တောင်ကြီးကို ကျမတို့ရုံးကတစ်ဖွဲ့လုံးသွားကြတာ...။ အဂါင်္နေ့ပိတ်ရက်ခံလို့ ခွင့်တစ်ရက်ယူပြီးသွားကြတာ...။ တောင်ကြီးကို ဟိုးး ငယ်ငယ်တုန်းကပဲရောက်ဖူးတာ...။ ဒါကြောင့် ဒီတခါတော့ အစုံသွားလည်မယ်ဆိုပြီး မနှစ်ကတည်းက ခရီးစဉ်ကိုဆွဲထားကြတာ...။ ရန်ကုန်ကနေ ရန်ကြီးအောင်ကားနဲ့သွားကြတယ်...။ ဟိုရောက်တော့ ကားငှားပြီးလည်ကြတယ် တစ်ရက်ကို တစ်သိန်းကျတယ်...။ စုစုပေါင်းသွားတာက ရှစ်ယောက်..။ တည်းတော့ နမ့်ခုံးဟိုတယ်မှာ နှစ်ယောက်အိပ်ကိုတစ်ညတစ်သောင်းနှစ်ထောင်ကျပါတယ်...။ ကျန်ရက်တွေ ဘယ်လိုလည်ကြလည်းဆိုတာ ပုံတွေတင်ရင်းနဲ့ ပြောပြမယ်နော်...။ ခုတော့ စားခဲ့တဲ့အစာနဲ့ အရင်မျှားလိုက်တယ်..း))
ထမ်ဆမ်းဂူ ဈေးတန်းက ကောက်ညင်းခွက်ကြော်
ထမ်ဆမ်းအပြင်ဖက်က ထောပတ်သီး
ထမ်ဆမ်းဂူအပြင်က ဖရဲသီးတွေ
ရှမ်းခေါက်ဆွဲအသုပ်
ငါးထမင်းနယ်...တစ်ပွဲကိုတစ်ထောင်ပေးရတယ် လုံးဝစားမကောင်းဘူး... အင်းထဲက ချည်ထည်ဆိုင်နဲ့ တွဲရပ်လေးဖွင့်ထားတဲ့ဆိုင်... ရန်ကုန်က အမှတ်တရအင်းလေးဆိုင်ကို သတိရသွားတယ်...။ ကိုယ်စားဖူးတဲ့ ငါးထမင်းနယ်က ငှက်ပျောဖက်လေးအောက်ကခံပြီး အပြားသေးသေးနဲ့ ထမင်းက၀ါဝါလေးပါ..။ ဒီငါးထင်းကတော့ ထမင်းကို ငါးကြော်ဆီဆမ်းပြီး နယ်ပေးလိုက်တာနဲ့တူတူပဲ နိုးဂွတ်ပါ...အဲဒီရောက်ရင် မစားကြပါနဲ့...။ တကယ်ကောင်းတာက ကလောမြို့ထဲက ငါးထင်းနယ်နဲ့ တောင်ကြီးမြို့မဈေးအပေါ်ထပ်ကပါတဲ့..။ ဟင့်... အချိန်မရလို့ စားလိုက်ရဘူး....။ ဟင်းထုပ်လဲစားခဲ့ရဘူး ...။
ရှမ်းထမင်းသုပ် ...သူလဲ တစ်ထောင်ပေးရတယ်...။ ခရမ်းချဉ်သီးအနှစ်နဲ့ဆီနဲနယ်ထားရုံလေး...။
မရွေးမုန့် ဖွဲမုန့်
ဥတစ်လုံးကြက်သွန်ဖြူ
စွယ်တော်ရွက်နဲ့ ဆူးပုပ်ရွက် လတ်လတ်ဆတ်ဆတ် သုံးထုပ်ကို ငါးရာပါ
ဝက်ခေါက်ကြော်
ဝက်အူချောင်း
ကြံချောင်း ပဲလိပ်ပြာ နာနတ်သီး သြဇာသီး
ခေါပုတ် တိုဖူးသုပ်
မုန်ညင်းချဉ် ကြက်သွန်ချဉ်
ဆီတိုဖူး ပဲပုပ်စေ့
မြို့မဈေးထဲက အအေးဆိုင်
အောင်ပန်းမှာ ဟိုးအရင် ကလောသွားလည်တုန်းက ရောင်းတဲ့ ကြက်သွန်ဖြူတွေဆို အခင်းထဲက နှုတ်လာတဲ့အတိုင်း အစည်းလိုက်လေး အဲဒါမျိုးလိုချင်တာ ဘယ်မှာမှ မတွေ့တော့ဘူး...။ ဥတစ်လုံးကြက်သွန်ဖြူတွေကို ပလပ်စတစ်အိတ်နဲ့ packing လိုက်လေးတွေ ထုပ်ရောင်းတာမျိုးပဲ တွေ့ရတော့တယ် ခတ်ကာလပြောင်းလဲလာတာနဲ့အမျှ ဘာဝတွေလဲ ပျောက်ကွယ်လာကြပြီ နှမြောစရာပဲ...။ ကြည့်လိုက်ရင် ပလပ်စတစ်အိတ်တွေနဲ့ မကင်းဘူးဖြစ်နေတယ်...။ ထောပတ်သီးကို အဲလိုအိတ်ထဲထည့်ရောင်းတော့ အပူရှိန်နဲ့ ရေငွေ့ပျံပြီး အသီးက မလတ်ဆတ်တော့ဘူး...။
စိမ်းစိမ်းနဲ့က ရွှေပဲသီးနဲ့ ဘိုစားပဲသီးထုပ် လိမ္မော်သီး တိုဖူးခေါက်
လဖက်ခြောက်ထုပ်နဲ့ ထောပတ်သီးတွေ
အောင်ပန်းမြို့က လဖက်ခြောက်ထုပ်နဲ့ ကောက်ညှင်းခွက်ကြော်တွေ
ကလောမြို့နယ် ရှမ်းပြည်အဆုံးမြို့တစ်မြို့မှာ ညနေစာရပ်နားတုန်းက စားဖြစ်ခဲ့တဲ့ ထမင်းဆီဆမ်းနဲ့ကြက်ကြော်
11 comments:
မြင်ရတာ ဗိုက်ဆာလိုက်တာ
ပုံတွေကြည့်ပြီးလွမ်းလဲလွမ်း ဗိုက်လဲဆာ
မုန်ညင်းချဉ် ကြက်သွန်ချဉ် အားလုံးယူသွားပါတယ်
စတော်ဘယ်ရီလဲယူသွားတယ်နော်
စုံလိုက်တာ..
အစားတွေကုန်သလောက်ရှိပြီ.း)
တောင်ကြီးမြို့မဈေးအပေါ်ထပ်က ငါးထမင်းစားခဲ့တယ် တော်တော်ကောင်းတယ်။
မမိုးက ဓာတ်ပုံတွေ ပိုစုံတယ်။ နေရာလည်း ပိုများပုံရတယ် .. အစားအသောက်လည်း စုံမှစုံ..
စားချင်စရာတွေချည်းဘဲ
ကျူရိုး ကောက်ညှင်းကျည်တောက်လည်း စားခဲ့သေးတယ်
သဘောကျတယ်။ မမိုးပြောသလိုဘဲ မွှေးတယ်နော်.
လွမ်းတယ်မကြီးမိုးငွေ့ရေ.......အဲ့ဒါတွေလည်းစားချင်တယ်....တောင်ကြီးက ကျိုင်းတုံမှာ ရှမ်းစာစုံတယ်မကြီးရဲ့....မြေပဲတိုဟူး အရမ်းစာချင်တာဘဲ....ငချိတ်အုံးနို့စမ်းတို့ အများကြီးဘဲ.....ပြောရင်း သရေကျလာပြီ......
က်ွနလိုစီးရီါ်ဆွဲလိုက်ရမှာ
မကြီးမိုးငွေ့ရေ
တွေ့သမျှအကုန်စားချင်တော့တာပါဘဲ
အစားအစာတွေက တကယ့်ကို အစုံပါပဲလား..၊း) ကျူရိုး ကောက်ညှင်းကျည်ထောက်တော့ မစားဖူးသေးဘူး၊ အစားနဲ့ အရင်မျှားမယ် ဆိုတဲ့ မမိုးငွေ့ဆီမှာ သွားရည်တွေ သိမ်းပြီး အမျှားခံသွား ခဲ့ပါတယ်...။း)
တောင်ကြီးကိုသတိရပေမယ့် တောင်ကြီးသူကိုတော့ မေ့လိုက်ပါပြီ.. :'(. . ရှမ်းခေါက်ဆွဲလေးစားချင်တယ်.။ ဟင်းထုပ်လဲစားချင်တယ်.။
ဂလု..သွားတယ် သွားရည်ကျလိုက်တာ မိုးငွေ့ရေ..
ပုံလေးတွေ ကြည့် ပြီး ပြန်ချင်စိတ်တွေ ပိုပို ဖြစ်လာတယ်.မြန်မာ ပြည်ကိုလေ..
ခင်တဲ့
အိမ်မက်
ပါးစပ်နဲ့စားလို့မရလို့ မျက်လုံးနဲ့ပဲစားလိုက်ပါတယ်ဗျာ
ရှမ်းခေါက်ဆွဲကိုတော့အရမ်းကြိုက်ပါတယ်
အောင်မငှီး စားချင်လိုက်တာနော်...
Post a Comment