Wednesday, 9 December 2009

Change....





ငါလိုချင်ခဲ့ဖူးတယ် 
နင့်ရင်ဘတ်ထဲက ပန်းနုရောင်ပုံပြင်တွေ.... 
ငါတမ်းတခဲ့ဖူးတယ် 
နင့်နှုတ်ဖျားဆီက အပြာရောင်စကားလုံးတွေ.... 
ငါရင်ခုန်ခဲ့ဖူးတယ် 
နင့်မျက်ဝန်းဆီက နွေးထွေးတဲ့အကြည့်တွေ.... 
ငါမျှော်လင့်ခဲ့ဖူးတယ် 
အဝါရောင်စိတ်ကူးတွေနဲ့ တောက်ပတဲ့အိပ်မက်တွေကို.... 
ဒါပေမယ့် .............
အချိန်ရထားကြီး အရာအားလုံးကိုအပြီးတိုင်နင်းချေ 
ဆက်လက်ခုတ်မောင်းသွားနေတယ် 
အခုငါ့ဆီမှာ ကဗျာတွေကလွဲလို့ 
ဘာမှမရှိတော့ဘူး...။ ။ HNS(TG)

2 comments:

ညလင်းအိမ် said...

ကဗျာဆိုတာကတော့ ကိုယ့်ဆီမှာ အမြဲတမ်းရှိနေမယ့် အရာပါ...

တချိန်ကပေးခဲ့ဖူးတာ
ဒဏ်ရာတွေဆို
ရင်မှာကဗျာဖြစ်စေ...

ကဗျာလေးကောင်း၏...

. said...

ကဗျာဆိုတာ တန်ဖိုးကြီးကြီးမားမား ပေးဆပ်ပြီးမှ
အသက်ဝင် လာခဲ့တာပဲ ...


ကဗျာ တပုဒ်ရှိနေရင် ပြည့်စုံလုံလောက်မှာပါ ..