တစ်စုံတစ်ခု ဒါမှမဟုတ်....တစ်စုံတစ်ယောက်ဟာ ကျနော့်အတွက် Red flag လို့ toxic လို့ အချက်ပြလာတာနဲ့ ကျနော်ဘဝကနေ delete လုပ်လိုက်ဖို့ ကျနော်က လက်မတွန့်တတ်သူ....။ ကိုယ့်အတွက် အဆိပ်အတောက် ဖြစ်စေမယ့် လူတချို့ ခံစားမှုတချို့နဲ့ တချို့အမှတ်ရမှုတွေကို ဖျက်ပစ်ဖို့ ကျနော့်မှာ delete button ပါလာပြီးသား ဟုတ်တယ် အဲလိုပြောရမယ်....။
တကယ်က မနေ့ကဒီပို့စ်ကို ကျနော်ကျကျနန အပြီးသပ်ရေးအပြီးမှာ တစ်ခုခုမှားနှိပ်မိပြီး စာတွေအားလုံးပျောက်သွားတယ်... undo ပြန်လုပ်ဖို့တောင်မမှီလိုက်ဘူး....။ ပို့စ်မတင်ခင်မှာပဲ delete လုပ်ပစ်တာ အလိုလိုကို...။ ဒါနဲ့ အရှေ့မှာရေးခဲ့ပြီးသား စာတွေနဲ့ အခုနဲ့ ဘာမှမတူတော့ဘူး အခုရေးတာက ရည်ရွယ်ချက်ချင်းတူပေမယ့် ရေးတဲ့စတိုင်လ်တော့နောက်တစ်ခုဖြစ်သွားပြီ....။
ပြီးခဲ့တဲ့ ရက်ပိုင်းကလဲ ကျနော် တစ်နှစ်ကျော်လောက်ဖွင့်ထားခဲ့တဲ့ tik tok အကောင့်ကို စိတ်အခန့်မသင့်တာလေးကြုံပြီး ချက်ချင်းကို deleted ပစ်လိုက်တယ်...။ အဲထဲမှာ ဘာ memories တွေကျန်ခဲ့လည်း ကျနော်ဘာဆိုဘာမှမတွေးဘူး ကောက်လုပ်ပစ်တာ...။ ပြီးတော့ ကျနော့်အတွက် အဆိပ်အတောက်ဖြစ်လာစေဖို့ အရိပ်အယောင်ပြတာကြောင့်လည်း ဆက်မသုံးချင်တော့တာ...။ အချိန်ကုန်တယ် အိပ်ရေးပျက်တယ်...။ အမှန်တော့ tik tok က အချိန်တိုတို မိနစ်ပိုင်းလေးနဲ့ ထိထိရောက်ရောက်ပြောချင် ပြချင်တာလုပ်လို့ရတဲ့နေရာ နာရီပိုင်းလေးနဲ့ ပို့စ်ပေါင်း ရာနဲ့ချီကြည့်လို့ရတဲ့နေရာ သတင်းအချက်အလက်တွေ ဗဟုသုတရစရာတွေလည်း အများကြီးရတဲ့နေရာ သဘောကျစရာတော့ကောင်းပါတယ်...။ တစ်တော့ အကောင့်ကို ချက်ချင်းပိတ်ပစ်လိုက်ပြီး တစ်ရက်ခွဲနှစ်ရက်လောက်က ဖုန်းကိုင်ပြီး ဘာကြည့်လို့ကြည့်ရမှန်းမသိ တစ်ခုတည်းသောထည့်ထားတဲ့ ပစ္စည်းရှာတဲ့ ဂိမ်းကိုပဲဆော့နေမိ...။ ကျနော်လည်း နယူတန်ရဲ့ အင်နားရှားနိယာမ မိသွားတာပဲ...။
ကျနော့်ဘဝမှာ ကျနော် delete မလုပ်တာဆိုလို့ ဒီဘလော့တစ်ခုပဲရှိမယ်...။ ဒါတောင် အကြိမ်ကြိမ်ပိတ်ပစ်ဖို့ ဖျက်ပစ်ဖို့ တွေးကြံခဲ့ဖူးတာ....။ ကျနော့်အတွက် ထွက်ပေါက်တစ်ခုတော့ ထားရမယ်ဆိုတာ နားလည်ထားလို့ ပြီးတော့ ကျနော်အတွက် အမှတ်ရစရာတွေ ကြည်နူးစရာတွေ ဝမ်းနည်း ဝမ်းသာစရာတွေ ရသအစုံအလင်ရှိတဲ့ နေရာလေးမို့ ကျနော် သေသွားသည့်တိုင် ဒီတိုင်းလေးထားခဲ့မယ့် ဘလော့ပါ...။
I wish I have deleted button in my life.
To delete some people, some memories and some feelings.
No comments:
Post a Comment