပ်ရှင်စာတန်းထိုးသလို တခုပြီးတခု ပြောင်းသွားတယ်ဆိုတဲ့ အဖွဲ့လေး လှလိုက်တာ...၊ ရုပ်ရှင်နဲ့ တူတဲ့ ဘဝတွေထဲမှာ ခံစားမှုတွေက ဒီလိုပဲ ရိပ်ကနဲ ရိပ်ကနဲ ဖြတ်သွားကြမယ် ထင်ပါတယ်လေ..။
Post a Comment