Friday, 17 May 2013

ပြီးဆုံးသွားသော မိုးသည်းညပုံပြင်.....



မဟုတ်ပါဘူး မရှိပါဘူး
တကယ်တော့ ....
ဒါဟာ... ပုံပြင်ဇာတ်လမ်းတစ်ပုဒ်။

တကယ် ထင်ရောင်ထင်မှားဖြစ်အောင်
ဖန်တီးထားတာ....

ကာယကံရှင်ကတော့ သိမှာပါ....။

မိုးကိုချစ်တယ်....

မိုးက ကိုယ့်ကို အမှတ်တရတွေအများကြီးပေးခဲ့တယ်
ပြီးတော့ မရိုးစင်းနိုင်တဲ့ ပုံပြင်တွေပြောတယ်...။

အဲဒီညကလို မိုးသည်းညမျိုး

ကိုယ့်ဆီ ပြန်ရောက်လာနိုးနိုးနဲ့ မျှော်မိနေတုန်းဆို..
ကိုယ်ဟာ မိုက်မဲသောမိန်းမစာရင်းဝင်နေဆဲပေါ့....။

မပြောပါနဲ့ ရပါတယ်....

ကိုယ့်လို မိန်းမမျိုးနဲ့ စကားမပြောရတော့လ
နေပျော်တယ်မဟုတ်လား.....။

မိုးကဖန်ဆင်းမယ့်(တဲ့) မာယာပုံပြင်တွေကို
ခုထိတိုင် ကိုယ်စွဲလန်းယစ်မူးနေတတ်တုန်း...

လေထဲမှာ လမ်းလျှောက်နေတတ်တုန်း........။

အားလုံးကို ပုံပြင်တစ်ပုဒ်လို့

ကိုယ် လွယ်လွယ်သတ်မှတ်လိုက်ရင်
ကိုယ့်ကိုအဆိုးဆိုဦးမလား..........။

ဆိုလည်း ဆိုပါစေတော့

အရာခပ်သိမ်းဟာ ဤရွေ့ ဤအမျှနဲ့ ကျေပါစေတော့......။      ။(မိုးငွေ့)

2 comments:

မဒမ်ကိုး said...

မိုးနဲ့အတူအရာအားလုံးကို ကိုယ်ဟာသတိရနေပါလိမ့်မယ်

ချစ်တဲ့

သာမီး

မိုးနတ်ကြယ်စင် said...

ဟင့်အင်းးးးးးးးးးးး
မိုးနတ်ကတော့ ဒါ အဆုံးသတ်မရောက်သေးဘူး
ထင်တာပဲ.....:)
ချစ်တဲ့...မိုးနတ်