Monday, 16 January 2012

အလွမ်းငွေ့တွေတထောင်းထောင်းထနေတဲ့ ကော်ဖီ.....







သူပေးတဲ့ရေကြည်တစ်ခွက်ကို
တရှိုက်မတ်မတ်သောက်သုံး
ဝင်းလက်တဲ့
သူ့အပြုံးတွေကြောင့်
ကိုယ့်နေ့သစ်တွေ
လှပလာခဲ့တယ်
သူပြောဖူးတဲ့ အလွမ်းတွေအကြောင်း
ကော်ဖီခါးခါးတွေအကြောင်း
ကာရံလှလှလေးတွေအကြောင်း
ချိုမြိန်တဲ့ပန်းသီးတစ်လုံးအကြောင်း
«««««««««အို»»»»»»»»»»
အရာအားလုံးကကိုယ့်အတွက်
နူးညံ့လှပလွန်းပါပေတယ်
တခါတခါ သူမေးတတ်တဲ့
မေးခွန်းခက်ခက်တွေကြောင့် အိပ်မက်တွေမှာတောင်
ထွက်ပေါက် မဲ့ကုန်တယ် 
တခါတခါလည်း သူဆိုး ခပ်ရိုးရိုးလေးပါပဲ
----------ဒီလိုနဲ့--------- 
နေ့ရက်တွေကိုရှေ့ဆက် စွဲမက်လို့ တွယ်တာ 
အကြင်နာ တွေလည်း ဝေဖြာခဲ့တယ် 
ခဏလေးကိုတောင် လွမ်းတတ်တဲ့ ကိုယ် 
ထို နေ့ရက်တွေ ပိုလာမှာကိုတွေးရင်း 
အလွမ်းငွေ့တွေအုံ့ဆိုင်း 
မျက်ရည်တွေတောင် ဝိုင်း တတ်နေပြီ 
တကယ်ဆို ကိုယ်က သူ့ ညတွေအတွက်
ကော်ဖီခါးခါးတစ်ခွက်အဖြစ်
အငွေ့တထောင်းထောင်းထနေချင်တာ။     

ကျမ၏ကဗျာဆရာ





8 comments:

မဒမ္ကိုး said...

အဟမ်း အဟမ်း အပူလောင်မယ်နော် မမိုးရေး)

ချစ်တဲ့

မဒိုးကန်

Anonymous said...

ကော်ဖီခွက်ကိုငုံ့ကြည့်ရင် ပေါင်းတင်ပြီးသားဖြစ်သွားမယ်

ခင်မင်လျက်

ကဗျာဆရာရဲ့ ဘိုးအေ :P

စံပယ်ချို said...

(့ရေကြည်တစ်ခွက်ကို
ချစ်ရသူကပေးရင်ဘာမဆို အရသာရှိနေတာပဲနော်
ချစ်တဲ့ jasmine

Angelhlaing(May everybody be happy and healthy! said...

ကော်ဖီနွေးနွေးလေးနဲ့ အတွေးလေးနဲ့ ကဗျာလေး ခံစားအားပေးလျှက်ပါမမရေ..

Candy said...

ကာရံထိမိပြီး ခံစားချက်အပြည့်နဲ့ရေးထားတဲ့ ကဗျာလေး.. အရမ်းကောင်းတယ် :D

San San Htun said...

အလွမ်းငွေ့ တွေ တထောင်းထောင်းထနေတဲ့ ကဗျာကို အပူငွေ့ တွေ တထောင်းထောင်းထနေတဲ့ ကော်ဖီသောက်ပြီး ဖတ်သွား၏။ ပန်းချီလေး တော်တော်လှတယ်..

အလင်းသစ် said...

ကျန်...သူများအိပ်မှာကို မနာလိုလို့ ကော်ဖီခါးခါး ဖြစ်ချင်တာတဲ့.. ကျန်.. ကော်ဖီခါးခါးတောင် အငွေ့တထောင်းထောင်းနဲ့တဲ့ ကျန်.. ဟိုတစ်ယောက်တော့ သနားပါတယ်.. ကော်ဖီတစ်ခွက်သို့ ပေးဆပ်လိုက်ရသော ကျွန်တော့်ည ဆိုပြီးကဗျာလေး ရေးရရှာတော့မယ်..:D (ကျန်= ကြည့်စမ်း) :D :D

မီးမီးငယျ said...

ကော်ဖီသောက်ရင်၊
အိပ်မပျော်ရင်တုန်လို့ သောက်ဘူး..။
:))))
အနံကိုတော့တကယ်ကြိုက်တယ်။