အပြင်မှာ နှင်းတွေကျနေလိုက်တာ.....။ နှင်းဖတ်ဖြူဖြူတွေက မိုးရွာသလိုကိုကျနေတာ......။ အိမ်တံခါးအားလုံးကိုအလုံပိတ်ထားရတယ်.....။ ဧည့်ခန်းက မီးလင်းဖိုကို မွေးထားရတယ်....ဒီတော့မှ အနွေးဓါတ်လေးရလာတယ်....။ စောစောတုန်းက အပြင်ဖက် မင်းအလာကိုမျှော်နေတုန်းက အေးစိမ့်နေလိုက်တာ ပါးစပ်ထဲက အငွေ့တွေတောင်ထွက်တယ်.......။ အိမ်ထဲမှာပဲ နွေးနွေးထွေးထွေးစောင့်နေပါဆိုလို့ မင်းစကားကို ကိုယ်နားထောင်လိုက်တယ်...။ မင်းပုံပြောပြန်ပြီလား အိန်ဂျယ်......။ ကိုယ်စောင့်နေခဲ့ပါတယ် ညနေခင်းကတည်းက... ညကတဖြေးဖြေးရင့်ရင့်လာပြီ.....ခုထိလဲ ဘာမှမစားရသေးဘူး....မင်းရောက်လာမယ်ဆိုတာ တကယ်လား..... မင်းလာမလာဆိုတာမသေချာပေမယ့် ကိုယ်ဘာဆက်လုပ်ရမလဲ....။ မင်း ကိုယ်တိုင်ဖျော်ပေးမယ့် ကော်ဖီတစ်ခွက်အတွက် ကိုယ်ညနေစာကိုတောင်မစားဘဲစောင့်နေခဲ့တာပါ......။ ညရဲ့တိတ်ဆိတ်မှုထဲမှာ အထီးကျန်စွာကိုယ်ထိုင်စောင့်နေတုန်းပဲ.....။ မင်းရောက်လာလိမ့်မယ်လို့ ကိုယ်ယုံကြည်နေတုန်းပဲ.....။ ကိုယ်သိပါတယ် မင်းကိုယ့်ကို ရက်စက်မှာမဟုတ်ပါဘူးလို့....။ မင်းတံခါးလာခေါက်တာကို မကြားမှာစိုးလို့ ကိုယ်တိတ်တိတ်ကလေးပဲထိုင်စောင့်နေတာ...ဘာသီချင်းသံမှဖွင့်မထားရဲဘူး....။ ဟော....တံခါးခေါက်သံကြားရပြီ.....။ မျှော်လင့်ခြင်းမျက်ဝန်းတွေက မီးလင်းဖိုက မီးတောက်တွေနဲ့အတူ တောက်ပလင်းလက်သွားတယ်.....။ ညတော်တော်တောင်နက်နေပြီ.....။ တံခါးဖွင့်လိုက်တော့ ..... အဖြူရောင်အလင်းတန်းတစ်ခု အမှောင်ကိုခွင်းပြီးဝင်လာတယ်...။ အပြုံးကြည်ကြည်တို့တွဲလျက်ပါလာတယ်...။ မင်းက ကိုယ့်ကိုဧည့်ခန်းမှာထိုင်ခိုင်းထားပြီး ကိုယ်တို့အတူစားဖို့ လွယ်ကူတဲ့ ညစာတစ်ခုကိုသွားချက်နေတယ်...။ နာရီဝက်နေတော့ ထမင်းစားခန်းဆီကိုယ်ဝင်သွားတော့...... ထမင်းစားပွဲမှာ Candle Light လေးပဲထွန်းထားတယ်...။ ကိုယ်ကြိုက်တတ်တဲ့ စပါ့ဂတီကိုနှစ်ပွဲချထားတယ်....ပြီးတော့ ဂါးလစ်ဘရက်တစ်ပွဲ.....။ ကျေးဇူးတင်ပါတယ် .... ကိုယ့်အကြိုက်တွေကိုလုပ်ပေးတတ်တဲ့အတွက်လေ......။ ကိုယ်တို့စားသောက်ပြီးတော့ မင်းက ကိုယ့်အကြိုက် ကော်ဖီမွှေးမွှေးလေးထပ်ဖျော်ပေးပါတယ်....။ မီးလင်းဖိုရှေ့မှာ.......ကိုယ်တို့အတူထိုင်ဖြစ်တော့ ...မင်းရင်ခွင်ထဲမှာ ဂီတာတစ်လက်ကရောက်နေပြီ......။ ကိုယ့်ကို မင်း သီချင်းတွေအများကြီးဆိုပြမယ်တဲ့......။ ဒီညကိုဖြည့်စီးပေးတဲ့အတွက် ကျေးဇူးပါအိန်ဂျယ်.......။ ကော်ဖီခွက်ကိုကိုင်ထားရင်း မင်းသီချင်းဆိုပြတာကို မမှိတ်မတုန်စိုက်ကြည့်မိတယ်....။ ကိုယ့်ကိုဒီတစ်ည ညနေစာချက်ကျွေးတယ် ကော်ဖီတွေဖျော်တိုက်တယ် သီချင်းတွေအများကြီးဆိုပြတယ်.....ပြီးရင် မင်းနောက်ထပ်အကြာကြီးပျောက်သွားဦးမှာလား အိန်ဂျယ်.......။ အရင်နေ့တွေလို မင်းကို ကိုယ်အကြာကြီးစောင့်မျှော်နေရဦးမှာလား.......။ စောင့်ဆိုင်းရခြင်းကို ကိုယ်မုန်းလာပြီ......။ မင်းရဲ့ အတောင်ပံတစ်စုံနဲ့ ကိုယ်တစ်သက်လုံးနွေးထွေးပါရစေ...။
ဘယ်မှထွက်မသွားနဲ့တော့နော်.....
ကိုယ့်ဆီကို အပြီးပြန်လာခဲ့ပါ အိန်ဂျယ်.......
မိုးငွေ့

10 comments:
ကြားတယ်နော် ဘယ်မှထွက်မသွားနဲ့တော့တဲ့
မြန်မြန်ပြန်တော့ အိန်ဂျယ်
မိုးငွေ့ရဲ့အိန်ဂျယ်ကိုဒီရက်ပိုင်းမှပဲဖတ်ရတော့တယ်
ချစ်တဲ့
ဝသုန်
jas လဲ Candle Lightကိုအရမ်းသဘောကျတယ်
ထွက်မသွားပါဘူး အမြန်ဆုံးပြန်ခဲ့မယ်နော်
ချစ်တဲ့ jasmine
အရမ်း စိတ်ကူးယဉ်ဆန်ပြီး နူးညံ့တယ်..
အရမ်း မိုက်တယ် မမ :D
ကဗျာလေးအားပေးသွားတယ် မိုးငွေ့ရေ။
မျှော်လင့်တမ်းတနေသူအတွက်
အိန်ဂျယ်လေးပြန်လာမှာပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကိုင်း...အနှီ အိန်ဂျယ်ဆိုသော အိန်ဂျယ်ရေ...လောလောဆယ်တော့ ဦးဟန်ကြည် အလုပ်များနေလို့ ပြန်မလာပါနဲ့ဦးဗျား...မိုးငွေ့ဆီကိုပဲ သွားနေလိုက်ပါဦး...
မကြီးမိုးငွေ့
အိန်ဂျယ်ဆိုတာ ဟိုဒါပုံဆရာလေးမှတ်လား
ကဗျာတွေလည်းရေးတယ်လေ..
ပစ်ပစ်ပြောတာဟုတ်တယ်မှတ်လား..ဟင်...
အိန်ဂျယ်ကို တွေ့ ရင် ပြောလိုက်ဦးမယ် လျှောက်လျှောက် မသွားဖို့ ကိုပေါ့...
လာဖတ်သွားတယ်။ ငုယင်မိုးငွက်ခင်ဗျာ။ :D
ရေးထားတာလေးတွေကို အရမ်းသဘောကျလို့.. အမြဲတမ်းလာဖတ်ဖြစ်တယ်.. အသစ်ရေးတိုင်း ဖတ်နိုင်အောင်. လင့်ခ်လေးယူသွားပါတယ်နော်. ပျော်ရွှင်ပါစေ.. :)
Post a Comment