အပြီးအပိုင် ထုတ်လိုက်ရင်
မလွမ်းတော့ဘူးတဲ့
ဟင့်အင်း...
ကိုယ်ဆက်လွမ်းချင်သေးတယ်
အဲဒီ အလွမ်းကြောင့်
ဟောဒီ ရင်ဘတ်ကြီး
ကြေမွသွားပါစေပေါ့
ဆုံနိုင်ခွင့်မရှိလဲ
ရင်ထဲမှာရှိနေမှတော့
အဲဒါတွေ လိုသေးလို့လား
ဝေ့ဝဲလာတဲ့
မျက်ရည်တွေကို ထိန်းချုပ်
သိမ်းထုပ်ထားတဲ့ အလွမ်းတွေနဲ့
ဆက်လွမ်းမယ်
အလွမ်းပေါ် အလွမ်းဆင့်
အလွမ်းတွေ ရင့်သွားပါစေ
တိတ်တိတ်လေးပဲလွမ်းသွားမယ်.....။ ။ (ကျမ၏ကဗျာဆရာ
10 comments:
တိတ္တိတ္ကေလးပဲခ်စ္သြားမယ္မဟုတ္ဘူး
တိတ်တိတ်ကလေးပဲလွမ်းသွားမယ်ပေါ့လေ ..
တို့ကတော့တိတ်တိတ်ကလေးမပြန်ပါဘူး
အကျယ်ကြီးအော်ခဲ့တယ်နော်မမိုးရေ
ကဗျာလေးကိုခံစားသွားတယ်
ချစ်တဲ့
မဒိုးကန်
တိတ်တိတ်ကလေး လွမ်းတာကို
တိတ်တိတ်ကလေး လာဖတ်သွားတယ်
ဝေ့ဝဲလာတဲ့
ဆက်လွမ်းမယ်
ဒီအဖွဲ့ လေး အရမ်းလှတယ် အစ်မ...တိတ်တိတ်လေး လွမ်းနေတာကို မနှောင့်ယှက်ချင်လို့ တိတ်တိတ်လေးဘဲ ပြန်သွားပြီ အစ်မ...
ဟင်.....အလွမ်းတွေ ရင့် ကုန်ပြီလား....ရင့်ကုန်ရင် စား
မကောင်းတော့ဘူးဗျ....:P ဟီး....စတာနော်....။
ကဗျာဆြာလေးကိုပြောလိုက်ပါဗျာ....၊အရမ်းလွမ်းမနေပါ
နဲ့လို့.....။
သနားစရာလေး... :(
မိုးငွေ့ရေ လွမ်းငွေ့တွေနဲ့ ဝေနေပါလားကွယ်။
ကဗျာကောင်းလေးအားပေးသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တိတ်တိတ်လေးပဲ မြတ်တော့ မလွမ်းချင်ဘူးကွယ် ..
း)
အိုး....... အော်ဟစ်ပြီးသာ လွမ်းပစ်လိုက်စမ်းဘာ... ဗျာ...... ဒီမိုကရေစီရတော့ မှာပဲဟာကို။ :D
အရမ်း ကြိုက်တယ် ဗျာ ဒီ ကဗျာ လေး ကို ...
အချစ် ဆိုတာ ချစ်နေရရုံ နဲ့ ပြည့်စုံတယ် ဆိုသလို ထင်ပါရဲ့
တိတ်တိတ်ကလေး ခိုးလွမ်းရတာ ကို က အရသာ ... :)
Post a Comment