ချစ်သော.....အိန်ဂျယ်
လောကကြီးမှာ လူတွေဟာ ကြောက်စရာကောင်းကောင်းလာကြတယ်နော်.....။ အကြင်နာတရားတွေကင်းမဲ့လာကြတယ်... စာနာမှုတွေမရှိကြတော့ဘူး အိန်ဂျယ်.....။ နှမချင်းစာနာတာတို့ သားသမီးချင်းကိုယ်ချင်းစာတာတို့ဘာတို့လဲ ဝေးပဲ.....။
ကိုယ်ကတော့လေ ဘုရားမှာ အမြဲဆုတောင်းတယ် ကောင်းသော မိတ်ဆွေများနဲ့သာ ဆုံရပါစေလို့လေ...။ ကိုယ်တို့ဘာသာမှာရှိတယ် ကောသလမင်းအိပ်မက် ဆယ့်ခြောက်ခုဆိုတာလေ....မင်းကြားဖူးမှာပါ.....။ ခုဆို အဲဒီအိပ်မက်ထဲကလို အပြင်မှာ တကယ်ဖြစ်လာပြီ တစ်ခုပြီး တစ်ခု..... တစ်ခုပြီး ....တစ်ခုပေါ့။
လူတွေက သိပ်ကြောက်စရာကောင်းတယ်... အိန်ဂျယ်.......။ ကိုယ့်ရဲ့ ရိုးသားမှုကို ခုတုံးလုပ် ယုတ်မာပက်စက်စွာ ရိုးစွပ်ခြင်းကိုခံရတယ်...........။ ပြီးတော့ သူပြောတာမဟုတ်ဘူးလို့ ဗြောင်လိမ်တယ် ဗလောင်းဗလဲကလဲ တတ်နိုင်ပါ့........။ ကိုယ်တော့ ကြားကြားခြင်း တော်တော်လေး အံ့အားသင့်သွားတယ်....။ ဒီလူ ဒီလိုစကားမျိုးကို နဲနဲလေးမှတောင် စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ ဘယ်လိုအတွေးမျိုးနဲ့ ပြောထွက်ပါလိမ့်လို့....။ စကားတစ်ခွန်း အလုပ်တစ်ခုကို ပြောသင့်မပြောသင့် လုပ်သင့်မလုပ်သင့် မစဉ်းစားကြတော့ဘူး လတ်တလောအခြေအနေအရ ပြောချလိုက်တယ်...... ကိုယ့်အပြစ်ကို ဖုံးကွယ်ဖို့ သူများကို အပြစ်ပုံချတယ်..........။
တစ်သက်လုံး လူတွေကို အရိုးခံ အဖြူအတိုင်းပဲ ကြည့်မြင်တတ်တဲ့ ကိုယ်........။ ကိုယ့်စိတ်နဲ့ဆို အဲလို ဘယ်လိုမှပြောထွက်မှာမဟုတ်ဘူး....။ ဒါကြောင့် ကိုယ်အဲဒါကို ကြားကြားခြင်း ဒေါသမဖြစ်ဘဲ ဘယ်လိုစိတ်မျိုးနဲ့ ဒီလိုစကားကိုပြောထွက်သလဲ ဆိုတဲ့ မဆိုင်တဲ့ အဖြေကို ကိုယ့်ဘာသာကိုယ်ခံစားကြည့်ပြီး ထုတ်နေမိတယ်...အိန်ဂျယ်.......။ အမှန်တော့ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်တွေပါ......။ အပြင်လောကမှာ နေရာတိုင်းမှာ ဖြစ်ပျက်နေကျတွေ ကြားဖူးနေကျတွေပါ အိန်ဂျယ်....။ ဒါပေမယ့် ကိုယ့်အသိုင်းအဝိုင်းလောကမှာတော့ ကိုယ်ကိုယ်တိုင်က မေတ္တာနဲ့ပဲလူတိုင်းကိုဆက်ဆံတော့ အမြဲတစေအေးဆေး နေတာလေ....။ ခုလိုကြီး ဝင်နှောက်ခံရတော့ ကိုယ်ခံနိုင်ရည်မဲ့သလိုဖြစ်သွားတယ်....။
နည်းနည်းအသက်ရလာတာလဲပါတယ်.....။ ငယ်တုန်းကများ အဲလိုပြောခံရရင် ဒေါသတွေအချောင်းလိုက်ထွက်ပြီး ဆံပင်တွေတောင်ထောင် ခေါင်းအငွေ့ထွက်သလား အောက်မေ့ရတယ်...။ ခုတော့ အဲလိုမဖြစ်တော့ဘူး ကိုယ့်ကိုယ်ကိုတောင် အံ့သြသွားတယ်....အိန်ဂျယ်ရယ် သိလား...။
ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာပျက်ဖို့နီးလာလေလေ လူတွေက မကောင်းမှုကိုပိုပြီးခုံမင်နှစ်သက်လာလေလေဖြစ်နေကြတယ်...။ ရင်လေးစရာကွယ်.......။
မင်းလဲ သတိထားဦးပေါ့ လူတွေကို... သတိနဲ့ဆက်ဆံ မေတ္တာနဲ့ဆက်ဆံပါ......။
ချစ်တဲ့
အိန်ဂျယ်လီ....

10 comments:
မှန်လိုက်တာမိုးငွေရယ်.. ဗြဟ္မစိုရ်တရားတွေခေါင်းပါး လောဘဒေါသ မောဟတရားတွေနဲ့ ကျင်လည်ကျက်စားနေကြတာကများတယ်လေ။ အမြဲမပြတ် သူတော်ကောင်းတို့နဲ့သာ တွေ့ကြုံပေါင်းသင်းဆက်ဆံနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်မိုးငွေရေ..
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
တဖြည်းဖြည်း သွေးအေးလာကြတယ်ပဲ ပြောရမလားပဲ မမ...ရေ..
မိုးငွေ့ပြောတာ အားလုံး
အမှန်တွေပဲ
ဂျက်လဲအရင်ကဆိုနဲနဲစိတ်ဆိုးတတ်တယ်
ခုတော့ စိတ်ထဲမှာသိပ်မထားတော့ဘူး
အရာရာပေါ့နော်
ချစ်တဲ့ jasmine
နေရာတကာမှာ၊နေရာတိုင်းဆိုပါတော့
လောဘ၊ဒေါသ၊မောဟ။
တွေနဲ့ ဘဲဖုံးလွှမ်းနေတာပါဘဲ။
မိုးငွေ့ ရေ...။
အဲထဲမှာကိုယ်မပါအောင်ဘဲမနဲထိန်းနေရတယ်လေ။
လူအမျိုးမျိုး စိတ်အထွေထွေကြားမှာ လူဖြစ်လာရတဲ့ ဒုက္ခက မသေးဘူးပေါ့ မိုးငွေ့ရေ။
ဘယ်သူတွေ တရားပျက်ပျက် ကိုယ်မပျက်ဘို့ပဲ သတိချပ်မိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟုတ်တယ် အစ်မရေ...
ုခုနောက်ပိုင်း အကျင့်ပျက်တဲ့ လူတွေ ပိုများလာသလိုဘဲ...
လူကောင်း သူကောင်းတွေလဲ ရှိတော့ ရှိတယ် ရှားတယ် ဖြစ်လာနေတာ စိတ်မသက်သာသလို ခံစားရတယ်...
တွေ့ပါများတော့ ရိုးလာပါပြီ မနှင်းဆီ....၊၁၀၀နဲ့ဖြေနိုင်တာ
သိပ်ကောင်းပါတယ်...၊ဂုဏ်ထူးပေါ့.....:)))
လူအချင်းချင်း လှည့်ပတ်တာ ကောက်ကျစ်တာတွေ သိပ်များလာတယ်နော်..
လူတွေက ဘာလို့များ ကိုယ်ချင်းစာစိတ်တွေ မထားနိုင်တော့တာလဲမသိဘူး။
ဘယ်သူသေသေ ငတေမာရင်ပြီးရော ဖြစ်လာကြတယ်
ငါဒီလို လုပ်လိုက်လို့ ပြောလိုက်လို့ တစ်ဖက်သားဘယ်လိုဖြစ်သွားမလဲ ဘယ်လိုခံစားရမလဲဆိုတာ မတွေးကြဘူးထင်ပါတယ်..
အဆင်ပြေပါစေမမိုးရေ..
ဟုတ် .....
လေ့လာသွားပါတယ်ခင်ဗျာ။ ဘ၀ မှာ လူတွေနဲ့ပတ်သက်ရင် ဒီထက်ခါးသီးစရာတွေ အများကြီးရှိပါတယ်။ ကျွန်တော်လည်းကြုံခဲ့ဖူးပါတယ်။ သင်ယူစရာတွေတော့ ရှိလာဦးမှာပါ မိုးငွေ့ရေ။
Post a Comment