Monday, 5 March 2012

ဝက်သားချဉ်သုပ်နဲ့ ကြာဇံကြွက်နားရွက်မှိုဟင်းချို.....


ဝက်သားချဉ်သီးရွက်စုံသုပ်


ရုံးကအိပ်ပြန်တော့ ဗိုက်ဆာဆာနဲ့
အမေကအပြင်သွားနေတယ် ဘာမှချက်မထားခဲ့ဘူး...။ ဒါနဲ့ ရေခဲသေတ္တာထဲဟိုရှာဒီကြံလုပ်လိုက်တယ်...။ တလောက တာချီလိတ်ကလာတဲ့ အဒေါ်တစ်ယောက် လက်ဆောင်ပေးသွားတယ် ၀က်သားချဉ်အချောင်းငါးခုပါတဲ့အထုပ်တွေ့လိုက်တယ်... အသီးအရွက်ကြည့်လိုက်တော့ ဆလပ် နံနံပင် ကြက်သွန်မှိတ် ရှမ်းနံနံ ခရမ်းချဉ်သီး ဥနီ အဲဒါတွေတွေ့တာနဲ့ အကုန်ရေဆေးပြီး ၀က်သားချဉ်တုံးလေတွေနဲ့လိုက်ဖက်အောင် ဥနီနဲ့ခရမ်းချဉ်သီးတွေကိုလည်း အတုံးလေးတွေလုပ်လိုက်တယ်...။ ကြက်သွန်နီတစ်ဥပါးပါးလှီးထည့်တယ်...။ မသုပ်ခင် ဆီပူဒယ်ထဲကို နနွင်းနဲနဲထည့် ကြက်သွန်ဖြူကိုမွှေးအောင်ကြော်ပြီး အသားချဉ်ကိုဆီသတ်လိုက်တယ်... ပြီးတော့ လှီးထားတဲ့အသီးအရွက်တွေထဲကို ထည့်ငံပြာရည်နဲနဲနဲ့ဟင်းခတ်မှုန့်လေးနဲနဲထည့်ပြီး နယ်လိုက်တယ် ပြီးပြီ ဒါလေးပဲ လွယ်တယ်လုပ်ရတာ...။ အဲဒါလေးနဲ့ထမင်းစား ကြာဇံကြွက်နားရွက်မှို ဟင်းရည်ပူပူလေးသောက်...မိုက်၏..။



ဝက်သားချဉ်နဲ့ လိုအပ်တဲ့ အသီးအရွက်တွေ....


ဝက်နံရိုးပြုတ်ရည်ထဲကို ကြွက်နားရွက်မှို၊ မုန်ညင်းဖြူနဲ့ ပဲကြာဇံခတ်ထားတဲ့ ဟင်းချို
ငရုတ်ကောင်းဖြူးပြီး ပူပူလေးသောက်......


11 comments:

မဒမ်ကိုး said...

တော်တော်ချစ်ဖို့ကောင်းကြတယ်
ဝိတ်ချနေပါတယ်ဆိုမှ
တမျိုးပြီးတမျိုး လုပ်ပြနေကြဒယ်း(((

ဟွန့် မမိုးနော် ဖက်တီးဖြစ်လာလိမ့်မယ် သိပ်မစားနဲ့ဟိဟိ

သဒ္ဓါလှိုင်း said...

ရှလွတ်.. ကြည့်ပြီး စားချင်လိုက်တာ။ မြင်သာမြင်ရ..
မစားရပါလားးးး။
ချစ်တဲ့
သဒ္ဓါ

စံပယ်ချို said...

အဲဒီလိုလုပ်လိုက်တော့လဲ
ကောင်းမွန်တဲ့ အစားတမျိုးဖြစ်သွားတာပဲနော်
ပြောရင်းနဲ့ကြာဇံသောက်ချင်လာပြီ
ချစ်တဲ့ jasmine

ချော(အစိမ်းရောင်လွင်ပြင်) said...

လှလဲလှ
စားချင်စဖွယ်လဲဖြစ်..
ကောင်းမှကောင်းးးး

အလင်းသစ် said...

စားချင်စရာလေးပါလားအမရေ.. :)

ပျိုးယုဝသုန် (Pyo Yu Wathone) said...

မိုးငွေ့ပြောမှပဲ ကြာဆံဟင်းခါး သောက်ချင်သွားပြီ.. တော်တော်ဆိုးတဲ့ ဒေါ်မိုးငွေ့ကလေးပဲ..

ချစ်တဲ့
ဝသုန်

San San Htun said...

စားချင်သွားပြီ..

မောင်သီဟ said...

ဂလု တော်ပီ အသောက်ပို့စ်ဆို မဖတ်ပဲ ပြန်လှည့်ပြန်မယ်
စောစောကြီး သွားရည်ကျရတယ်

Mamoonn said...

ကြာတယ် ခုပဲ သွားဝယ် သုတ်စားတော့မယ်..ဟဲဟဲ

Han Kyi said...

ရှလွတ်...

သွားရည်သိမ်းပြီး ပြန်သွားရတယ်...အလုပ်များနေလို့ အလည်မရောက်ဖြစ်တာ ခွင့်လွှတ်ဖို့လည်း တောင်းပန်ခဲ့ပါသဗျား...

Cameron said...

ရပါတယ် ဆရာကလည်း ဒီလူနဲ့ဒီလူတွေ ပြောစရာလိုလို့လား....။