Wednesday, 16 November 2011

မနှင်းဆီစုစည်းမှု.....




မနှင်းဆီသို့(၉)


သာယာနာပျော်ဖွယ်ကောင်းတဲ့
စောင်းကြိုးခက်သံတွေနဲ့အတူ
အမှောင်ညကိုခွင်းပြီး
မနှင်းဆီ ရောက်လာခဲ့တယ်။
အဲဒီ အလှပဆုံးအပြုံးနဲ့
အတောက်ပဆုံး မျက်ဝန်းတွေကြောင့်
ပန်းပေါင်းစုံ ဉီးညွှတ်ကြကုန်တယ်
ကျေးငှက်တွေတွန်ကြူး
ဒီနွေဉီးလည်းအေးမြကုန်တယ်။
အရာရာက အိပ်မက်တွေလိုပါပဲ
အမြင်အာရုံတွေက ဝိုးတဝါး
ကိုယ့်ရင်ခုန်သံတွေကိုတော့
ကိုယ်တိုင်ပြန်ကြားနေခဲ့တယ်
မရူးမိုက်ချင်တော့ပါဘူး
မူးမိုက်ခဲ့ပေါင်းလဲများပြီလေ
ရင်ခုန်သံချင်း ချိတ်ဆက်ထားရုံနဲ့တင်
အရာရာကပြီးပြည့်စုံလို့ လှပနေပါပြီ
ကျွန်တော် ပြောစရာလိုသေးလို့လား မနှင်းဆီ
ေ ျပ ာ စ ရ ာ လို ေ သ း လို ႔ လ ာ း


မနှင်းဆီသို့(၁)
မနှင်းဆီသို့(၂)
မနှင်းဆီသို့(၃)
မနှင်းဆီသို့(၄)
မနှင်းဆီသို့(၅)
မနှင်းဆီသို့(၆)
မနှင်းဆီသို့(၇)
မနှင်းဆီသို့(၈)
မနှင်းဆီသို့(၉)



မိုးငွေ့

8 comments:

မဒမ်ကိုး said...

ပိုစ့်မတက်ဘူး ကိုယ့်ဟာကိုယ်လာမှတွေ့တား(

ဟုတ်ပ ဟုတ်ပ ခုတော့ဂွက်ထော်တဲ့း)

စံပယ်ချို said...

ကောင်းလိုက်တဲ့စာသားလေးတွေ
ကြိုက်တယ် တစ်ကယ်
မရူးမိုက်ချင်တော့ပါဘူး
မူးမိုက်ခဲ့ပေါင်းလဲများပြီလေ
ရင်ခုန်သံချင်း ချိတ်ဆက်ထားရုံနဲ့တင်
အရာရာကပြီးပြည့်စုံလို့ လှပနေပါပြီ

ချစ်ချစ်ခင်ခင် jasmine

Anonymous said...

ဟူးးးးးးးး
ပြီးသွားပြီလား

ညိမ်းနိုင် said...

ဟင်...ဂွတ်ထော်ဘက်လှည့်သွားဘီလား.....ရတယ်လေ...
ဒါဆိုကိုယ်တွေကလည်း အမီနာဘက်လှည့်မယ်....:P

မေသိမ့်သိမ့် ကျော် said...

နူးညံ့တဲ့ စာသားတွေနဲ့ မနှင်းဆီကိုဖွဲ့ဆိုထားတာ သဘောကျတယ်။

ခင်တဲ့
မေသိမ့်

မီးမီးငယ် said...

တော်တော် ကဗျာရေးတတ်တယ်။
ဖတ်ပြီး မနှင်းဆီကိုပုံဖော်ကြည့်နေတာ..။
လှတပတနဲ့ ခပ်တောင့်တောင့်လေးလားဟင်...။
:))

mstint said...

မနှင်းဆီအတွက် ဂုဏ်ယူလျှက်ပါ မိုးငွေ့ရေ။
ကဗျာကောင်းလေးတွေ အားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ပန်းချီ said...

ဟုတ်တယ်..ပြောစရာမလိုတော့ပါဘူးလေ..ရင်ခုန်သံချင်းချိတ်ဆက်ထားမှတော့း)) အဲဒီအဆုံးသတ်မျိုးလေး ကြိုက်တယ် မမိုးရေ..း)