Tuesday, 14 June 2011

ကြက်သားမုန်ညင်းချဉ်ကြော်



တာချီလိတ်က အဒေါ်ပို့လိုက်တဲ့ မုန်ညင်းချဉ်တွေပါ......။ အထုပ်လိုက်အချဉ်တည်ထားတော့.... အရွက်လိုက်ဖြေပြီး ရေစင်စင်ဆေး....ပါးပါးလှီးပြီးပန်ကန်ထဲထည့်ထား....။ ကြိတ်ပြီးသား ကြက်သား (၁၀၀)ဂရမ်လောက်ကို အသားမှုန့် ပြောင်းမှု့န် ပဲငံပြာရည်ကြည် နဲ့ ဆီနည်းနည်းထည့်နယ်ထား....။ ကြက်သွန်ပါးပါးလှီး ဂျင်းလက်တစ်ဆစ်ကို အချောင်းလိုက်လေးလှီးထား...။ ဆီပူအိုးထဲကို ကြက်သွန်နဲ့ ဂျင်းထည့်ပြီး မွှေးလာရင် ကြက်သားထည့်ကြော်...။ ကြက်သားအညိုရောင်ဖြစ်သွားတဲ့အထိကြော်ပြီး မုန်ညင်းချဉ်ထည့်ကြော်ပါ...။ သကြားကို လက်ဖက်ရည်ဇွန်းနှစ်ဇွန်းလောက်ထည့် ဆားကိုမြည်းကြည့်ပြီးမှ
ထည့်ပါ... မုန်ညင်းချဉ်ကငံပြီးသားမို့....။ မုန်ညင်းချဉ်ကိုမခြောက်တခြောက် အနေထားထိ အဆက်မပြတ်မွှေပြီးကြော်ပါ...။


မုန်ညင်းချဉ်ကြော်ပေါ်ကို ငရုတ်သီးခြောက်ကြွပ်ကြော်လေးဖြူးပြီး ငရုတ်သီးကြော်လေးနဲ့ တွဲဖက်စားရင် သိပ်ကောင်းပါတယ်...


မိုးငွေ့

6 comments:

အဖြူရောင်နတ်သမီး said...

အဲဒီဟင်း ကြိုက်တယ်ဗျို့...
ဒီမှာ ခနခနကြော်စားဖြစ်တယ်..။
မုန်ညင်းချည်းပဲကို ခေါက်ဆွဲပြုတ်နဲ့လည်း စားတယ်..
မမိုးလက်ရာ ထပ်စားချင်ပါသည်..၊ အရမ်းသတိရနေပါသည်....

ညိမ်းနိုင် said...

ငရုတ်သီးနဲ့ မုံညင်းချဉ်ကို ဖယ်ပြီး ကြက်သားချည်းရွေးစား
သွားတယ် မမိုးရေ....:))))

ချော(အစိမ်းရောင်လွင်ပြင်) said...

အဲလို ပို့မဲ့ အဒေါ်မျိုးလိုချင်လိုက်ပါဘိး)

Angelhlaing(May everybody be happy and healthy! said...

စားချင်လိုက်တာနော်...:)

သက်ဝေ said...

ထမင်းမြိန်တဲ့ ဟင်းတခွက်ပဲ ညီမရေ...
ထမင်းစားပြီး ကော်ဖီလေးပါ သောက်လိုက်ရရင်တော့ perfect ပေါ့နော်...

မိုးအေးအေးမှာ ညီမသောက်ချင်တဲ့ ကော်ဖီ ဒီမှာ...

(__)? အဝ သောက်ရအောင် Mug အကြီးကြီးနဲ့...း))

Cameron said...

Thanks...မမသက်ဝေး))