တီလာဗီးယားငါးနှစ်ကောင်ကို ခုတ်ထစ်ပြီးရေစင်စင်ဆေး ဆားနယ်ထား...။ ရေပွက်ပွက်ဆူတဲ့အိုးထဲကို ခရမ်းချဉ်သီးနှစ်လုံး လေးစိပ်စိပ်ထည့် .... စပါးလင်းဓါးပြားရိုက်တစ်ချောင်း... ပဒဲကော လက်တစ်ဆစ်ရိုက်ထည့်...ဆားနဲ့ ကြက်သားမှုန့်ထည့်....။ သုံးမိနစ်လောက်ပေးဆူပြီးရင် ငါးတုံးလေးတွေထည့်.... ငါးမိနစ်လောက်ထပ်ပေး ဆူလိုက်ဦး...။ အဲဒီချိန်မှာ မကျည်းမှည့်ကိုရေဖျော်ထား.... ။ ရှမ်းနံနံ နံနံပင် ငရုတ်သီးစိမ်း ပင်စိမ်းနဲ့ ဖတ်ဖိုင်ရွက်ကို ရေဆေးပြီး တစ်လက်မအနေထားလှီးထားလိုက်....။ မကျည်းရည်ထည့် အပေါ့အငံမြည်းပြီး အရွက်တွေအားလုံးကိုအုပ် မီးပိတ်လိုက်တော့....။
ဟောဒီလို ပဒဲကောနဲ့ စပါးလင်နံ့မွှေးနေတဲ့ ငါးချဉ်စပ်ဟင်းချိုရပြီပေါ့...အရောင်လေးကအဖြူတည်လေးပေမယ့် ချဉ်စပ်အရသာလေး ..။ ရှမ်းပြည်မှာဆို အဲဒီငါးဟင်းကို ကောက်ညှင်းပေါင်းနဲ့စားတာ အရေသောက်လိုက် ငါးအသားဖတ်တွေကို ပဲပုပ်မှုန့်နဲ့တို့စားလိုက်နဲ့ ဂွတ်မှဂွတ်ပဲ....။(ပဲပုပ်မှုန့်ထဲမှာက ရှမ်းငရုတ်ကောင်းလှော်နဲ့ ငရုတ်သီးပီနန်သီးအခြောက်ကို လှော်ပြီး ဆားအချိုမှုန့်ထည့်ထားပြီးသား အရသာရှိပြီးသားပဲပုပ်မှုန့်ပေါ့) ရှမ်းငရုတ်ကောင်းကိုတော့ ဒီမှာ သွားကြည့်လို့ရပါတယ်...။
မိုးငွေ့
4 comments:
လွယ်လဲလွယ် အရသာလဲရှိမဲ့ ဟင်းတစ်ခွက်ပါဘဲ
စဉ်းစားရင်း သွားရေကျလာတယ်း)
ဆီမပါတဲ့ ဟင်း... ကြိုက်တယ်...း))
ဝိတ်တက်မှာ ကြောက်တဲ့သူချင်းတူတယ် မမသက်ဝေ...။ ပြီးမှသာ အုန်းနို့များများပါတဲ့ အချိုပွဲတို့ကိုမရှောင်တာ....ဟုတ်...။
ချောဆီက မက်မွန်သီးလေးစားချင်တာ... သွားရှာဝယ်ဦးမယ်...။
ညီမ မိုးငွေ့ တို့ ချော တို့ ချက်တဲ့ ငါးဟင်းတွေ တော့ စားဖြစ်နေမှာပါ
ရွှေစင်ဦး
Post a Comment