လောကရဲ့အဖွင့်ကို
စွင့်ကားအောင်
မဆောင်ရွက်နိုင်ပေမယ့်
လူတစ်ယောက်ရဲ့ စိတ်ကို
ပျော်တတ်အောင်တော့
ကြယ်ကလေးက ခြယ်သနိုင်ပါသတဲ့....။
အရာရာတိုင်းဟာ
ကောင်းကင်ရဲ့စေခိုင်းမှုကို
မတုပနိုင်ပါဘူး
ဒီလိုပါပဲ...
လောင်မြှိုက်နေတဲ့ နှလုံးသားရဲရဲကြီးတစ်ခုနဲ့
အနှစ်သာရရှိစွာ
မင်းအနားမှာ ထာဝရမနေနိုင်ပေမယ့်
ခိုင်မြဲတဲ့ အချစ်စစ်နဲ့တော့
မင်းနှလုံးသားကို
ဒီတစ်သက် ငါ
ထာဝရရစ်ပတ်နိုင်ပါတယ်...။ ။ (အမည်မသိကဗျာဆရာ)

1 comment:
ကဗျာလေး ကောင်း၏
Post a Comment