Thursday, 1 March 2012

ငါးထောင်တန်ဖုန်းပေါ် ဘလော့ဂါတစ်ယောက်ရဲ့အမြင်(တဂ်ပို့စ်)

အပိုတွေမရေးတတ်တော့လို့ မေးခွန်းလေးတွေကိုပဲဖြေပေးမယ်နော်....။ (၁)ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား?
နိုင်ငံတကာနဲ့ယှဉ်ကြည့်ရင်တော့ တန်ဖိုးနည်းဖုန်းလို့ မဆိုနိုင်ပါဘူး....။ ဒါပေမယ့်တို့များနိုင်ငံမှာ တစ်သက်လုံး လက်ကိုင်ဖုန်းကို သိန်းဆယ်ဂဏန်းနဲ့ဝယ်သုံးလာရသူများအတွက်တော့ တော်တော်တန်တယ်လို့ပြောကြမှာပါ ...။ လက်လုပ်လက်စားတွေအတွက်တော့ နှစ်သိန်းတန်ဖုန်းဆိုတာ ဈေးကြီးနေပါသေးတယ်...။
(၂) ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်းနဲ့ တီရှပ်များပြုလုပ်ခြင်းအပေါ် သင်ဘယ်လိုမြင် မိပါသလဲ? ဒါလုပ်သင့်ပါတယ်....ခုလိုလွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိချိန်မှာ ပြည်သူလူထုအနေနဲ့ မိမိတို့ရဲ့ဆန္ဒကို တောင်းဆိုပိုင်ခွင့်အပြည့်ဝရှိပါတယ်....။ (၃) ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ်လိုမြင် မိပါသလဲ? တောင်းဆိုဖို့က ကိုယ်ရဲ့တာဝန်ပဲလေ။ လွှတ်တော်ထဲကလူတွေဘယ်လိုတုန့်ပြန်မလဲဘဲ စောင့်ကြည့်တာပေါ့..။ (၄) ငါးထောင်တန်ဖုန်းများပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား? ကြိုဆိုတာပေါ့....။ လူတန်းစေ့ကိုင်နိုင်မယ့် တန်ဖိုးနဲ့ ၀မ်းသာစရာမဟုတ်လား...။ နဲနဲကြောက်ရတာက သများတို့ဆီမှာ အဲလို ပေါပေါပဲပဲဆို ကွာလတီက စကားပြောတတ်တယ်...။ စေတနာပါပါနဲ့ လိုင်းကြည်ကြည် ဖုန်းဟမ်းဆက် မရွေးဘဲရရင်တော့အကောင်းဆုံးပေါ့ကွယ်...။ ဒေါက်တာသက်တန့်ချိုရဲ့ တဂ်ပို့စ်လေးပါ....။ နောက်တစ်ခါ ဘလော့ဂါများဆုံရင် အရင်ဦးဆုံးလာခေါ်ပါ့မယ်လို့ ဖားထားလို့ ရေးပေးလိုက်တယ်....း) မိုးငွေ့

13 comments:

သက်တန့်ချို said...

ဟီးးး ရေးပေးတာနဲ့တင်ကျေးဇူးတင်ပါတယ် မမိုးငွေ့ရေ

အရင်ဆုံးလာခေါ်ပါ့မယ်း))

ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ

ခင်မင်စွာဖြင့်

သက်တန့်ချို

မိုးယံ said...

တူ့လိုပဲ တိုတိုတုတ်တုတ်ရေးတာပဲ ကောင်းမယ်ထင်ပ..ဟီဟိ

Lps said...

ဖတ်ခဲ့ပြီနော် မိုးငွေ့ရေ
ခင်မင်လေးစားလျှက် (လွမ်း)
www.lwanpaishin.blogspot.com

ညိမ်းနိုင် said...

ဘာ....ငွေငါးထောင်နဲ့ ဖုံးကိုင်ချင်လို့ဟုတ်လား....၊ရ
တယ်လေ....၊ရ ရမယ်...၊တစ်ခုပဲရှိတယ်...၊ငွေငါးထောင်
နဲ့တော့ ခင်ညားတို့ကို လူကြီးမင်းတော့ မခေါ်နိုင်ဘူးဗျ...
(အဟဲ....ဘာမှမဟုတ်ဘူး...ဖေ့ဘွတ်က ကာတွန်းလေး
သွားသတိရလို့.....:)))

blackroze said...

မကြီးရေ
ငါးထောင်တန်ဖုန်းကတော့
လူတိုင်းမျှော်လင့်နေကြတာဘဲ
ပေးမပေးဆိုတာတော့ မသိတော့ဘူး

Candy said...

မမအမြင်လေး ဖတ်သွားတယ်နော်

Angelhlaing(May everybody be happy and healthy! said...

မမရဲ့ အမြင်လေးတွေ ဖတ်ရှုခ့စားသွားတယ်မမရေ..

မောင်သီဟ said...

ငါးထောင်တန်ထွက်ရင် ဖုန်းကတ်ဒ်နှစ်ခုကိုင်မယ်
တခုက မမတွေဆက်ဖို့
နောက်တခုက ညလေးတွေကိုဆက်ဖို့
အကြံပိုင်တယ် (နာကွ)
း)း)

စံပယ်ချို said...

ဆိုလိုရင် တိုရှင်း
ထိ၏ ပြန်ပါပြီ
ချစ် jasmine

အဖြူရောင်နတ်သမီး said...

၅၀၀၀တန်ဖုန်း အမြန်ထွက်ရှိရေး..
ဒို့အရေး..ဒို့အရေး...

Han Kyi said...

ငါးထောင်တန်မပေါ်ခင်မှာ အခုသုံးနေတဲ့ ဖုန်းတွေကို လိုင်းဆွဲအားကောင်းအောင်လုပ်ပေးဖို့ အရင်တောင်းဆိုပါကြောင်းဗျား...ဟဲလိုတစ်ခွန်းပြော သုံးခါပြန်ခေါ်...ဟဲလိုတစ်ခွန်းပြော...ဧရိယာပြင်ပရောက်နဲ့ စိတ်ကုန်လွန်းလို့ပါ...

San San Htun said...

တဂ်ပို့ စ်လေး လာဖတ်သွားတယ်

Yin Sue said...

အစ်မမိုးငွေ့ရေ.....ရေးထားတာလေးဖတ်သွားပါတယ်....
ရေးတာလေးတွေ ရှင်းရှင်းလေးနဲ့ လိုရင်းလေးတွေပြောသွားတာ.....ကောင်းပါတယ်.......
အစ်မစာတွေ အားပေးနေပါတယ်...