သူ.....ကိုယ့်ရဲ့ညတွေကို.......ရှင်သန်နိုးကြားစေတာကြာခဲ့ပြီ....။
သူဟာ ကော်ဖီခါးခါးတစ်ခွက်နဲ့တူတယ်.......။ အငွေ့တထောင်းထောင်းထနေတဲ့
ကော်ဖီတစ်ခွက်....။ သူပြောတော့ အလွမ်းငွေ့တွေတဲ့...။ ကိုယ့်ကိုယ်ကို လွမ်းတတ်ပြီထင်ခဲ့တာ.....ခုတော့ ကိုယ့်ထက်လွမ်းတတ်တဲ့သူကို ရှာတွေ့သွားပြီ......။
ကျွန်မ၏ကဗျာဆရာလက်ရာ
သိပ်မကြာခင်မှာပဲ........ကိုယ့်ရဲ့ညတွေဆီကနေ...ကော်ဖီခါးခါးတစ်ခွက်အကြာကြီးပျောက်ကွယ်သွားဦးမတဲ့....။
အဲခါကျ....သူပြောတဲ့ အလွမ်းငွေ့တွေ ကိုယ့်နားဝေနေမှာသေချာတယ်..။
ကော်ဖီခါးခါးတစ်ခွက်ကို အငွေ့တွေပျံ အေးစက်သွားသည်အထိ ကိုယ်စောင့်ကြည့်နေမိလိမ့်မယ်......။
အလွမ်းငွေ့တွေက မျက်ဝန်းအိမ်မှာငွေ့ရည်ဖွဲ့...အလွမ်းမိုးအဖြစ်ရွာချလာလိမ့်မယ်.....။
သူ့လက်ရာဟင်းတစ်ခွက်ချက်ပေးခဲ့တဲ့ည.....။ တခါတခါ မအူမလည်ပုံဖမ်း
ဒုံးဝေးတတ်တဲ့ သူနဲ့စကားပြောခဲ့ကြတဲ့ည.....။ ကိုယ်ထုတ်တဲ့မေးခွန်းတွေနဲ့ သူစာမေးပွဲမဖြေနိုင်ခဲ့တဲ့ည...။
ချိုမြိန်တဲ့ပန်းသီးအတူစားခဲ့ကြတဲ့ညတွေ.....။ လမင်းကြီးကိုတစ်နေရာဆီပြိုင်တူကြည့်ခဲ့ကြတဲ့ည......။
တိမ်စိုင်တွေအတူခိုစီးခဲ့ကြတဲ့ည........။ အလွမ်းကဗျာတွေအတူရွတ်ဆိုခဲ့ကြတဲ့ည.....။
ကိုယ့်ရဲ့ညတွေများစွာကို သူအသက်သွင်း.... အမှတ်တရ မှန်ဘောင်ခတ်ထားပေးခဲ့တယ်...။ မကြာခင်မှာ သူပျောက်ကွယ်သွားတော့မလား.... ။ အပြီးသတ်နှုတ်ဆက်ခဲ့ပါမယ်လို့ မပြောလိုက်ပါနဲ့.......။ ကိုယ့်ညတွေ မလှမပသေဆုံးကုန်လိမ့်မယ်........။
မိုးငွေ့

9 comments:
မပျောက်ကွယ်ပါဘူး ပြန်လာမှာပါတဲ့မမိုးရေ
မကြာမှီငွေရောင်ပိတ်ကားပေါ်တွင်မျှော်း)
ချစ်တဲ့
မဒိုးကန်
အပေါ်မှာ ကဗျာလို့ မှားရေးလိုက်မိတယ်။
အက်ဆေးလေးလို့ ပြောချင်တာပါ။
ကော်ဖီသောက်ခြင်းဖြင့် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပါသည် ....
ကျန်းမာရေးကိုဂရုစိုက်ပါ ....
ဒါဘဲ ဟိုဟာကြက် လည်ပင်းရှည်ရှည်နဲ့က ငန်း ကျန်တာ မန်ဒါလီ တွေ ....
ညလေးတွေက လွမ်းစရာတွေချည်းပဲ ..
အားလုံးအဆင်ပြေပါစေ ။
ကော်ကော်တောင်သောက်ချင်သွားပြီ....မမိုးရယ်..........
အော် အချစ် အချစ်.. ဆက်ပြောတတ်တော့ဘူး ဟီး.. :P
Argio Student Center က မလာတဲ့အရွှက်တွေ ပြုတ်ပြီး ရောသမမွှေ ဟင်းတစ်ခွက်ချက်တဲ့ည..
ပရော်ဖက်ဆာ ဘယ်လောက်သင်သင် ဒုံးဝေးတဲ့ည..
ပရော်ဖက်ဆာ ထုတ်တဲ့မေးခွန်းနဲ့  ပတ်ချာလည် ရမ်းနေတဲ့ည..
ပရောက်ဖက်ဆာရေးတဲ့ စန်းထွန်းရဲ့ ညတွေ..:P
မိုးငွေ့ရေ အလွမ်းငွေ့လေးတွေ
မကြာခင်ပျောက်ပြယ်သွားမှာပါကွယ်။
အချိန်အတိုင်းအတာလေးတစ်ခုသည်းခံစောင့်လိုက်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment