Wednesday, 21 March 2012

တပေါင်းဦးရဲ့ ပန်းတစ်ပွင့်.....

နေ့မှာ
နှင်းစဲ နွေဦး
လေရူးနဲ့ရွက်ဝါ
ရွှေပိတောက်မျှော် ငုဝါပေါ်ချိန်
ရာသီပန်းတွေနဲ့ အပြိုင်,
အတူပွင့် ပန်းတပွင့် သန္တာလန်းစဉ်ခါမှာ.....
ညမှာ
လဝန်းရယ်သာ
မိုးယံ ကြယ်စုံ ညီညာ လင်းလက်ဖြာ
တိမ်ကင်း လေငြိမ် ရာသီချိန်သည်
အစုစုညီညှိ့ ပနံတင့်၏
ပန်းသန္တာ ပွင့်ဖူးခါထူး တပေါင်းဦး
လောကအလှဆင် ပန်းတို့သခင်
အခါထူး ရက်ထူး မွေးနေ့ဦးမှသည်
နောင်နောက် နှစ်တစ်ရာသို့
ကြည်အေးချမ်းမြ ဘဝလမ်းလှ
နာဖျားကင်းစင် စိတ်ထားရွှင်လို့
လိုရာတခါ ပြီးပြည့်စုံစေ.........
မွေးနေ့အမှတ်တရ
မောင်ဘကြိုင်(ချဉ်ပေါင်ခြံ)

8 comments:

စံပယ်ချို said...

မိုးငွေ့ရေ
မောင်ဘကြိုင်ရဲ့ ရင်ထဲက ကဗျာလေးကို
ရင်ဘတ်နဲ့ခံစားဖတ်ခဲ့ပါတယ်
ချစ်တဲ့ jasmine

mstint said...

ဘလော့ဂါတွေလည်း ကဗျာစပ်တာတော်ကြတယ်။
အားကျမိပါသော်လည်း ပါရမီကမပါဆိုသလိုပေါ့ မိုးငွေ့ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးသက် said...

လက်ဆောင်လေးတွေက ဘယ်ဟာကိုပိုကောင်းမှန်းမသိအောင်ကို ကောင်းနေပါ့လား
မမိုးငွေ့ရေ...

သဒ္ဓါလှိုင်း said...

ကဗျာလေးနဲ့ မွေးနေ့ရှင်မမိုးနဲ့ ပနံလှပတင့်တယ်လိုက်တာ။ မွေးနေ့ရှင်မမိုးနဲ့ ကဗျာဖန်တီးပေးတဲ့ မောင်ဘကြိုင်ရော ကျန်းမာရွှင်လန်းပါစေ။
ချစ်တဲ့
သဒ္ဓါ

Yin Sue said...

ကဗျာလက်ဆောင်လေးတွေ ကောင်းဗျာ........ခံစားသွားပါတယ်......

ညီလင်းသစ် said...

မမိုးငွေ့ရဲ့ မွေးနေ့လေးက တာရှည်ခံ လက်ဆောင်မွန် တွေနဲ့မို့ အမှတ်တရနဲ့ လှလှပပ ရှိလှ ပါတယ်..။

နေ၀သန် said...

နူးညံ့လိုက်တဲ့ ကဗျာလေး.... ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေဗျာ.. ကျွန်တော်တို့တော့ ကဗျာဥာဏ်မပါတော့ ဒီလိုပဲ ရိုးရိုးကြီးဆုတောင်းပေးနိုင်တယ်.. :D

ခင်မင်လျက်
နေ၀သန်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာလေးက ချစ်စရာ
နာမည်လေးကလည်း ချစ်စရာ
မွေးနေ့ရှင်ကလေးကလည်း ချစ်စရာ