ကမ္ဘာကိုကိုင်လှုပ်နိုင်မယ့်လက်
ခုတလော ခေတ်လူငယ်တွေဟာ Crush ဆိုတဲ့ စကားလုံးသိပ်သုံးနေကြတာတွေ့ရတယ်…။ အဘိဓာန်အရတော့ ပိချေသည် ကြိတ်ချေသည် ချေမှုန်းသည်လို့ အဓိပ္ပါယ်ရပေမယ့် ဘမ်းစကားအရတော့ ရူးသွပ်စွဲလန်းခြင်းလို့ယူမယ်ထင်တယ်။ ကျွန်မတို့ငယ်စဉ်ကတော့ ရုပ်ရှင်မင်းသား မင်းသမီးတွေကို crush သိပ်ဖြစ်ခဲ့ကြတာပေါ့…။အချိန်တိုင်းမှာ ကိုယ့်ရင်ထဲမှာ Crush တစ်ယောက်တော့ ရှိခဲ့ဖူးကြမှာပဲ(ရှိနေဦးမှာပဲ)…။ ကျွန်မ ဆယ်ကျော်သက်အရွယ်တုန်းက ကျွန်မရဲ့ Crush က ဇင်မာဦး...ရှင့်..။ အိမ်မှာ ဗီဒီယိုရုံပြတော့ အဲခေတ်က မြန်မာဗီဒီယိုခေတ်ဦး မင်းသမီး ဇင်မာဦးကို သိပ်ကြိုက်ခဲ့တာ..။ ကျောင်းသွားရင်လည်း ကျောင်းရှေ့မှာ ခင်းရောင်းတဲ့ ဇင်မာဦးရဲ့ ပို့စ်စကဒ်တွေ ပိုစတာတွေ ဝယ်စုဝယ်သိမ်းရတာ အမောပေါ့...။ ဇင်မာဦးဖက်ရှင်တွေလဲလိုက်ဝတ် အဲလိုတွေ ရူးခဲ့ဖူးတာ..။ လက်ရှိကတော့ Riri (Rihhana)ကို Crush တယ်...။ ကျွန်မက R&B ဂီတကို နှစ်သက်စွဲလန်းသူ...။
မြန်မာပြည်မှာ ခုလောလောဆယ် ကျွန်မရဲ့ Crush ကတော့ Graffiti ပန်းချီဆရာ အာကာကျော်ပါပဲ…။ ပန်းချီတွေကို သိပ်နားမလည်ပေမယ့် ကျွန်မသူ့အနုပညာကိုလေးစားတယ်။ သူ့ကြိုးစားအားထုတ်မှုကို အသိမှတ်ပြုတယ်။ သူ့ရဲ့ပညာပါရမီကို ချီးမြှောက်ဂုဏ်ပြုမိတယ်…။ သူ့ဘဝတစ်စိတ်တစ်ပိုင်းလေးကို ကျွန်မသိသလောက်လေး မျှဝေပေးချင်ပါတယ်…ပြီးတော့ ကျွန်မ သူ့ခွင့်ပြုချက်ကိုမရယူဘဲ သူ့ Instagram ကနေပုံတွေကိုယူထားပါတယ်..။ ဖဘသုံးစဉ်ကာလက သူ့စာမျက်နှာကို liked လုပ်ထားခဲ့ပေမယ့် မသုံးဖြစ်တော့လို့ အာကာကျော့်စာမျာက်နှာမှာ ဘာတွေ up date တက်တယ်မသိတော့ဘူး...။ လူတစ်ယောက်အတွက် စိတ်အပန်းဖြေစရာ နေရာဆိုတာထက် မနာလိုဝန်တိုမှုတွေ၊ အမုန်းပွားမှုတွေ၊ မတရားမှုတွေ၊ အနိုင်ကျင့်မှုတွေ၊ သွေးသံရဲရဲတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ၊ သားကောင်ရှာသူတွေ၊ မုဒိတာမပွားနိုင်တဲ့သူတွေနဲ့ ပြည့်နှက်နေတဲ့ ဖဘကို ကျွန်မက “I don’t find facebook useful” လို့ မြင်ပါတယ်…(မည်သူမဆိုသဘောထားခြင်းကွဲလွဲနိုင်ပါသည်)။ ဖဘပေါ်မှာပဲ အချိန်ကုန်ခံပြီး စာမရေးဖြစ်ကြတဲ့ စီနီယာ ဂျူနီယာ အစ်မ အစ်ကို ညီမလေး မောင်လေးတွေလည်း စာရေးကြပါလို့ တိုက်တွန်းချင်ပါတယ်...(စကားချပ်)..။
Performance Art ပြပွဲတစ်ခုမှ
ကြုံကြိုက်ခဲ့ရင် အာကာကျော်ရဲ့ အမှတ်တရလက်မှတ်တစ်ခုတော့လိုချင်သားပဲ
ဦးကျော်သူရဲ့ ပုံတူဆွဲနေပုံ
ကမ္ဘာကိုကိုင်လှုပ်မယ့် အနုပညာလက်ချောင်းသွယ်သွယ်လေးတွေ
အိုဘာမား မြန်မာပြည်လာတုန်း ဂုဏ်ပြုထားခဲ့တဲ့ အာကာကျော့်လက်ရာတစ်ခု
ဒီပုံကြောင့် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အဆောက်အအုံမှာ ကျင်းပခဲ့တဲ့
အိုဘားမား မိန့်ခွန်းပြောပွဲကို ဘယ်လိုမှ မျှော်လင့်မထားဘဲ တက်ရောက်ခွင့် ရခဲ့
နံရံတွေပေါ်မှာ ပုံဆွဲဖို့ ဆေးဗူးဖိုးတောင်မတတ်နိုင်ခဲ့တဲ့ ဘဝကနေ ခုတော့
တစ်လကို ဒေါ်လာသောင်းချီဝင်ငွေရနေပြီလို့ကြားရတယ် ဝမ်းသာပါတယ် အာကာကျော်..
တစ်ခါလောက်တော့ သူ့ပန်းချီပြပွဲက ကျွန်မကြိုက်တဲ့ကားတစ်ကားဝယ်ပြီး အိမ့်ဧည့်ခန်းမှာ ခန့်ခန့်ညားညားကြီး ချိတ်ဆွဲထားချင်ပါသေးတယ်
အမေစုပုံကိုခြယ်မှုန်းနေပုံ
မိဘမဲ့ကလေးတွေကို ပန်းချီပညာမျှဝေ... သာဓု သာဓု သာဓုပါ
မန္တလေး FM မှာ ညီတစ်ကိုနှစ်ယောက် အသံသွင်းစဉ်က
ပန်းချီဆရာတစ်ယောက်ရဲ့ အခန်းဆိုတာ...
မူလတန်းကျောင်းတစ်ကျောင်းရဲ့ ပထဝီဝင်သင်ခန်းစာအတွက်
သက်ထောက်ကူပစ္စည်းလုပ်ပေးနေတာပါ
ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုထားတဲ့ပုံ
ချစ်ခြင်းအားဖြင့်
တစ်ခုပဲ တောင်းဆိုချင်ပါတယ် အာကာကျော်...
Instagram မှာပုံတွေတင်ရင် caption လေးရေးစေချင် ပါတယ်...ဟုတ်ကဲ့..
အာကာကျော်ဟာ G-Shock ရဲ့ ခုနောက်ပိုင်း brand ambassador လေးယောက်ထဲက တစ်ယောက်.. ကနဦးအစကတော့ G-shock brand ambassador တွေက ဦးအောင်ကိုလတ်နဲ့ သူ့သား ဂျေမီပါ
ဇာတိမြို့ ထားဝယ်ကိုပြန်တုန်း ကျွန်းစုတွေဆီကိုသွားခဲ့ပြီး ရလာတဲ့ အိုင်ဒီယာနဲ့ အမှတ်တရဆွဲဖြစ်တဲ့ အာကာကျော်ရဲ့ ရေအောက်ပုံလက်ရာတစ်ခု
Two Iron Man...
စာသားလေးကြိုက်တယ်
woody wears hoodie
နိုင်ငံတကာက ချီးမြှောက်တာခံရပေမယ့် ကိုယ်နိုင်ငံက လူတစ်ချို့ကတော့ အာကာကျော်ဟာ ပန်းချီဆရာသက်သက်ပဲဖြစ်တယ် Street Artist တစ်ယောက်အနေနဲ့ လက်မခံနိုင်ဘူးဆိုတာမျိုးတွေပြောကြတာတဲ့ ။ ကျွန်မတို့နိုင်ငံကလူအများစုဟာ မုဒိတာပွားဖို့ခဲရင်းကြတာပဲ လူသစ်တစ်ယောက်ကို လက်တွဲခေါ်ဖို့ တော်တော်တွန့်ဆုတ်ကြတယ်။ ဗုဒ္ဓဘာသာတွေဖြစ်ပြီး မတည်မြဲခြင်းတရားကို နားမလည်ကြတာ နေရာဆိုတာ အချိန်တန်ရင် ဖယ်ပေးကြရမှာပဲ....။ လူကြီးတွေ ကျေးဇူးပြုပြီး လူငယ်တွေကို လက်ကမ်းပါ ကြိုဆိုပါ ဖေးမပါ အားပေးချီးမြှောက်ပါ ဆုံးမပါ သွန်သင်ပါ မျှဝေပါ ပညာအမွေအနှစ်ဆက်ခံစေပါလို့ပဲ ရိုးရိုးလေးပြောချင်ပါတယ်...။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ ပါရမီပါပြီးသား ဝါသနာအရင်းခံနဲ့ ကြိုးစားအားထုတ်မှု ဇွဲမာန်ကြီးမှုတို့ကြောင့် အာကာကျော်ဟာ မြန်မာနိုင်ငံတင်မကဘဲ နိုင်ငံရပ်ခြားက ဖိတ်ခေါ်မှုတော်တော်များများကို သွားရောက်နေရပါပြီ...။
“ဂုဏ်ယူပါတယ် အာကာကျော်”
မိုးငွေ့
1 comment:
သူ့ အိန်ဂျယ်ကြောင့် ကိုယ်တွေလဲ အိန်ဂျယ်ကို မကျေနပ်လိုက်
ဒေါသပဲထွက်ရမလို လိုက်ပဲရှာတွေ့ရမလိုတွေဖြစ်ခဲ့ဖူးသေး
း)
Post a Comment