မိုးငွေ့တစ်စက်ရဲ့ ရာဇဝင်တဲ့
ကောင်းကင်ကြီးက ဖွဲ့သီတယ်
သူ့ အကြောင်းက လှလို့
ငှက်ကလေးတွေတောင် တေးဆိုကြတယ် ...။
အဲ့ဒီနေ့ ...
မိန်ရာသီစက်ဝန်း အစွန်းမှာ
တောင်တန်းပြာက တရစ်
မိုးပြာထစ်ထစ်တွေ
ဆောင်းအကုန်နွေအကူး
အလှစုံ အထူးတွေနှင့်
နှစ်သစ်ကို သယ်ယူလာကြတယ် ...။
အဲ့ဒီ အချိန် ...
အိနိဂျယ်လိုပါပဲ
တိမ်တွေထဲ ဝဲ
နွေဦးကျဲကျဲမှာ
မိုးငွေ့ တစ်စက်က
အနာဂတ်ကို ဖွင့်လှစ်လိုက်တယ် ...။
အဲ့ဒီလိုနဲ့ ...
ဟိုး ... အရှေ့မှာ လေပြင်းတွေ
ပင်လယ်နဲ့ တောင်တန်းများ သက်သေတည်လို့
မိုးငွေ့ စီးဆင်းရာ လမ်းကြောင်း
ဖြောင့်ဖြူးခြင်း များစွာဖြင့်သာ ...။
အမှတ်တရဖြင့် ညလင်းအိမ်
မှတ်ချက်။ ။ မိုးငွေ့ရဲ့ မွေးနေ့တိုင်း အမှတ်တရကဗျာတစ်ပုဒ်နှစ်တိုင်းရေးပေးနေကျ မောင်တူးကို အထူးကျေးဇူးတင်ပါကြောင်း..။

11 comments:
ကဗျာလေး အားပေးသွားပါတယ်ဗျာ
ကဗျာလေးမိုက်တယ် အစ်မ မိုးငွေ့..
စာသားလေးတွေရွေးထားတာမိုက်တယ်..။
ကဗျာလေးဖတ်သွားပါတယ်ညီမရေ...
ကဗျာလေးဖတ်သွားပါတယ်ညီမရေ...
HAPPY BIRTHDAY!
ကဗျာလေးဖတ်သွားပါတယ်..မမရေ
အားပေးသွားပါတယ် မမီး.....။
ညလင်းအိမ်ရဲ့ကဗျာလေးက နူးညံ့လိုက်တာနော်။
အားပေးသွားတယ် မိုးငွေ့ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
လက်ဆောင်ကဗျာလေးက နူးနူးညံ့ညံ့လေး
မွေးနေ့မှာ ကဗျာလက်ဆောင်ရတာ ပျော်စရာကောင်းမှာပဲနော်....၀မ်းသာပါတယ်အစ်မမိုးငွေ့ရေ......ကဗျာလေးကလဲ ချစ်စရာ အပြည့်နဲ့ပါဘဲ......ကဗျာရေးတဲ့လူကလည်း ပြောစရာကိုမလိုအောင် ရေးတတ်ပါ့...ကိုမောင်တူးရေ....
မမီး .. အနော့်ကို ကိုမောင်တူးတဲ့ ... အဟင့်ဟင့် ...:P
Post a Comment