
ညက တဖြည်းဖြည်းနက်လာတယ်
လေညင်းတွေတိုက်ခက်
ကြယ်စင်တွေလင်းလက်လာတယ်
ဒီဇင်ဘာရဲ့ည
နှင်းစက်တွေချွေချလို့
သူ့ အနားခစား ဝပ်တွားကြတယ်
နှင်းစက်တို့ အေးစက်
အနေခက်တဲ့ လှကလျာ
သန်းခေါင်ယံ ညအခါမှာ
ကိုယ်သီကုံးသော
ကဗျာကို ခေါင်းအုံးလို့ မှေးစက်
ကိုယ့်အကြင်နာတွေ ခြုံလွှမ်းပြီး
ကိုယ်ချော့တဲ့တေး
ခပ်နွေးနွေးနဲ့ အိပ်စက်လို့
အိပ်မက် လေးတွေလှပါစေ။ ။
9 comments:
ကဗျာကို ခေါင်းအုံးလို အုန်းဖို့  ခေါင်းအုံး စွတ် လျော်မှ နှင့်မို့ ဆို ၀က်ခြံတွေ ပေါက်တယ်။ :D
အူးအူးလတ် သာမီးကို လိုက်စနေတယ်တော့......။
အော်....ခေါင်းအုံးအသစ်ကြော်ငြာတာထင်နေတာ...:)
စကားလုံးလေးတွေ သုံးသွားတာများ နူးညံ့လိုက်တာ...
ချစ်တက်သူတွေရဲ့ တေးချော့တေးက နူးညံ့လို့ပါလားမမရေ...
အစ်မမိုးငွေ့... ကဗျာလေးက လှလိုက်တာ။ စာသားလေးတွေ ကြိုက်တယ်။ Robert Pattinson နဲ့ Kristen Stewart ပုံလေးကလည်း လှလိုက်တာ။ ဒါနဲ့ "ကျွန်မ၏ကဗျာဆရာ" လို့ ရေးထားတာ အစ်မ ရေးတာ မဟုတ်ဘဲ အစ်မချစ်ချစ် ရေးတာလားဟင်။
ကဗျာလေးက တကယ်နူးညံ့တယ်
ဒီလိုနဲ့ အိပ်ပျော်သွားရောလား အစ်မ...
အမိုးးး)) အမိုး ခေါ်လို့ ဖထီး မရှိဘူး ပြန်မပြောနဲ့နော်း)) ဟီးးး))
ချစ်စနိုးနဲ့ ကိုယ့်အမကို အမိုးလို့ ခေါ်တာနော့း)) ဖထီးက ဘယ်ချောင်ကပ်နေလဲ အမိုးမှ မပြောတာနော့း)))
အောက်ဆုံးရောက်မှ အမိုးတို့ ကြော်ငြာဝင်လိုက်သေးတယ်း)))
Post a Comment