Wednesday, 29 May 2013

အပြင်စာ....

အရင်လို အပြင်စာတွေ ထွက်မစားဖြစ်တာကြာပြီ... နဲနဲ ၀ိတ်လျှော့ထားတာလည်းပါသပေါ့...။ ပိုက်ပိုက်စုနေတယ် သများတွေလို ဟိုနိုင်ငံသွားလည် ဒီနိုင်ငံသွားလည်ချင်ထှာလေ...။ လာမယ့်နှစ်တော့ ရအောင်သွားလည်မယ်လို့အားခဲထားပါတယ်...။ ဒီအာရှတခွင်ပဲပေါ့...။



Junction Square က ၀ိုင်ကေကေအိုကြေးအိုး  ချားကြပါအူး



Junction Square ရေပလ္လင်လက်ဖက်ရည်ဆိုင်က နံရိုးပေါင်းကော်ရည် ငပိထောင်းစပ်စပ်နဲ့ ဂွတ်မှဂွတ်ပဲ



ဒါက Parkson ကုန်တိုက်အသစ်ဖွင့်တယ် အရင် စကော့ဈေးဘေးက FMI မှာ အပြင်ဒေါင့်က ကော်ဖီဆိုင်လေး Baa Boom တဲ့ ဆိုင်နာမည်က ကော်ဖီ မုန့်အကုန် ဒေါ်လာနဲ့တွက်တယ်.. သူ့ Ice Latte က ဘာမရသာမှမရှိ သကြားတောင်းထည့်လဲ ဘာမှမပြောင်းလဲလာဘူး ဒါနဲ့ ဒီတိုင်းသောက်လိုက်ရတယ်...။ အဲနေ့က ကော်ဖီသုံးခွက်နဲ့ရေသန့်တစ်ဗူးကို တစ်သောင်းတစ်ထောင်ကျတယ်...။



မိုင်ဖေးဗရိတ်ကတော့ Cafe Aroma(ရန်ကင်းစင်တာ) ပဲ ဘယ်မှာဆိုင်အသစ်ဖွင့်ဖွင့် သူ့ကော်ဖီအရသာလောက်ကိုမကြိုက်တာ.. မိုခါးကိတ်+လက်တေးအအေး
ဘယ်မှသွားစရာမရှိရင် ရန်ကင်းစင်တာက Aroma မှာသွားထိုင်တတ်တယ် 



Junction Square ကကော်ဖီဆိုင်တစ်ခုပဲ နာမည်မေ့သွားတယ်



 
  Moon Bakery ငါးလက်ချောင်းကြော်....(မဆိုးပါဘူး စားကောင်းတဲ့အထဲပါပါတယ်)


စမ်းချောင်းမဟာမြိုင်မှာ... Moon Bakery ဆိုင်အသစ်ထပ်ဖွင့်ပါတယ်...။ ပြည်လမ်းနဲ့ မဟာမြိုင်လမ်းဒေါင့်မှာ နှစ်ထပ်တိုက်လေး...။ အပြင်အဆင်က မဆိုးပါဘူး...။ ဒါပေမယ့်အတွင်းပိုင်း အထားအသိုလေးကြောင့် စားပွဲဝိုင်းတွေက ဆန့်သင့်သလောက်မဆန့်ဘဲ နေရာလွတ်တွေနဲ့ ကိုးလိုးကန့်လန့်တော့နိုင်တယ်လို့မြင်တယ်...။ ထုံးစံအတိုင်းလူတွေကလဲ ဆိုင်အသစ်ဆို ရောက်ဖူးချင်တာနဲ့ မြည်းစမ်းချင်တာနဲ့ (ကိုယ်လဲအဲထဲပါလို့ ရောက်သွားခဲ့တာ)။ တကယ်တမ်း မှန်မှန်ကန်ကန်ဝေဖန်ရမယ်ဆို Moon Bakery ဆိုတာ ဆိုင်အပြင်အဆင် အစားအသောက်စုံစုံလင်လင်နဲ့ ထိုင်လို့ကောင်းတဲ့ဆိုင်မို့ လူဝင်တယ်...ဒါပေမယ့် အစားအသောက်က အဲလောက်ကြီးလဲ မဟုတ်ဘူး...။ လူငယ်အကြိုက် အရှင်းဆုံးပြောရရင် စုံတွဲတွေအကြိုက်...။ ခုဖွင့်တဲ့ဆိုင်အသစ်ကတော့ serving ပိုင်းမှာတော်တော်လေး လိုအပ်နေတာတွေ့ရတယ်...။ စားပွဲထိုးကောင်လေး အသစ်လေးဖြစ်မှာပါ... မီနူးမှာပါတဲ့ ဟင်းပွဲနာမည်တွေ သူမသိဘူး...။ ပုံကိုလက်ညိုးထိုးပြတာတောင် သူမှန်အောင်လိုက်မမှတ်နိုင်ဘူး အဲလိုပေါ့...။ ဒါက ဒီဖက်မှာ ကိုယ်တို့ မြန်မာပြည်မှာ ဖြစ်နေကျပုံစံပါ ..။ ဆိုင်အသစ်ဆို လူက ပျာများပြီး ဘာမှမလုပ်တတ်ကြတော့ဘူး။ တကယ်ဆို ၀န်ထမ်းတွေကို သုံးလကြိုတင် သင်တန်းမပေးသင့်ဘူးလား...။ ခုလိုနာမည်ရစားသောက်ဆိုင် တစ်ခုအနေနဲ့ ပိုလို့တောင်လုပ်သင့်ပါတယ်...။ မန်နေဂျာဆိုတဲ့ ငနဲကလဲ လက်ကလေးနောက်ပစ်ပြီး လိုက်ကြည့်နေတာပဲရှိတယ်။ ဘယ်နေရာဘာလိုလဲ customer တွေဝင်လာရင် ဘယ်လို ကောင်းအောင် နေရာပေးစီစဉ်ရမလဲ သူလိုက်ကြည့်နေရမှာလေ သူကိုယ်တိုင်လုပ်စရာမလိုဘူး..။ စားပွဲထိုးလေးတွေကို ခိုင်းရုံလေးပဲ..။ ခုတော့ တခါမှာဖို့ကို ထိုင်ခုံကနေသူတို့ကိုမျှော်ရတာ ဆယ်မိနစ်လောက်ကြာတယ်...။ မှာပြီး ဟင်းပွဲတွေတော့ရောက်လာတာမြန်ပါတယ်..။ ဟော ...စားပြီးတော့လဲ သူတို့ကို ဘေလ်ရှင်းဖို့ခေါ်ရတာလဲ တော်တော့်ကိုကြာပြန်တယ်..။ တော်ပြီ ဒီဆိုင် ဒါနောက်ဆုံးပဲ နောက်လာမစားတော့ဘူးလို့ ဆုံးဖြတ်ဖြစ်ရော...။ အစားအသောက်မကောင်းလို့မဟုတ်ဘူး ဆားဗစ်လိုတာ အဲလိုပေါ့။ စားသုံးသူစိတ်ကွက်သွားတာမျိုး ဆိုင်ဖွင့်မယ်ဆို ထည့်စဉ်းစားရမယ့် အဓိကအချက်ထဲမှာပါတယ်...။



မြေအိုးဝက်နံရိုးထမင်း (နံရိုးကရှယ်နံရိုးမဟုတ်တော့ အသားမတွေ့ဘဲ အရိုးချောင်းကြီးက အကြီးကြီး)


ဝက်နံရိုးမြေအိုးထမင်းနဲ့ ကော်ဖီဖရို့စ်တဲ့


ကိုယ်တော့ သူ့ဆိုင်မှာ စားနေကျအတိုင်းပဲ ကွေ့သယိုသုပ်ပဲမှာတယ် ဒါပဲကြိုက်လို့ (အဲဒီကွေ့သယိုလို့ပြောတာကို စားပွဲထိုးကောင်လေးက နားမလည်လို့ မီနူးကိုလက်ညိုးထိုးပြီး စားလုံးပေါင်းသေချာမှတ်ခိုင်းရသေးတယ်)


စတော်ဗယ်ရီဒိန်ချဉ်ဆိုပြီးမှာလိုက်တာ ရောက်လာတော့ စတော်ဗယ်ရီမေ့လ်ရှိတ်နဲ့ ဘာမှမထူးဘူး...
နောက်မှ ကိုယ် Feel မှာ သောက်နေကျ စတော်ဗယ်ရီဒိန်ချဉ်လေးတင်ပေးဦးမယ်...



ဒါကတော့ နိုင်ဂံဂျားကပန်လာတဲ့ အဒေါ်ဆီကရတဲ့ လက်ဆောင်
လေဒီရှူးနီနီလေးနဲ့ ရေမွှေးတွေ
 

ဒါလည်းချစ်လှစွာသော အဒေါ်ပေးတာပါပဲ ကိုယ်က cutting ကြီးရင် 38 စီးတယ် သေးရင် 39စီးတယ် အဖြူရောင် 37 ကညီမလေးအတွက် မိုးတွင်းစီးဖို့မပူရတော့ဘူး...



မိုးငွေ့

 

6 comments:

မိုးနတ်ကြယ်စင် said...

သူများ စားတာ.....
သူများ ကြွားတာတွေကို
လာအားကျသွားတယ်ရှင် :PPPPPPPPP
ချစ်တဲ့....မိုးနတ်

AH said...

ရှလွတ် ရှလွတ်... စားချင်လိုက်ထှာ

အမ်တီအန် said...

စားစရာရော..
စီးစရာပါ သွားရည်ယိုသွား...

Anonymous said...

အောက်ဆုံးက ဖိနပ်လေး ကြိုက်တယ်၊ ရှင်းပြီး ခြေထောက် အလှကို ပေါ်လွင်တဲ့ ရိုးရိုးရှင်းရှင်း ဖိနပ်လေးတွေကို နှစ်သက်တယ် ...

San San Htun said...

ကြေးအိုး၊ နံရိုးပေါင်းနဲ့  ငပိထောင်းစပ်စပ်လေး စားချင်တယ်...း)

လရိပ်အိမ် said...

တရက်တည်းစားထားတာကို တင်ထားတာတော့မဟုတ်ပါဘူးနော် မ။
ကြေးအိုးစားချင်တယ်။
ငါးမှာ လက်ရှိဘူးလေ မ။
အောက်ဆုံးက ဖိနပ်လေးကြိုက်တယ်။ လရိပ်ခြေထောက်နဲ့လိုက်မှာမဟုတ်ဘူး။