ဝက်သားကြက်ဥပေါင်း
မိုးလဲအေးလာပြီဆိုတော့ ပူပူနွေးနွေးဟင်းတွေဖြစ်တဲ့ အပြုတ်တွေ အပေါင်းတွေလုပ်စားကြတာပေါ့...။ ဒီကြက်ဥပေါင်းနည်းလေးက တော်တော်ကိုလွယ်ပါတယ်...။ အသားကတော့ဝက်သားမစားသူတွေအတွက် ကြက်သားနဲ့လည်းပေါင်းနိုင်ပါတယ်...။ ၀က်သားကြိတ်သား 100ဂရမ်ထဲကို လက်ဖက်ရည်ဇွန်းချိန်တွေနဲ့ ဟင်းခတ်မှု့န်တစ်ဇွန်း ပဲငံပြာရည်ကြည်နှစ်ဇွန်း ငရုတ်ကောင်းတစ်ဇွန်း ပြောင်းမှုန့်တစ်ဇွန်း ဆားနဲနဲနဲ့ တရုတ်နံနံပင် တစ်စည်းကို နုတ်နုတ်စင်းပြီး အားလုံးရောနယ်ထားပါ...။ နောက်ပန်းကန်အလွတ်တစ်ခုမှာ ကြက်ဥနှစ်လုံးကို ဆားနဲနဲနဲ့ ငရုတ်ကောင်းထည့်ပြီး စက္ကန့်နှစ်ဆယ်လောက် ခရင်းနဲ့နာနာခေါက်ပေးပါ။ ကြက်ဥနှစ်လုံးဆိုရင် ရေက တစ်လုံးစာရောပေးရပါတယ်...ပြီးနောက် နှပ်ထားတဲ့ အသားနဲ့ရောမွှေပြီး... ဆူတောင်တည်ထားတဲ့ ပေါင်းချောင်အိုးထဲ မိနစ်နှစ်ဆယ်လောက်ပေါင်းရင်ရပါပြီ..။ ကြက်ဥကျက် မကျက်ကို ဓါးဦးချွန်လေးနဲ့ထိုးကြည့်လို့ ကြက်ဥနှစ်ကပ်ပါမလာရင် ရပါပြီ..။
Film Wrap နဲ့ ပေါင်းအိုးကချွေးရေမကျအောင်ပိတ်ပြီး ပေါင်းပါမယ်
ကြက်သားငှက်ပျောဖက်ပေါင်းထုပ်
အရင်တစ်ခါတင်ဖူးခဲ့ပါတယ်...ဒီမှာပါ...။ အဲတုန်းက ၀က်သားနဲ့လုပ်ခဲ့တာ...။ အခုကြက်သားကိုလည်း ထည့်မယ့်အစာပလာတွေက အရင်နည်းအတိုင်းပါပဲ...။ ရှမ်းပြည်မှာ ဆောင်းတွင်းမနက်တွေ ကောက်ညှင်းပေါင်းရောင်းတဲ့ဆိုင်တွေမှာ ရှမ်းငှက်ပျောဖက်ထုပ် အသားပေါင်းကို ရနိုင်ပါတယ်...။ ၀က်သား ကြက်သား အပြင် ငါးနဲ့ ငါးဥတွေကိုလည်း အခုလို ဖက်နဲ့ထုပ်ပြီးပေါင်းစားကြပါတယ်...။ စပါးလင်းနံ့နဲ့ ငှက်ပျောဖက်နံ့မွှေးပြီး ငရုတ်သီးစိမ်းစပ်စပ်နဲ့မို့ စားလို့သိပ်ကောင်းပါတယ်...။ ကိုယ်တို့ငယ်ငယ်တုန်းကတော့ မနက်စောစော ကောက်ညှင်းပေါင်းကို ၀က်လက်အေး (၀က်သားကိုဆားနနွင်းဂျင်း ငရုတ်သီးစိမ်းခွဲခြမ်းနဲ့ပြုတ်ပြီး အခဲလုပ်ထားတာ ဆောင်းတွင်းမှာပဲ အဲဒါမျိုးလုပ်ရောင်းပါတယ်)၊ ၀က်သားပေါင်း ကြက်သားပေါင်း ငါးဒုက္ခနဲ့စားခဲ့ကြရတာလေ...။
မနက်စာ ကောက်ညှင်းပေါင်းနဲ့ ကြက်သားငှက်ပျောဖက်ပေါင်းထုပ်
ကောက်ညှင်းကို ပြားနေအောင်လက်ဖနောင့်နဲ့ဖိ ဒါမှမဟုတ် ဆုံထဲထည့်ထောင်းပြီး ဆီဆားလူး ဒယ်ပူပူမှာ အိုးကပ်ကြော်ထားတာနဲ့ ကြက်သားပေါင်းကို ဖွပြီး ကြက်သွန်ဖြူဆီချက်ဆမ်းနဲ့စားတာ သိပ်ကောင်းပဲ...
မိုးငွေ့
4 comments:
စားချင်စဖွယ်..လုပ်ထားလိုက်တာ..
အဲ့လို အသေးစိတ်လေးတွေ လုပ်ရမှာ ပျင်းတော့ ၀ယ်စားလိုက်မိရော..။ မိုးအေးအေးနဲ့ စားကောင်းလိုက်မဲ့ဖြစ်ခြင်း ညီမရေ..။
ဟင်း ၂မျိုးလုံး ကြိုက်တယ် မိုးငွေ့ စားချင်လိုက်တာ
အမ မိုးငွေ့ ..သွားရည်တွေတောင်ကျတယ် အမရယ် ....စားချင်လိုက်တာ .စားချင်စဖွယ်လေး :)
ဝိုးးးးး မီးမီးကြိုက်ကြိုက်တွေပါလားးးးးးးးးး
အားရပါးရလာဆွဲသွားပြီး မ ရေ....:)
ကောင်းလိုက်တာနော် ရှလွတ် :PPPP
Post a Comment