တစ်ခုခုဆို စိတ်က
ခံစားတတ်လွယ်လွန်းတာ ခက်တယ်
စကားလေး တစ်ခွန်း
အပြုအမူလေး တစ်ခု
ဘာရယ်မဟုတ်ပါပဲ
အကြိမ်ကြိမ်ခံစား
ကိုယ့်စိတ်နဲ့ကိုယ်
မှားနေတာများလား
တသော့သော့
လေညှင်းလေးကိုလည်း
နူးညံ့စွာခံစားတတ်သလို
တဖျော့ဖျော့
နေဝန်းကြီးကိုလည်း
ဝမ်းနည်းစွာခံစားတတ်ပြန်တယ်
ပျော်ရွှင်ကြည်နူးတဲ့
ခံစားမှုတွေရှိသလို
ဝမ်းနည်းကြေကွဲရတဲ့
ခံစားမှုနိယာမ
သိခဲ့တာလဲကြာပေါ့
ဟောဒီရင်ခွင်ကြီးကပဲ
ဖော့ဖရောင်းလို
ပျော့ပျောင်းလို့လားမသိ
ဆစ်ကနဲဆို နာကျင်
ထစ်ကနဲဆို ဝမ်းနည်း
အဲဒီအတွေးတွေထဲ
တဝေ့ဝေ့ တဝဲဝဲပါပဲ
အငိုလွယ်တော့
အရှိုက်ခက်တယ်တဲ့
ဟင့်အင်း
ကိုယ်ကတော့
ငိုလိုက်တိုင်း
ရှိုက်ဖြစ်နေပြီ
ဝမ်းနည်းမှုတွေက
အုံ့ဆိုင်းမှိုင်းညို့တော့
မျက်ရည်တွေလည်း ပြိုပြီပေါ့
ခံစားမှု ပိုတယ်ပဲပြောပြော
မျက်ရည် လွယ်တယ်ပဲဆိုဆို
အဲဒီလို နေ့ရက်မျိုးကိုတော့
မလိုချင်ခဲ့ပါဘူး
တောင်းဆု တစ်ခုသာ
ရမယ်ဆိုရင်လေ
နှလုံးသားကျောက်ကြမ်း
မျက်ရည်တို့ ခမ်းပါရစေ။
ကျမ၏ကဗျာဆရာ
9 comments:
မျက်ရည်ဆိုတာကလည်း
ခမ်းဖို့ခက်သား...မကြီးရေ
မမရဲ့ ကဗျာဆရာက ကဗျာရေး ရမ်းကောင်းနော် :D
နှလုံးသားကျောက်ကြမ်းက
မျက်ရည်တွေခမ်းခဲ့ရင်တော့
ကဗျာတွေပျောက်ဆုံးကုန်ပါ့မယ်
ချစ်တဲ့
jasmine
မျက်ရည်တော့မခမ်းချင်ပါနဲ့ကွယ်...၀မ်းသာရင်ကျဖို့ရှိသေးတယ်လေ..
အို........မမိုးရယ်...ညက်ရည်ခမ်းချင်တာများ.....တရုတ်
ကို လျှပ်စစ်ထုတ်ဖို့ရောင်းစားလိုက်.....ခမ်းသွားစေရမယ်
:P
ဘ၀ရဲ့နောက်ဆုံးအချိန်ထိအောင် မျက်ရည်တွေက
ခမ်းပါ့မလားအမမိုးငွေ့ရေ
တောင်းဆု တစ်ခုသာ
ရမယ်ဆိုရင်လေ
ကဗျာလေး ခံစားအားပေးလျှက်..
မခမ်းတာတော့သေချာတယ် မမိုးရေး)
အမ အမိုးရေ . . မျက်ရည်ခမ်းအောင် ဘယ်လိုလုပ်ရမလဲး)) သင်ပေးပါဦးဗျား)
Post a Comment