ချယ်ရီပွင့်တွေဝေတဲ့.. ...နှင်းဇာပုဝါလေပြေအောက်မှာ အရပ်ရှည်သွယ်သွယ် ဝိုင်းစက်တဲ့ပျားရည်ရောင်မျက်လုံးရယ် ဆရာဝန်ဖေဖေနဲ့မေမေ မွေးဖွားပေးလိုက်တာက “ဟန်နီလေး”ဆိုတဲ့ ကလေးလေးပါတဲ့....။ အေးချမ်းတဲ့ တောင်တန်းတွေဝန်းရံ လှပတဲ့ ထင်းရှူးတော အစီအရီ နိမ့်ချီမြင့်ချီ မြေနီလမ်းလေးမှာ သူကလေး မြောပါကြီးပြင်းခဲ့ပါရဲ့....။ မွန်မြတ်တဲ့ နှလုံးသား ဂရုဏာတွေပျိုးလို့ သောကကိုငြိမ်းသတ် ပရဟိတစိတ်ဓါတ်တွေယိုဖိတ် ကလေးသူငယ်တွေကို ကယ်တင်ဖို့ ကမ္ဘာလောကထဲကို.... ဒီ ကလေးလေး ရောက်လာခဲ့တယ်...။ အို....ကလေးရဲ့ဝိဉာဉ်ထဲ အကြင်နာရနံ့တွေ ပျော်ဝင်နေလေရဲ့... အနုပညာအငွေ့အသက်တွေ လွှမ်းခြုံနေလေရဲ့... ဂီတရောင်စဉ်တွေ စီးဆင်းနေလေရဲ့..... နှုတ်ချိုချိုနဲ့ ဟာသယဉာဏ်တွေ ကွန့်မြူးနေလေရဲ့....။
Honey ....ရေ
Honey ....ရေ
Honey ....ရေ ကလေးပြန်မလာနိုင်တဲ့ ဆောင်းညများ ဝေးကွာမှုက ငါးနှစ်တိုင်ခဲ့လေပြီ....။ သတိရခြင်းတွေပွေ့ပိုက်ပြီးလဲ ရင်ခွင်နဲ့ အနီးဆုံးမှာထားမယ်.. မျက်ဝန်းမှာ မိုးပြိုလို့ ရင်တွေရွှဲရွှဲစိုအောင် နှင်းမိုးတွေ ရွာချမယ့် ဒီဇင်ဘာညတစ်ညမှာ ကလေးချစ်တဲ့ ကဗျာတစ်ပုဒ်ကို မွေးနေ့လက်ဆောင်အဖြစ် မကြီးကြိုးစားသီကုံးနိုင်ခဲ့တယ်....။ အော်....ဘာလိုလိုနဲ့ ကလေးလေးတောင် အသက်၂၄နှစ်ပြည့်ခဲ့ပြီတဲ့....။
မိုးငွေ့
23.12.09 မှာကျရောက်မယ့် ဟန်နီလေးမွေးနေ့အတွက် ကဗျာလေးပါ...။ သမီး မွေးနေ့မှာ ပျော်ရွှင်ပါစေ....။ “ဟန်နီ”ဆိုတာ လူမှုရေးခေါင်းစဉ်အောက်က “ကျမ၏ပျားရည်စက်ကလေး”ထဲက ကလေးပါ....။
5 comments:
ကဗျာလေးကကောင်းလိုက်တာနော်..။
ဟန်နီ အတွက်ဝမ်းသာပေးရမှာပေါ့။
ဟန်နီ မွေးနေ့မှာပျော်ရွှင်ပါစေလို့
ကြိုပြီးဆုတောင်းပေးပါတယ်..သူငယ်ချင်း
ဟန်နီက ဘယ်သူလဲ ...
ကလေးလေးတဲ့ ၂၄ နှစ်ဆို ကလေးကြီး ဖြစ်နေပြီပေါ့...း)
ဟန်နီလေးမွေးနေ့မှာ ပျော်ရွှင်ပါစေ...
ကဗျာတွေ ကောင်းတယ်...
ဟန်နီဆိုတာ ဘယ်သူလည်းတော့မသိဘူး
အမကဗျာလေး ဖတ်ရရင်တော့ သူလည်း
ပီတီ ဖြစ်မှာ အမှန်ပါဘဲဗျာ . . . မဟန်နီကို
လည်း Happy Birthday ပါဗျာ . . .
မိုးငွေ့ကဗျာလေးက မွေးနေံရျင်တောင်မသိဘူး ဖတ်ရတဲ့သူတောင် ကြည်နူးသွားတယ်။
အော် ဒီဇင်ဘာ မှာ မွေးလိုက်ရလေခြင်းဗျာ။
ံHappy Birthday Honey ရေလို့ ဆုတောင်ပေးသွားပါတယ်ဗျာ။
ကျေးဇူးမကြီး...မီးမီး မုန့်တွေအကုန်စားသွားလိုက်တယ်
မကြီးတောင် ကဗျာတော်တော်ရေးတတ်နေပြီပဲ...
လွမ်းတယ်မကြီးကို...
ချစ်တဲ့
ဟန်နီလေး
Post a Comment