“အိန်ဂျယ်သေသွားပြီနော်....” တဲ့....................
အိန်ဂျယ့်ဆီက မက်ဆေ့လေးဝင်လာတာ....။ အဲဒီစာလေးကိုဖတ်ပြီး ကိုယ်တော်တော်စိတ်မကောင်းဖြစ်သွားတယ်...။ ရင်ထဲမှာတမျိုးဘဲခံစားလိုက်ရပြီး မျက်ရည်တွေဝဲတက်လာတယ်......။ ဟင့်အင်းးးကွယ်.....။ ဘယ်သူပြောလဲ အိန်ဂျယ်သေသွားပြီလို့............။ ကိုယ်ကိုယ်တိုင် စိတ်ကူးနဲ့ခဲရာခဲဆစ် ရင်ဘတ်နဲ့ရင်းပြီး ဖန်ဆင်းထားတဲ့ ဇာတ်ကောင်တစ်ယောက်ကို လွယ်လွယ်ကူကူနဲ့ ဘယ်လိုစိတ်မျိုးနဲ့ သတ်ပစ်ရက်မလဲ......။ ကိုယ့်အတွက် အိန်ဂျယ်ဆိုတာ ကိုယ်အသက်ရှင်သန်နေသရွေ့ ကိုယ်နဲ့ထပ်တူရှိနေမှာပါ....။ ကိုယ်ကိုယ်တိုင်ဖန်တီးထားခဲ့တဲ့ အရာကို ခလုတ်ကလေးတချက်နဲ့ delete လုပ်လိုက်မယ့်သူမျိုးထဲမှာကိုယ်မပါဘူး.....။ ဘာလို့ကိုယ့်ကို အဲလိုထင်ရသလဲ ..အိန်ဂျယ်.....။ တကယ်တော့ ကိုယ်ဟာ ကိုယ့်စာတွေ ကိုယ့်ဇာတ်ကောင်တွေကို သိပ်........ပြီး သံယောဇဉ်ကြီးတဲ့သူ ချစ်တတ်တဲ့သူတစ်ယောက်ပါ.....ဘာကြောင့်ကိုယ်အဲလိုလုပ်မလဲ.......။ ပြီးတော့....ကိုယ့်ဘဝမှာ ကိုယ့်အက်ဆေးတွေအတွက် ပထမဆုံးဇာတ်ကောင်လေးဟာ မင်းပဲလေ.....။ စူးရှတဲ့ အလင်းတန်းတွေနဲ့အတူ အတောင်ပံတစ်စုံနဲ့ကိုယ့်ရဲ့အိန်ဂျယ်က ကိုယ်ယောင်ဖျောက်နေတာကြာလှပေါ့..။ ကိုယ်ကသာစိုးရိမ်တကြီးဖြစ်နေတာ....အိန်ဂျယ်ကိုယ့်ဆီကို ဘယ်တော့မှပြန်မလာတော့ဘူး.... ကိုယ့်ကို အပြီးပိုင်ထားသွားပြီးလားလို့.....။ ဒါကြောင့်မင်းအကြောင်းရေးထားတဲ့ အက်ဆေးလေးတွေတောင် အကြမ်းထဲမှာဒီအတိုင်းလေးသိမ်းထားတယ်......။ ဆောင်းရာသီမှာ မင်းအတွက်ရေးတဲ့ အက်ဆေးလေးပေါ့..။ ခုတော့ နွေဦးတောင်ပေါက်ခဲ့ပြီ.....။ တကယ်ဆို အိန်ဂျယ်အက်ဆေးလေးကိုခံစားမှုလေးရှိတိုင်းတင်ရမှာက ကိုယ့်တာဝန်ပါ.....။ ဘာကြောင့်မတင်ဖြစ်လဲလို့ မင်းမေးလာခဲ့ရင် ကိုယ့်မှာ အကြောင်းပြချက် အဆင်သင့်ရှိမနေဘူးဆိုရင် မင်းယုံမလား......။ မင်းပို့လာတဲ့ “အိန်ဂျယ်သေသွားပြီနော်”ဆိုတဲ့ စာကြောင်းလေးတစ်ခုနဲ့တင်.......ကိုယ့်ကိုအတိုင်းအဆမဲ့ ကြေကွဲစေခဲ့တယ်ဆိုတာ မင်းသိနိုင်မလား......။ မင်းကပြောသေးတယ် “နွေဦး(၂)” ကိုလာဖတ်ပြီး စိတ်ထဲတမျိုးပဲဖြစ်သွားတယ်တဲ့.....။ အမစာရေးတာတကယ်တော်တယ်ဗျာတဲ့.....။ ဒီနှစ်ကမ်းခြေကိုမသွားဘူးလားတဲ့....။ ဒီလိုဆိုတော့လဲ မင်းက ပြီးခဲ့တဲ့အကြောင်းအရာတွေအားလုံးကို မမေ့သေးတဲ့သဘောပေ့ါ ...အမှတ်ရနေဆဲပေါ့ ဟုတ်လား....။ ဖဘမှာမင်းပုံတွေတွေ့လိုက်တယ် မင်းအသားညိုပြီး နဲနဲပိန်သွားတယ်.... Camp တွေထွက်နေရလို့လား....။ ဒါပေမယ့် မင်းအပြုံးတွေကတော့ ကြည်လင်ဆဲ တောက်ပဆဲ ဆွဲဆောင်မှုရှိနေဆဲပါပဲ....။
မိုးငွေ့

12 comments:
သူရှိနေမှာပါလေး))
ချစ်တဲ့
ဒိုးကန်
ကိုယ့်ရင်ထဲက အိန်ဂျယ်ဆိုတာ ကိုယ်တိုင်သတ်မှသာ သေမှာပါ....
မမိုးရင်ထဲက အိန်ဂျယ်လေး ထာဝရ ရှင်သန်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ကိုယ့်ရင်ထဲသူ
အမြဲရှိနေမှာပါ
ချစ်တဲ့ jasmine
သူ့ကိုကျန်းမာရေးဂရုစိုက်ဖို့ပြောလေဗျာ
း)
ဟုတ်ပါတယ် သူအမြဲရှင်သန်နေမှာပါ
အိန်ဂျယ်က အစ်မ ရင်ထဲမှာ ထာဝရ ရှင်သန်နေမှာပါ...
သူလည်းလွမ်းလို့နေမှာပါ ....
အလုပ်တွေရှုပ်နေလို့ မရောက်တာအတော်ကြာခဲ့ပြီ။ အိန်ဂျယ်လွမ်းချင်းအသစ်တစ်ပုဒ်ကို ခံစားသွားပါတယ်။ ဘာပဲဖြစ်ဖြစ် နင့်နင့်သီးသီးခံစားရတာ မကောင်းလှပါဘူး။ အဆင်ပြေပါစေဗျာ။
ဒါဖြင့် ဗိုလ်အောင်ဒင်ပြန်လာပြီလိုမျိုး...၊အိန်ဂျယ်ပြန်လာ
ဘီတို့၊ ရီတန်းအော့်အိန်ဂျယ်တို့ဘာတို့လုပ်ပါဦးမမိုးရ...
(ခင်လို့စတာနော်....) အတည်ပြောမယ်....အိန်ဂျယ်အက်
ဆေးလေးတွေကို မျှော်နေတာကြာပြီအစ်မရ...၊ဟိုစုတ်ဖွား
ကဗျာဆြာရဲ့ ကဗျာတွေပဲ ဖတ်နေရတာကြာပြီလေ....:)
အက်ဆေးလေးတွေမျှော်နေမယ်နော်....၊မမိုးရင်ထဲတင်
မက ကျွန်တော်တို့ရဲ့ခံစားချက်တွေမှာပါ အိန်ဂျယ်က
ခိုနားနေပြီလေ......
အိန်ဂျယ့်အကြောင်း ဖတ်ချင်ပါသေးတယ်
ကျေးဇူးအများကြီးတင်ပါတယ် အိန်ဂျယ်ဆိုတဲ့ ကျမချစ်တဲ့ ဇာတ်ကောင်လေးက စာဖတ်သူတွေရင်ထဲ ရစ်ဝဲခိုနားနေမှန်းသိလိုက်ရတဲ့အတွက်လဲ အတိုင်းထက်အလွန်ဝမ်းသာမိပါတယ် ဒီလိုပဲ အိန်ဂျယ်လဲဒီအက်ဆေးနဲ့ ကော်မန့်တွေကိုလာဖတ်မိရင် ကြည်နူးပီတိဖြစ်သွားမိလိမ့်မယ်လို့ ယုံကြည်နေပါတယ်...။
လူတစ်ယောက်ရင်ထဲ အလိုလို ဖြစ်တည်နေတဲ့ အိန်ဂျယ်လ် ဆိုတဲ့ အဖော်လေးက အမြဲတမ်းမမြင်ရသော်ငြား ထာဝရတော့ တည်ရှိနေမှာပါ..
အိမ်မက်
Post a Comment