Coral ဆိုတဲ့..သူမကို ကျမ စတွေ့ခဲ့တဲ့နေ့က
မိုးတွေသည်းသည်းမဲမဲရွာနေခဲ့တယ်
အပြင်မှ တစ်ခါမှ မြင်ဖူးခြင်းမရှိပါပဲ သူမရဲ့အသွင်သဏ္ဍာန်ကို
ကျမဘာကြောင့်ပုံဖမ်းနိုင်ခဲ့ရတာလည်း
သူမက နူးညံ့တယ်..
သူမက ဖော်ရွေတယ်..
သူမရဲ့အပြုံးတွေက နွေးထွေးတယ်..
သူမက...
ကော်ဖီခါးခါးတစ်ခွက်နဲ့
ရိုမန့်တစ်အိန်ဂျယ်ကို အသက်သွင်းခဲ့သူ..
တစ်ခါတစ်လေ နှင်းဆီနီနီတွေကြားမှာ ပြေးလွှားဆော့ကစားတတ်သူ..
တစ်ခါတစ်လေတော့လည်း..
စမ်းချောင်းထဲမှာ စီးဆင်းမျောပါသွားကြတဲ့
သစ်ရွက်ကြွေတွေကိုဂရုဏာသက်စွာ ငေးကြည့်နေတတ်သူ..
သူမရဲ့အနာဂတ်..
သူမရဲ့အိပ်မက်..
သူမရဲ့ဆန္ဒ... အားလုံးကတော့
သူမစွဲလန်းခဲ့ရတဲ့ အိန်ဂျယ်နဲ့အတူရှိနေဖို့ပါပဲ..
ဒီနေ့..၁၇-၀၃-၂၀၁၂
သူမရဲ့မွေးနေ့ဖြစ်တယ်..
သူမအတွက် အမှတ်တရ Note လေးရေးပေးရင်း
မွေးနေ့လေးမှာ အိန်ဂျယ်နဲ့အတူ ပျော်ရွှင်နိုင်ဖို့ ကျမတို့ဆုတောင်းပေးလိုက်ကြရအောင်နော်...
HAPPY BIRTHDAY... Princess Coral
ချစ်ညီမအဖြူရောင်နတ်သမီးဖဘမှာရေးပေးတဲ့ Note လေးပါ...။ နတ်သမီးက နှစ်တိုင်းသူ့အိမ်မှာ အကျွေးအမွေးလုပ်ပေးနေကျ...။ ဒီနှစ်တော့မပူဆာတော့ပါဘူး ညီမလေးပင်ပန်းမှာဆိုးလို့ ကဗျာဆရာတွေဘက် လှည့်ပြီးတော့ပဲ ကဗျာအရေးခိုင်းတော့တယ်....။ လောလောဆယ် နတ်သမီးလေး နေမကောင်းဘူးတဲ့ ဆေးရုံမှာလို့ပြောတယ်.....။ ချစ်ညီမနတ်သမီးလေး အမြန်ဆုံးနေကောင်း ပါစေလို့ ဒီကဗျာလေးကိုလာဖတ်သွားတဲ့ စာဖတ်သူအားလုံးကူပြီးဆုတောင်းပေးပါနော်...။
4 comments:
ကဗျာပိုင်ရှင်နတ်သမီးလေး၊ အမြန်ဆုံးကျန်းမာပါစေလို့
တောင်းဆုလေးချွေခဲ့ပါတယ် မိုးငွေ့ရေ။
နတ်သမီးလေးဆေးရုံတောင်ရောက်သွားတာလားး(
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာရေးပေးတဲ့ နန်းအမြန်ဆုံးကျန်းမာလာပါစေ။ မွေးနေ့ရှင်မမိုးရဲ့ ကဗျာလက်ဆောင်လေးတွေဖတ်ရတာ ရင်ထဲကြည်နူးမိလိုက်တာ..။ မမိုးလည်း စိတ်ချမ်းမြေ့ပါစေ။
ချစ်တဲ့
သဒ္ဓါ
မွေးနေ့ ပိုင်ရှင်လေး စိတ်ချမ်းသာ ကိုယ်ကျန်းမာ စွာဖြင့် ဘ၀ခရီး မမောမပန်းလျှောက်လမ်းနိုင်ပါစေသား....
ညွှန်းလိုက်တာဗျာ .. အချင်းချင်းကို .. အဟိး)
Post a Comment