Tuesday, 20 March 2012

သူတို့မောင်နှံပေးတဲ့ မွေးနေ့လက်ဆောင်.....




တိမ်ရဲ့ အိန်ဂျယ်.... ဟေမန် သခင် 
ဆောင်းနှင်းတွေလဲ ပြေးထွက်ခဲ့ပြီ 
ဂိန်မန် အရှင် အိန်ဂျယ်လေးလဲ 
လေးရူးနဲ့ အတူ ပိတောက်တွေဖူးမယ့် ဒီရာသီမှာ 
နှင်းလဲမသောက် မိုးရဲ့ အငွေ့အသက် မိုးစက်များနှင့်အတူ 
ပူလောင်သူကို အေးချမ်းပေး ဆောင်ယူလာတာ လေပြေ အေးမို့ 
တိမ်တို့ သခင် အိန်ဂျယ် 
သင့်ကို ပန်းစံပယ်နှင့်အတူ လမ်းသွယ်တွေပါမကျန် 
ဝေဟင်မြင့်ထက် လွင်ပြင်ကိုကျော် ပင်လယ်ဆီသို့ 
ဂုဏ်သတင်းတွေ မွေးပျံ့ အောင်မြင်ခြင်းတွေ အတောင်တပ်ပြီး 
တိမ်တွေကိုစီး အိန်ဂျယ်တပါးလို ဒီကမ္ဘာကို 
အေးချမ်းမှု့တွေ ဖြန်းပက်ပေးပါ မိုးစက်သခင် မိုးငွေ့ သင့်ရယ်။        ။ (လွင်ပြင်လှိုင်းငယ်) 

ပန်းနုရောင်ပိုင်ရှင်အတွက်မွေးနေ့ကဗျာ 
ဘဝတွေ ယောင်ပေပေ မဖြစ် 
ပန်းနုရာင်နှလုံးသားနဲ့ ဘဝကို တစ်ကိုယ်တည်းရုန်းကန် 
အမှန်တော့ ရင်ထဲမှာအချစ်ရှိတယ် 
ဒီအမေ ဒီအဖေ မွေးလို့ မြင့်မြတ်တဲ့ မွေးနေ့ရှင် 
စိတ်ဝယ်ဘဝင်အေး နာမည်ကိုမေးပါရစေဦးလို့ 
မိုးငွေ့တဲ့လေ ကြားရသူရင်ထဲ အေး မွေးနေ့မှ နောင်နှစ်ပေါင်းများစွာတိုင် 
ဟန်တွေမလုပ် မာန်တွေလဲမထုတ် 
မိုးငွေ့ရင်ထဲ အမြဲဖြူစင် 
မိုးငွေ့ အပြုံး မြင်သူရင်ထဲ နှလုံးအေးစေတယ် ။ 
စာတိုကဗျာတို ဝါသနာတွေနဲ့ 
ကဗျာအကြောင်းတွေတွေး 
စာတွေရေးတဲ့ မိုးငွေ့လေးရေ 
ချစ်ခြင်းတရား အထားမမှားစေပဲ 
ရင်ထဲထည့်ထား ပုလဲတလုံးရွဲတလုံး 
အပြုံးတုဆိုတာဝေးတဲ့ 
မိုးငွေ့ရေ ဒီနှစ်ဒီလ ဒီရက်မှတိုင် 
စိတ်နှလုံးရွှင်လန်း အပြုံးပန်းတွေထာဝရဝေပြီး 
စိတ်သွားတိုင်းကိုယ်ပါ လိုအင်ဆန္ဒမြဲလို့ 
စာတွေကဗျာတွေ ရသက်ပန်တည်ဆောင်နိုင်ပါစေလို့ ။     ။ (Jasmine တောင်ကြီး)

ကျမကို မိဂျက်နဲ့သူ့ရဲ့ ချစ်ချစ်ကြီး လွင်ပြင်လှိုင်းငယ်က မွေးနေ့ အမှတ်တရရေးပေးထားတာပါ။
ကျေးဇူးတင်ပါတယ် ချစ်ဇနီးမောင်နှံနှစ်ယောက်စလုံးကို....။ ကဗျာလေးထဲမှာ မီးမီးချစ်တဲ့ အိန်ဂျယ်လဲပါတယ် မိဂျက်နာမည်ရော လွင်ပြင်ရောပါတယ်...။

5 comments:

မိုးသက် said...

နှစ်ယောက်လုံးဆီသွားဖတ်ပြီးသွားပြီ.. မိုက်တယ်နော်အစ်မ.. ။ ကဗျာလေးတွေက လန်းတယ်.။ စောစောက သိရင် တားလည်း တစ်ပုဒ်လောက်တော့ရေးပါတယ်.

သဒ္ဓါလှိုင်း said...

သက်ဝင်တဲ့ ကဗျာလေးတွေနဲ့ မမိုးဘလော့လေးက လှလို့။ ကဗျာရေးပေးတဲ့မောင်နှံနှစ်ယောက်ရာ
မွေးနေ့ရှင်မမိုးရော ချမ်းမြေ့ပျော်ရွှင်ပါစေ။
ချစ်တဲ့
သဒ္ဓါ

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာလေးတွေ ဖတ်ရတာ ကြည်နူးစေတယ်။ နောက်ကျနေပေမယ့် ဆုတောင်းပေးလိုက်ပါတယ်။

မွေးနေ့မှာ ပျော်ရွှင်ပါစေ မိုးငွေ့ရေ..

ခင်တဲ့
မြတ်

စံပယ်ချို said...

မွေးနေ့ရှင်တစ်ယောက် ထာဝရပျော်ရွှင်ပါစေလို့
ထပ်လောင်း ဆုတောင်းခဲ့ပါတယ်

mstint said...

ကလောင်သွားလေးကထက်တော့လည်း
ကဗျာလေးတွေ ဖတ်လို့ကောင်းသွားတာပေါ့နော်။
အားပေးသွားတယ် မိုးငွေ့ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်