Tuesday, 8 December 2009

J (အဆုံး).....





ဒီလိုနဲ့ ကျမလဲ သူနဲ့ မပြတ်မပြတ် ဆက်ပြီး ကွိုင်ရှာလိုက်နဲ့ အရမ်းကို ပူလောင်နေပါပြီ။ ကျမ.... အဲဒီခံစားမှုကို အမုန်းဆုံးပဲ..။ ကျမမှာ ဘာအပြစ်ရှိလို့လဲ..။ ကျမလောက်မှာ မလှတဲ့ကောင်မလေး တစ်ယောက်ကိုမှ သူရွေးရသလား..။ ဘာလဲ ကောင်မလေးက အသက်ငယ်လို့လား..။ ကျမကရော ဘာမှ အသုံးမကျအောင် အသက်ကြီးနေလို့လား..။ ကျမချစ်သူက ကျမထက် နှစ်နှစ်ငယ်ပါတယ်..။ ဒါပေမယ့် ကျမတို့က ရွယ်တူတွေလိုပါပဲ..။ တချို့ကပြောတယ် ခုခေတ်မိန်းကလေးတွေက အီစီကလီတွေ ပတ်ချွဲနပ်ချွဲဟန်တွေကို ပိုင်တာကိုး...။ ဒါကြောင့် ယောကျာၤးတွေကျတာတဲ့..။ ကျမကတော့ဖြင့် အဲဒီလို မူယာမာယာများတတ်ပေါင်..။ အရှိကို ရင်ထဲမထားဘူး..ပွင့်ပွင့်လင်းလင်းပဲပြောလိုက်တာပဲ... စိတ်ရင်းအတိုင်းပြောချလိုက်တာပဲကြိုက်တယ်..။ ကျမချစ်သူကလဲ ကျမရဲ့စိတ်ဓါတ်ကို သဘောကျလို့ ကျမကိုရွေးချယ်ခဲ့တာပါ..။ 

ခုတော့ ကျူတတ်တဲ့ အမူအရာကိုပဲ ပြောင်းကြိုက်သွားသလား မသိပါဘူး..။ နောက်ပိုင်းသူက ညည်းလာတယ်... အလုပ်ကရောင်းအားကျနေလို့အဆင်မပြေဘူးတဲ့..။ ကျမ...သေချာစုံစမ်း ကြည့်တော့မှ ဘယ်ဟုတ်မလဲ ရောင်းအားကကျပြီပေါ့ ကိုယ့်အလုပ်မလုပ်ဘဲ ဟိုဟာမလေး အနောက်ပဲလိုက်ပြီး သူများပစ္စည်းသွားရောင်းပေးမနေတာလေ..။ တောင်ဥက္ကာလာ၊ မြောက်ဥက္ကလာထိသွားရတာများလို့ထင်ပါရဲ့ အရင်က ဖြူဝင်းနေတဲ့ သူ့အသားအရေတွေက နေလောင်ဒဏ်ကြောင့် ညိုညစ်ညစ် ဖြစ်နေပြီလေ...။ မျက်နှာကလဲ ကြည်လင်မနေတော့ဘဲ အမြဲသုန်မှုန်နေတယ်..။ ရှုပ်ထွေးပြီပေါ့..။ 

ကျမရှေ့ရောက်ရင် အမြဲလိမ်ဖို့ သူကြိုးစားနေရပြီလေ..။ တော်ပါပေတယ်...မောင်မင်းကြီးသားရယ်..။ ရည်းစားကိုနှစ်ယောက်ပြိုင်ထားပြီး စိတ်ရှုပ်ခံနိုင်ပါ့..။ ကျမနဲ့စကားပြောရင် သူ့မျက်လုံးတွေ ဂဏာမငြိမ်တော့ဘူး..။ အရမ်းသိသာတယ်..။ ကျမသူ့ကို သနားလဲသနားတယ်...သတ်လဲသတ်ပစ်ချင်နေတယ်..။ တစ်နေ့ကျမသူ့နောက်ကို လိုက်ခဲ့မယ်ပြောတော့ လုံးဝပေးမလိုက်ဘူးလေ..။ အမျိုးမျိုး အကြောင်းပြပြီး ငြင်းတယ်..။ ဒါဆိုရင်တော့ သူချိန်းထားတာ သေချာပြီးဆိုပြီး ကျမလဲ အိုကေ...မလိုက်တော့ဘူးပြောလိုက်တယ်..။ သူ့ကိုနောက်ယောင်ခံ လိုက်ကြည့်တော့.. ထင်ထားတဲ့အတိုင်းပဲ ချိန်းထားတဲ့နေရာမှာ ကောင်မလေးစောင့်နေတယ်လေ...။ ကောင်မလေးလက်ကိုဆွဲပြီး တခြားကို သူတို့ထွက်သွားကြတယ်..။ 

ကျမလဲ ဆက်ပြီး လိုက်မကြည့်တော့ဘူး..။ အလုပ်လုပ်ရတာလဲ စိတ်ကမပါတော့ဘူး..။လူကအရမ်းစိတ်ဆင်းရဲပြီး သေချင်စော်နံနေပြီ..။ ကျမဘာဘာလုပ်သင့်သလဲ..။ ညနေအိမ်ပြန်ရောက်တော့ ကျမမနေနိုင်တော့ဘူး...။ သူပြောထားတဲ့ စကားတစ်ခွန်းရှိတယ်လေ..။ အဲဒီကောင်မလေးနဲ့သူက သူငယ်ချင်းတွေပါတဲ့..။ မယုံရင်ဆုံရှင်းလို့ရတယ်တဲ့...။ အိုကေ ဒါဆိုကျမကို အဲဒီကောင်မလေးနဲ့တွေ့ဖို့ စီစဉ်ပေးလို့ သူ့ဆီဖုန်းဆက်လိုက်တယ်..။ ကျမ ကောင်မလေးနဲ့တွေ့ပြီးမရှင်းရဲဘူးလို့ သူတွက်ထားပုံရတယ်...။ ကျမဖုန်းဆက်တော့ သူတော်တော် အကျပ်ရိုက်သွားတယ်..။ ဒါနဲ့ ဆိုင်တစ်ဆိုင်မှာတွေ့ကြတယ်..။ ကျမ.. သတင်းတစ်ခုရထားပါသေးတယ် ...။ ကျမတို့နှစ်ယောက်သွားနေကျ ဆံပင်ညှပ်ဆိုင်မှာပဲ သူအဲဒီကောင်မလေးကို ဆံပင်ခေါ်သွားညှပ်တယ်တဲ့...။ 

ကျမလဲ ကောင်မလေးကိုတွေ့တော့ “ညီမလေးဆံပင်ညှပ်ထားတာလှလိုက်တာ” လို့စကားစကြည့်လိုက်တယ်..။ 

“ဟုတ်တယ် အမရဲ့ အဲဒီနေ့က ဆံပင်ညှပ်ပြီး ခေါင်းပါလျှော်လိုက်တာ ဇက်တောင်နာသွားတယ် အိမ်နားကဆိုင်မှာလေ”တဲ့..။ 

သူစပြီးလိမ်နေပါပြီ..။ ဟုတ်ပြီ...ကဲ..ကျမတို့စပြီးရှင်းကြရအောင်...။ ညီမနဲ့သူဘယ်လိုပတ်သက်နေသလဲ ရှင်းရှင်းပြောပြပါဆိုတော့... သူငယ်ချင်းတွေပါတဲ့..။ အိုကေ ...ဒါဆို ညီမမွေးနေ့ရောက်တော့မယ်ဆို အမတို့ဘုရားအတူတက်ရအောင် ပြီးရင် ညီမဘုရားမှာ ကျိန်ဆိုရဲသလား..သူနဲ့မပတ်သက်ပါဘူးလို့..ဆိုတော့..။

“ဟုတ်ကဲ့...သမီးကျိန်ရဲပါတယ်”တဲ့...။ အိုး ...အသက်နှစ်ဆယ်စွန်းစွန်း မိန်းကလေးတစ်ယောက်က ငရဲမကြောက် ဘာမကြောက် ကျမချစ်သူအတွက်နဲ့ ဘုရားမှာကျိန်ဆိုပြရဲသတဲ့..။ ကျမချစ်သူကတော့ အဲဒီကျိန်ဆိုတဲ့ ကိစ္စကိုဝင်ပြီး ကန့်ကွပ်ပါတယ်...။ အင်းပေါ့..သူအသိဆုံးဖြစ်မှာပေါ့ အကျိုးဆက်တွေကို...။ ဒါကိုက မရိုးသားဘူးဆိုတာ ထင်းထင်းကြီးပဲ...။ 

ကျမတို့ အဲဒီနေ့က အေးအေးဆေးဆေးပဲ ပြီးဆုံးသွားပါတယ်..။ ကျမလဲပြောမယ့်သာပြောခဲ့တာ အဲဒီကောင်မလေးနဲ့လဲ ဘုရားမသွားခဲ့ပါဘူး...။ ကျမကိုလဲ တော်တော်ရှိန်သွားပါတယ်..။ အဲဒီနောက်ပိုင်း သူတို့ထပ်မတွေ့တော့ဘူး ပြောကြတာပဲ...။ ကျမလဲ ဆုံရှင်းပြီးကတည်းက စိတ်လျော့ လိုက်ပါတော့တယ်..။ ကျမ အဲဒီလောက်ဆွဲဆောင်မှု မရှိတော့ရင်လဲ ကျမထိုက်နဲ့ကျမကံပေါ့...။ ကျမချစ်သူကိုလဲ ကျမလွတ်လပ်ခွင့် ပေးလိုက်ပါတော့တယ်..။ လူတွေက ခက်တော့အခက်သားနော်..။ အဲလို လုပ်ချင်တာလုပ်တော့လို့ လွတ်လိုက်တော့လဲ... မလုပ်ချင်ကြတော့ဘူး..။ မလုပ်နဲ့လို့တားမြစ်ပိတ်ပင်ရင်တော့ ရအောင်လုပ်တတ်ကြတယ်..။ သူ့ရဲ့အမှားကိုလဲ ခွင့်လွတ်နိုင်ရမယ်လေ...။ ကျမရဲ့မေတ္တာစေတနာတွေ ခွင့်လွတ်နိုင်မှုတွေကို သူနားလည်သဘောပေါက်သွားပြီဖြစ်မှာပါ..။ ကျမပြောချင်တာက...လူတစ်ယောက်ကို အတင်းအကျပ်ချုပ်ကိုင်လို့ မရဘူးဆိုတာပဲ..။ သူ့နေရာနဲ့သူ လွတ်လပ်ခွင့်ပေးလိုက်ပါ...။ နေရာတကာ “ဂျေ”ဝင်နေရင်တော့ ကျမလို အဖြစ်မျိုးကြုံတွေ့ရမှာအသေအချာပါ..။


မိုးငွေ့

5 comments:

အနှိုင်းမဲ့ said...

အင်းးးးးးးဘယ်လိုပြောရမလဲ...
အမှန်ဆို တွေ့နေစရာကိုမလိုဘူးထင်ပါတယ်..
ဘာလို့လဲဆိုတော့..ကိုယ်ကသိနေပြီပဲလေ..
တစ်ခါထဲပဲ ဖြတ်ပလိုက်ရမှာ..(သံယောဇဉ်ပြောပါတယ်)

Cameron said...

အောာ...ညီမလေးက ကိုယ်ချင်းစာနာစိတ်ကလေးနဲနဲထည့်ပြီး ဖတ်ဖို့မေ့သွားတာဖြစ်ပါလိမ့်မယ်...
သူများချစ်ခြင်းကိုမခွဲကောင်းဘူးကွဲ့..၀ဋ်လိုက်တတ်တယ်..

Cameron said...

မေ့သွားလို့...“ဂျေ” ၀င်နေတာတော့မဟုတ်လောက်ပါဘူးနော်

အနှိုင်းမဲ့ said...

အမယ်ငီးးးးးးးးးးးးးးးးးးပြောလိုက်မှဖြင့် အန်တီမိုးငွေ့ရယ်

ချောငယ် said...

မမီးရယ်...အရာအားလုံးပြီးသွားလို့ တော်သေးတာပေါ့ဗျာ... ထပ်ပြီး နှစ်မြုပ်နေသေးသူသာ...