Saturday, 10 March 2012

လျှပ်ပန်း.....



ထုံးစံအတိုင်း မင်း..ခဏကလေးရောက်လာတယ်............။ ကောင်းကင်က လျှပ်စီးလျှပ်လိုက်သလိုမျိုးပါပဲ.......။ ဖြတ်ခနဲ လင်းခနဲ တစ်ချက်တည်းပဲ.....။ ပြီးတော့ မိုးညိုတွေက ထစ်ချုန်းရွာချလိုက်တယ်.......။ မိုးသည်းတွေတိတ်သွားတော့ နှင်းတွေအဆက်မပြတ်ပြိုဆင်းကျလာပြန်တယ်..........။ ဘာတွေလဲ.........။ ဘာတွေလဲ...ကွယ်...။ အတားအဆီးတွေက များလှချေလား.......။ လျှပ်ပန်းလေးတစ်ခက်နဲ့ ကိုယ့်ကိုလာပြီးနှုတ်ဆက်တယ်.........။ ပြီးတော့ ပြန်ထွက်ခွာသွားတယ်........။ အချစ်စစ်ဘယ်မှာရှာတွေ့နိုင်မလဲတဲ့.......။ တခါတလေကျ အနီးဆုံးအရာတွေဟာ အဝေးဆုံးကိုရောက်နေတတ်တယ်ဆိုတာ တကယ်မှန်တယ်......။ အမှန်တကယ်တော့ မင်းရဲ့ဘယ်ဘက်အိပ်ကပ်လေးထဲမှာ.... အချစ်စစ်စစ်တွေ ပုန်းအောင်းနေတာကြာပေါ့ကွယ်......။ တစ်နေ့နေ့ကျရင်တော့ မင်းခံစားသိရှိလာနိုင်မှာပါ........။
အလွမ်းတွေကိုတောင် လွမ်းတယ်လို့ပြောရမှာ အားနာလာပြီ.......အိန်ဂျယ်....။ မိုးငွေ့

10 comments:

လွင်ပြင်လှိုင်းငယ် said...

အလွမ်းတွေတောင် အားနာလာပြီတဲ့လား
ကောင်းလိုက်တဲ့ အက်ဆေး

Anonymous said...

အလွမ်းတွေကိုတောင် လွမ်းတယ်လို့ပြောရမှာ အားနာလာပြီတဲ့လား မမရယ် ....

ရင်ဘက်ကြီးနဲ့ခံစားသွားပါတယ် မမမီးရေ :-)

လက်ဝဲ said...

အလွမ်း... အလွမ်း...
အင်း... အလွမ်း...

စံပယ်ချို said...

လာပြီးနူတ်ဆက်တယ် ပြီးရင်ပြန်ထွက်သွားရမယ်လေ
မအားနေလို့ ဖဘ ကိုလဲဒီနေ့မှဝင်ဖြစ်တယ်
နေရာခဏပြောင်းရမယ်လေ အဲတာပစ္စည်းလေးတွေသိမ်းနေတာ ၂-၃ လ လောက်ကြာမယ်ထင်တာပဲ
ချစ်တဲ့ jasmine

Candy said...

လွမ်းတတ်လိုက်တာ မမရယ် :D

San San Htun said...

စကားလုံးတွေ တကယ်မိုက်တယ် မမိုးငွေ့ 

mstint said...

စကားလုံးလှလှနဲ့အလွမ်းမင်းသမီးလေး မိုးငွေ့ရေ။
အလွမ်းတောကနေလွတ်မြောက်ပါစေတော့လို့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

အားနာလို့တော့ အလွမ်းတွေကို လွမ်းတယ်လို့မပြောပဲ
မနေပါနဲ့မမိုးရယ်.....၊အလွမ်းဆိုတာ အချစ်ရဲ့ဖွားဘက်
တော်....၊မေတ္တာရဲ့ခြွေရံသင်းပင်း ဗျ.....။
ဒါနဲ့စကားမစပ် ဆူးလေဘုရားလမ်း၊၁၀လွာက ကော်
ကော်ဆိုင်ကိုသိချင်သွားပြီ...:))))

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ရင်းနဲ့ ဘာကိုမသိ လွမ်းသွားမိတယ်

Cameron said...

အားလုံးကို အလွမ်းတွေကူးစက်သွားစေတဲ့အတွက် ခွင့်လွှတ်ပေးကြပါ....း)