Sunday, 19 May 2013

ကြက်ရင်အုံသားရောင်စုံကြော်....

 မနက်ဖြန်ထမင်းဗူးထည့်ဖို့ ညကတည်းကကြော်ထားတဲ့ ကြက်သားရောင်စုံကြော်





ကြက်သားရောင်စုံကြော်အတွက်လိုအပ်တာလေးတွေက ကြက်သား မျှစ် ပဲပြား ထီးမှို ငရုတ်ပွ ဥနီ ခရမ်းချဉ်သီး ကြက်သွန်မှိတ် ငရုတ်နီ ကြက်သွန်ဖြူ နီ ဂျင်း ...။ ကုန်းဘောင်ကြီးကြော်နဲ့ခပ်ဆင်ဆင်ပါပဲ ကြော်နည်းလေးကတော့...။ ကြက်သားနဲ့ ကြက်အသည်းကိုတော့ ပြောင်းမှုန့် ပဲငံပြာရည် ငရုတ်ကောင်း ဆန်ဝိုင်တို့နဲ့နှပ်ထားလိုက်ပါတယ်...။ ကြက်သွန်ပင်အရင်းကိုပဲ အရင်ဆီသတ်သတ် ဂျင်းနဲ့ကြက်သွန်ဖြူကိုပဲအရင်ကြော်ကြော် ကြိုက်သလိုကြော်လို့အဆင်ပြေပါတယ်...။ အသားထည့်ကြော် အရေခမ်းပြီး မွှေးလာရင် မှိုနဲ့ဥနီထည့်ကြော် တစ်မိနစ်လောက်မွှေပြီးရင် ကျန်တာအားလုံးထည့်ကြော် အပေါ့အငံမြည်း အငံလိုရင် ငါးငံပြာရည်လေးနဲနဲထည့် အချိုကြိုက်ရင် သကြားနဲနဲထည့် ရောင်စုံကြက်ရင်အုံကြော်မွှေးမွှေးလေး တစ်ပွဲရပါပြီ...။

မှတ်ချက်။  ။ မျှစ်က ဈေးက၀ယ်လာတာ ပြုတ်ပြီးသားပေမယ့် တစ်ရေတော့ပြုတ်ပြီးသွန်လိုက်ပါ...။ ပဲပြားကိုတော့ အတုံးလေးတွေလုပ်ပြီး ဆီလေးနဲ့ နဲနဲပြန်ကြော်ထားပါတယ်...။


မိုးငွေ့


3 comments:

Yoemyaykya said...

ဟားဒီနေ့သတ်သတ်လွတ်။ ခုထမင်းစားရင်းမမပို့စ်ကိုဖတ်နေတာ။

Candy said...

မိုက်တယ် အသီးအရွက်နဲ့ဆိုတော့ ရှယ်ပဲ :D

Iora said...

ကိုယ်လည်းအလုပ်ယူthwar chin တယ်။
ဒီလိုကောင်းကောင်းလေး kyaw ပေး kyaw kyway မဲ့သူ shi ရင်ကောင်းမယ် kwar....
Burmese fonts don't come up correctly again. Sorry for the mixing.

By the way, let me take your link.Naw.
Iora