အ လွ မ်း တွေ ထု ပ် ပိုး
ရ င် ခု န် သံ တ စ် ချို့ နဲ့
စို က် ပျိုး ခဲ့ တဲ့ အ ပ င်
နွ ယ် မျှ င် တွေ တောင်
အ ထ ပ် ထ ပ် ရ စ် ပ တ် နေ ပြီ
တ က ယ် ဆို
အဲ ဒီ အ ပ င် မှာ
အကိုင်း အ ခ တ် တွေ
ဝေ ဖြာ နေ တာ
အ ကြ င် နာ တွေ ပေါ့
ချို မြ တဲ့ အ ချ စ် တွေ က
ရ င့် မှ ည့် လွ န်း လို့
သူ့ အ ရှေ့ မှာ
ကြွေ မ ကျ ရုံ တ မယ် ပါ ပဲ။
အိ ပ် မ က် ထဲ ပဲ
အ ခါ ခါ ချွေ ချ
အ ပင် လေး က
ပို လှ မ ယ် ထ င် တ ယ်။
အ ပြ င် မှာ ချွေ မ ချ ရဲ
ကို ယ် အ ကျ နာ မှာ စိုး တယ် လေ ။
ကျမ၏ကဗျာဆရာ

9 comments:
ချိုမြနေပြီဆိုရင်တော့.သူကချွေချမှာပါဟာ.. ကြွေမကျနဲ့.. ဒဏ်ရာတွေရကုန်မယ်...
ဖတ်ရင်းကဗျာလေးကချိုလိုက်တာလို့...
ရုတ်တရက်ဖတ်လိုက်တာ ရွေမချရဲတဲ့သစ်ပင်တဲ့....ဟီး...။
ကဲပါလေ....သူကချွေမချဘူးဟုတ်လား....ရင့်မှည့်နေတာ
တောင် ချွေမချရဲရင် တုတ်နဲ့သာထိုးချဗျာ....ကြာတယ်..:P
မချွေရက်လည်းကြွေချိန်တန်ရင်
ကြွေခါကျလို့မြေခရရှာတယ်မိုးငွေ့ရေ။
ဒါကမလွန်ဆန်နိုင်တဲ့သဘာဝတရားပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ငါသာပန်းဖြစ်ရင်တဲ့ ရဲရဲပွင့်ပြီး ရဲရဲကြွေလိုက်မယ် တဲ့
ကြားဖူးတဲ့ စာသားပါ...
ကဗျာလေးလှတယ် သန္တရသကို သိမ်သိမ်မွေ့မွေ့လေး ရသလိုပဲ . . .
ကဗျာလေး အရမ်းကောင်းတာပဲ မမရယ်
သူ့ရဲ့ ရေးဟန်လေးတောင် မမတင်လွန်းလို့ ကန်ဒီမှတ်မိနေပြီ :)
အသိ တယောက်ယောက်ရေးဟန်နဲ့ တူနေသလိုပဲ ဘယ်သူလဲတော့ မသိပါ ဟီး အဲ့လိုတော်တာ :P
ချွေမချရက်ရင် ရွှေချလိုက်ပါ အမ :D
ဒါဆိုရင်တော့ လေပြင်းတွေ အလာကိုပဲ စောင့်နေတော့မယ် ထင်ပါရဲ့...၊ ကဗျာလေးက သိမ်မွေ့ပြီး လှတယ်...။
ကဗျာလေးက ချစ်စရာလေး ဖတ်ရတာ ရင်ထဲအေးမြသွားသလို ခံစားလိုက်ရတယ်...
ချွေမချပဲနဲ့ သူ့အလိုလို ကြွေကျသွားမှာ စိုးတယ်..
Post a Comment