တခါတလေလည်း ပြင်းပြရှတ
အဲဒီအလွမ်းတွေအောက်မှာ
ကိုယ်တို့ယစ်မူးခဲ့ကြတယ်
တစ်နေ့တာလွမ်း တစ်ညတာလွမ်း
ခနတာလည်းလွမ်းတာပါပဲ
အလွမ်းတွေကို ပန်းတွေလိုသီလို့
စိတ်ကူးတွေနဲ့ ဆံနွယ်ထက်မှာ
ပန်ဆင်ပေးမိတယ်
အလွမ်းတွေကို ဝေလို့
လွမ်းလွန်းလို့တော့
မျက်ရည်တွေမကျလိုက်နဲ့
အလွမ်းတွေ ကျဲကုန်လိမ့်မယ်
နှုတ်ခမ်းနှစ်လွှာဖွင့်ဟ
အပြုံးစစနဲ့ လွမ်းလိုက်ပါ
လွမ်းတတ်သူအဖို့
ဟောဒီတစ်ညကို ဖြတ်ကျော်ဖို့
လက်ဆောင်ပေးလိုက်မယ်
မျက်လုံးမှိတ်ပြီး
လက်ဖဝါးလေးဖြန့်လိုက်ပါ
လျှံမကျစေနဲ့
ရော့....
***အလွမ်း***
ဘယ်ဖက်အိပ်ကပ်ထဲ
ထည့်သိမ်းခဲ့ရင်တော့
သွေးခုန်လိုက်တိုင်း
ခပ်နွေးနွေးလေး လွမ်းရတာပေါ့
ကိုယ်တို့ ခပ်နွေးနွေးလေး
လွမ်းကြမယ်လေ...
***ခပ်နွေးနွေးလေး*** (ကျမ၏ကဗျာဆရာ)
16 comments:
ဟား အလွမ်းကတောင်ခပ်နွေးနွေးလေးတဲ့
မမိုးတို့ကဗျာဆန်ချက်ကတော့ကွာ ..
အချစ်ကဗျာလေးကိုလာရောက်အားပေးသွားတယ်မမိုးရေ
ချစ်တဲ့
မဒိုးကန်
ကိုယ်ကဗျာဆန်ပါပြီထင်နေတာ အို----
မိုးငွေ့က အလွမ်းကိုခပ်နွေးနွေးလေးဆိုပဲ
ဂျက်လဲ နွေးနွေးထွေးထွေးဖတ်ခဲ့တယ်နော်
ဟင်......ခပ်နွေးနွေးလေးဖြစ်နေအောင် မီးဖိုပေါ်တင်နွှေး
လိုက်တာ အလွမ်းတွေ တူးသွားပါရောလား....:D
စတာ.....:))) ကဗျာလေးကအလွမ်းတွေနဲ့ နွေးထွေးနေ
လိုက်တာဗျာ....၊လွမ်းစရာသိပ်မရှိတော့တဲ့ကျွန်တော်
တောင် လွမ်းသွားတယ်ဗျိုးးးးးးးးးးးးးး
ခပ်နွေးနွေးလေး ဆိုတော့လဲ ခပ်နွေးနွေးလေးဘဲ လွမ်းကြတာပေါ့ အစ်မရယ်...
ဟွန်း
မမနော်
အသည်းယားအောင်အမြဲလုပ်တယ်
အရမ်းကောင်းတဲ့ ကဗျာလေး မမရယ်..
အရမ်း အရမ်း အရမ်း ကြိုက်တယ်
ကျွန်မ၏ကဗျာဆရာဆိုတဲ့ သဘောက မမချစ်သူစပ်တာလား.. မမစပ်တာလား.. သိချင်မိလို့ပါ.. ကဗျာလေး အရမ်းကောင်းလို့လေ :D
ဟုတ်ဘူးလေး ကန်ဒီလေးရဲ့ မမရဲ့ ကိုယ်ပိုင်ကဗျာဆရာကရေးပေးတာပါ....။
ီၤ
မကြီး အိန်ဂျယ်နဲ့ ကဗျာဆရာနဲ့ က
တူတူဘဲလားဟင်..
ခပ်နွေးနွေးလေး၊ ခပ်ပါးပါးလေး လွမ်းသွားပါတယ် မိုးငွေ့ ရေ
လွမ်းပြီးရင်း လွမ်းသွားရပါပြီမမိုးရေ။ ကဗျာလေးဖတ်ရင်းလွမ်းရပြန်ပြီ။
ချစ်တဲ့
သဒ္ဓါ
ရော့
*** အလွမ်း***
ဘယ်ဘက်အိပ်ကပ်ထဲ
ထည့်သိမ်းခဲ့ရင်တော့
သွေးခုန်လိုက်တိုင်း
အလွမ်းများနဲ့လူ..လို့ ကင်ပွန်းတပ်လို့ရပြီ...:)
မမိုးကဗျာလေးဖတ်ပြီး လွမ်းရင်းနဲ့တောင် နွေးထွေးသွားပေါ့း) အသစ်တွေချည်းပဲ အစ်မရာ။
လွမ်းတတ်တဲ့လူနဲ့ လွမ်းတာကိုစာဖွဲ့ပေးမယ့်လူတွေ့တော့ ကဗျာတွေဖြစ်လာတာပေါ့။ ကောင်းပါတယ်။ အလွမ်းကို ရော့လို့ပေးလိုက်တာလား။ ထိတယ်ဗျာ။
ရှေ့လျှောက် ဆောင်းဝင်တော့မှာ နဲ့ အတော်ပေါ့ .... ။
ခပ်နွေးနွေးလေး လွမ်းလိုက်ကြရုံပါပဲဗျာ ... :)
လွမ်းသစ်ခန်း ဆက်ဖွဲ့စို့
ထိုကဗျာညွန်ပြနိုင်ခဲ့
တကယ် ကောင်းပါတယ်
ပြုံးစစနဲ့ ကဗျာကိုအတွေးရောက်မိရင်
ပြုံးစစနဲ့ ကျေးဇူးcomment ရေးမိပါသည်
Post a Comment